OPPO ၏အဆင့်မြင့် Flagship series ထုတ်ကုန်ဖြစ်သော OPPO Find X Automobili Lamborghini Edition စမတ်ဖုန်း ကို ယခုအခါတွင် မြန်မာပြည်မိုဘိုင်းဈေးကွက်တွင်ပါဝယ်ယူနိုင်နေပြီဖြစ်ပြီး ၂,၂ဝဝ,ဝဝဝ (၂၂သိန်း) ကျပ်ကျသင့်မည်ဖြစ် သည်။ အီတလီနိုင်ငံအခြေစိုက် ကမ္ဘာ့ထိပ်တန်း Luxury Sports Car ကုမ္ပဏီနှင့် လက်တွဲပူးပေါင်းကာ ထူးခြားဆန်းသစ် သည့်အပြင် Luxury ခံစားမှုကိုပါပေးစွမ်းနိုင်စေရန်အတွက် ယခုကဲ့သို့ Find X Automobili Lamborghini Edition စမတ် ဖုန်းကို မိတ်ဆက်ထုတ်လုပ်ပေးထားခြင်းဖြစ်သည်။
ယခု Find X Automobili Lamborghini Edition တွင် Lamborghini အမှတ်တံဆိပ် logo ကိုဖုန်း၏နောက်ကျောဘက်တွင်ထည့်သွင်းပေးထားသည့်အပြင် Sports Car များတွင် အဓိကအသုံးပြု သည့် Carbon fiber material ကိုပါ ဖုန်း၏နောက်ကျောဘက်အတွက်ရယူအသုံးပြုထားသည့်အတွက် ကိုင်တွယ်ထိတွေ့ မှုအပိုင်းတွင် တစ်မူထူးခြားသည့် hand feeling ကိုရရှိစေမည်ဖြစ်သည်။ ဖုန်း၏ Package အပိုင်းတွင်လည်း Lamborghini အမှတ်တံဆိပ်ပါဝင်သည့် သီးသန့်ထုတ်ပိုးမှုပုံစံကိုအသုံးပြုပေးထားပြီး အားသွင်းကြိုးခေါင်းတွင်လည်း Lamborghini အမှတ်တံဆိပ်ကို မြင်တွေ့ရစေဦးမည်ဖြစ်သည်။ လျှို့ဝှက်နက်နဲသည့် အနက်ရောင်အသွင်မျိုးအဖြစ် Find X Automobili Lamborghini Edition ကိုထိတွေ့သုံးစွဲနိုင်စေမည်ဖြစ်သည်။
OPPO Find X Automobili Lamborghini Edition တွင် ပုံမှန် OPPO Find X နှင့်မတူညီသည့်အချက်မှာ OPPO ၏ကမ္ဘာ့ အမြန်ဆုံးအားသွင်းစနစ်ဖြစ်သည့် SuperVOOC Flash Charge နည်းပညာထည့်သွင်းပေးထားခြင်းဖြစ်ပြီး ဖုန်းတွင်ပါဝင် သည့် 3400mAh battery ကို ၃၅မိနစ်အတွင်း ၁ဝဝ ရာခိုင်းနှုန်းအပြည့်အားသွင်းပေးနိုင်စေမည်ဖြစ်သည်။ Internal Storage ပိုင်းတွင် 512GB အနေဖြင့်ထုတ်လုပ်ပေးထားသည့်အတွက် အချက်လက်သိမ်းဆည်းမှုအပိုင်းတွင် ပုံမှန် OPPO Find X ထက် ၂ဆသာလွန်စေမည်ဖြစ်သည်။
ပုံမှန် OPPO Find X ကို လက်ရှိတွင် ဈေးနှုန်း ၁,၂၉၉,ဝဝဝ ကျပ်ဖြင့် ရောင်းချပေးလျက်ရှိပြီး Bordeaux Red နှင့် Glacier Blue ၂မျိုးကိုရွေးချယ်နိုင်မည်ဖြစ်သည်။
Key Spec | Find X Automobili Lamborghini Edition | Find X | Display | 6.4 inches (AMOLED) | Resolution and
Aspect ratio |
1080×2340 pixels
(19.5:9) |
Screen-to-body ratio | 93.8% | Front Camera | Pop-up 25MP (AI) | Pop-up 20MP+16MP (AI) | RAM | 8GB | 256GB | Chipset/ CPU | Snapdragon 845
Octa-core 2.8GHz |
Android 8.1/ ColorOS 5.1 | Battery | 3400mAh | 3730mAh | Charging Technology | SuperVOOC Flash Charge
(35 Mins for 100%) |
VOOC Flash Charge | Black (Carbon fiber texture back) | Bordeaux Red and Glacier Blue | Price in (MM Kyat) | 2,200,000 MMK | 1,299,000 MMK |
You must log in to post a comment.