Huawei က စြမ္းရည္သင့္ MediaPad M5 Lite ကုိ ေၾကညာ

ဟြာေ၀းက သူ႔ရဲ႕ ၀က္ဘ္ဆိုက္္မွာ စြမ္းေဆာင္ရည္သင့္ တက္ဘလက္ တစ္လံုးကို စာရင္းတင္လိုက္ပါတယ္။ သူ႔ရဲ႕ အမည္မွာ MediaPad M5 Lite ျဖစ္ပါတယ္။ MediaPad M5 Lite မွာ ၁၀.၁ လက္မ 1920x1200p Display တပ္ဆင္ထားပါတယ္။ မ်က္ႏွာျပင္ အခ်ိဳးုမွာ 16:10 ျဖစ္ပါတယ္။ ဒါေပမယ့္ Kirin 659 SoC ကေတာ့ အနည္းငယ္ အိုေဟာင္းေနၿပီ ျဖစ္ပါတယ္။

မန္မိုရီ အေနနဲ႔ 3GB + 32GB နဲ႔ 4GB + 64GB ၂ မ်ိဳး ထုတ္လုပ္ေပးထားပါတယ္။ သူ႔ရဲ႕ အေကာင္းဆံုး စြမ္းရည္က Harman/Kardon စပီကာ ၄ လံုး ထည့္သြင္းထားတာျဖစ္ပါတယ္။ သူ႕မွာ အလူမီနီယမ္ ကိုယ္ထည္ ထည့္သြင္းထားပါတယ္။ Huawei Histen 5.0 Sound System က 3D Surround Sound ကို ပံ့ပိုးေပးပါတယ္။

မာလ္တီမီဒီယာနဲ႔ ဂိမ္းမ်ား ကစားရင္ အလြန္ အသံုးခံတဲ့ 7500mAh ျဖစ္ထည့္သြင္းထားပါတယ္။ Android 8.0 Oreo အေျချပဳ EMUI 8.0 ပါပါတယ္။ အခ်ိဳ႕ႏုိင္ငံမ်ားမွာ Huawei M-Pen Lite Stylus ကို ထည့္သြင္းေပးထားၿပီး သူဟာ 2048 Pressure Level အထိ ေထာက္ပံ့ပါတယ္။ ရွန္ပိန္ ေရႊနဲ႔ အညိဳေရာင္မ်ား ေရြးခ်ယ္ႏုိင္ပါတယ္။ ဟြာေ၀းက ေစ်းႏႈန္းကို မေျပာၾကားေသးပါဘူး။

Ref : gsmarena

[Unicode]

Huawei က စွမ်းရည်သင့် MediaPad M5 Lite ကို ကြေညာ

ဟွာဝေးက သူ့ရဲ့ ဝက်ဘ်ဆိုက်မှာ စွမ်းဆောင်ရည်သင့် တက်ဘလက် တစ်လုံးကို စာရင်းတင်လိုက်ပါတယ်။ သူ့ရဲ့ အမည်မှာ MediaPad M5 Lite ဖြစ်ပါတယ်။ MediaPad M5 Lite မှာ ၁၀.၁ လက်မ 1920x1200p Display တပ်ဆင်ထားပါတယ်။ မျက်နှာပြင် အချိုးုမှာ 16:10 ဖြစ်ပါတယ်။ ဒါပေမယ့် Kirin 659 SoC ကတော့ အနည်းငယ် အိုဟောင်းနေပြီ ဖြစ်ပါတယ်။

မန်မိုရီ အနေနဲ့ 3GB + 32GB နဲ့ 4GB + 64GB ၂ မျိုး ထုတ်လုပ်ပေးထားပါတယ်။ သူ့ရဲ့ အကောင်းဆုံး စွမ်းရည်က Harman/Kardon စပီကာ ၄ လုံး ထည့်သွင်းထားတာဖြစ်ပါတယ်။ သူ့မှာ အလူမီနီယမ် ကိုယ်ထည် ထည့်သွင်းထားပါတယ်။ Huawei Histen 5.0 Sound System က 3D Surround Sound ကို ပံ့ပိုးပေးပါတယ်။

မာလ်တီမီဒီယာနဲ့ ဂိမ်းများ ကစားရင် အလွန် အသုံးခံတဲ့ 7500mAh ဖြစ်ထည့်သွင်းထားပါတယ်။ Android 8.0 Oreo အခြေပြု EMUI 8.0 ပါပါတယ်။ အချို့နိုင်ငံများမှာ Huawei M-Pen Lite Stylus ကို ထည့်သွင်းပေးထားပြီး သူဟာ 2048 Pressure Level အထိ ထောက်ပံ့ပါတယ်။ ရှန်ပိန် ရွှေနဲ့ အညိုရောင်များ ရွေးချယ်နိုင်ပါတယ်။ ဟွာဝေးက ဈေးနှုန်းကို မပြောကြားသေးပါဘူး။

Ref : gsmarena

%d bloggers like this: