0 Shares 172 Views

လက်မတစ်ချောင်းတည်းနဲ့ စာမြန်မြန်ရိုက်နိုင်မယ့် Microsoft ရဲ့ Word Flow ကီးဘုတ် app iOS မှာ ထွက်ရှိ

Apr 27, 2016
0 172

Microsoft ဟာ အမိုက်စားကီးဘုတ် app ဖြစ်တဲ့ Word Flow ကို iOS မှာလည်း ယနေ့ တရားဝင် အခမဲ့ ထွက်ရှိလာပါပြီ။

ဒီကီးဘုတ်ကို ၊ ဒီလအစောပိုင်းမှာ iOS အတွက် beta စတင် ထုတ်ခဲ့တာဖြစ်ပြီး၊ beta ကာလကတည်းက user တွေရဲ့ နှစ်သက်မှု အများအပြားရရှိခဲ့တဲ့ ကီးဘုတ် app တစ်ခုဖြစ်ပါတယ်။

Word Flow ကီးဘုတ်မှာ ကိုယ်ရိုက်ချင်တဲ့စကားလုံးကို swipe ဆွဲပြီး ရိုက်နိုင်သလို၊ ရိုက်ချင်တဲ့စကားလုံးကို ကီးဘုတ်ကနေ အလိုအလျောက်ခန့်မှန်းဖော်ပြပေးသွားမှာဖြစ်လို့၊ စာရိုက်ရာမှာ သိသိသာသာမြန်ဆန်စေမယ့် ကီးဘုတ် app တစ်ခုဖြစ်ပါတယ်။

ဒီ့အပြင် လက်တစ်ဖက်တည်းနဲ့ အလွယ်တကူစာရိုက်နိုင်မယ့် one-handed mode လည်းပါရှိပါတယ်။ ဒီ mode ပြောင်းလိုက်မယ်ဆိုရင်၊ ကီးဘုတ်ပုံစံက ဘေးဘက်မှာ အကွေးပုံစံနဲ့ဖြစ်သွားပြီး၊ လက်မလေး တစ်ချောင်းထဲနဲ့ စာတွေ မြန်မြန်ရိုက်နိုင်မှာပါ။ iPhone 6S Plus လို မျက်နှာပြင်ကြီးကြီးဖုန်းတွေအတွက်တော့ ဒီ feature က တကယ့်ကို အသုံးဝင်ပါတယ်။ Word Flow ကီးဘုတ်မှာ နောက်ခံ background ကို ကိုယ့်စိတ်ကြိုက် ပုံဒီဇိုင်းတွေနဲ့လည်း စိတ်ကြိုက်ပြင်ဆင်နိုင်ပါသေးတယ်။

လောလောဆည်မှာ Word Flow ကီးဘုတ် app ကို U.S App Store မှာပဲ ထွက်ရှိထားပြီး၊ Android မှာတော့ ရရှိမှာမဟုတ်သေးပါဘူး။ Windows ဖုန်းတွေမှာတော့ iOS ထက်အရင် ရပြီးသားပါ။

AI စနစ်သုံး နာမည်ကျော် Swiftkey app ကို ဖေဖော်ဝါရီလတုန်းက ၀ယ်ယူထားတဲ့ Microsoft အနေနဲ့၊ မကြာခင်တုန်းကလည်း Hub ကီးဘုတ်ကို ထုတ်ပေးခဲ့ပြီး၊ ဒီကီးဘုတ်ကတော့ multi-tasking တစ်ပြိုင်တည်း အလုပ်များများလုပ်ချင်တဲ့လူတွေအဆင်ပြေအောင်လို့၊ ကီးဘုတ်ကနေ Office ဖိုင်တွေဆီသွားနိုင်တာ၊ contacts ထဲ ၀င်နိုင်တာ စတဲ့ဖန်ရှင်တွေ ပါဝင်တဲ့ကီးဘုတ်ဖြစ်ပါတယ်။

Ref: The Verge, Tech Crunch

You may be interested

မောင်းသူမဲ့ ကားနယ်ပယ်မှာ ဒေါ်လာ ၁.၅ ဘီလီယမ် ရင်းနှီးမြှပ်နှံလိုက်တဲ့ Baidu
Automobiles, NEWS
76 shares8 views

မောင်းသူမဲ့ ကားနယ်ပယ်မှာ ဒေါ်လာ ၁.၅ ဘီလီယမ် ရင်းနှီးမြှပ်နှံလိုက်တဲ့ Baidu

Ko Thuya - Sep 23, 2017

တရုတ်နိုင်ငံရဲ့ Google လို့ တင်စားခြင်းခံရတဲ့ Baidu က စက်ရုပ်ကားနယ်ပယ်မှာ ဒေါ်လာ ၁.၅ ဘီလီယမ် ရင်းနှီးမြှပ်နှံမယ်လို့ ကြေညာလိုက်ပါတယ်။ သူ့ရဲ့ Apollo Fund စီမံကိန်းကနေ လာမယ့် ၃ နှစ်အတွင်းမှာ မောင်းသူမဲ့ ကား စီမံကိန်း ၁၀၀…

ရာဇ၀တ်မှုကို တိုက်ဖျက်ပေးမယ့် လုံခြုံရေး စက်ရုပ်
NEWS, Security & Safety
71 shares6 views

ရာဇ၀တ်မှုကို တိုက်ဖျက်ပေးမယ့် လုံခြုံရေး စက်ရုပ်

Ko Thuya - Sep 23, 2017

လုံခြုံရေး စက်ရုပ်များကို တီထွင်နေတဲ့ Knightscope Company က စက်ရုပ်အသစ်များကို ပြသလိုက်ပါတယ်။ စက်ရုပ်များကို K7 လို့ အမည်ပေးထားပြီး ဘီးလေးဘီး တပ်ဆင်ထားပါတယ်။ K7 ဟာ ၅ ပေကျော် အရပ်မြင့်ပြီး ၇ ပေနီးပါး အရှည်ရှိပါတယ်။ စက်ရုပ်ဟာ…

Huawei က ကင်မရာ ၄ လုံးပါတဲ့ စမတ်ဖုန်းကို မိတ်ဆက်
Mobiles & Tablets, NEWS
309 shares184 views

Huawei က ကင်မရာ ၄ လုံးပါတဲ့ စမတ်ဖုန်းကို မိတ်ဆက်

Ko Thuya - Sep 23, 2017

Huawei က တရုတ်မှာ Maimang 6 အမည်ရ စမတ်ဖုန်း အသစ်ကို မိတ်ဆက်လိုက်ပါတယ်။ သူ့ကို အခြားနိုင်ငံများမှာ Mate 10 Lite အမည်ဖြင့် ရောင်းချနိုင်ပါတယ်။ Huawei Maimang 6 မှာ ၅.၉ လက်မ Full…

Leave a Comment

Most from this category