iPhone XS နဲ့ iPhone XS Max တို့အတွက် Tips & Tricks များ (အပိုင်း ၂)

iPhone XS နဲ့ iPhone XS Max တို့မှာ ယခင်နှစ် iPhone X ထက် ပြောင်းလဲတိုးတက်လာမှုများ ပါဝင်လာပါတယ်။ ပြောင်းလဲသွားတဲ့ Tips & Tricks များလည်း ပါလာပါတယ်။ အိုင်ဖုန်း အဟောင်း ကိုင်ထားသူများအတွက်လည်း နည်းလမ်းအချို့ဟာ ပြောင်းလဲသွားပါတယ်။ အပိုင်း ၁ ကို ဒီလင့်မှာ ဖတ်နိုင်ပါတယ်။

Gestures များ အသုံးပြုနည်း

Home Button မပါတဲ့ အိုင်ဖုန်း အသစ်များမှာ Gestures များဖြင့် အလုပ်များ လုပ်ရမှာပါ။ စကရင်အောက်ကနေ အထက်ကို ပွတ်ဆွဲရင် Apps များကို ပြောင်းလဲ သုံးနိုင်ပါတယ်။ အဲဒီ စကရင်မှာ ပိတ်ချင်တဲ့ App ကို အထက်သို့ ပွတ်ဆွဲနိုင်ပါတယ်။

စကရင် အလယ်ကနေ အောက်ကို ပွတ်ဆွဲရင် Notifications Window ကို ဖွင့်ပေးမှာပါ။ ညာဘက်ခြမ်းကနေ ပွတ်ဆွဲချရင် Control Panel ကို ဖွင့်ပေးမှာပါ။ စကရင်ကို Wake လုပ်ချင်ရင် နည်းလမ်း ၂ ခု ရှိပါတယ်။ ပထမနည်းက စကရင်ကို တစ်ချက်ထိလိုက်တာပါ။ ဒီလုပ်ဆောင်ချက်ကို Default အားဖြင့် ဖွင့်ပေးထားပြီး Settings > General > Accessibility ထဲမှ Tap to Wake မှာ အဖွင့်၊ အပိတ်လုပ်နိုင်ပါတယ်။

ဒုတိယ နည်းက ဖုန်းကို ကိုင်ပြီး မလိုက်တာ ဖြစ်ပါတယ်။ သူ့ကိုလည်း Default အားဖြင့် ဖွင့်ပေးထားပြီး Settings > Display & Brightness ထဲမှ Raise to Wake မှာ အဖွင့်၊ အပိတ်လုပ်နိုင်ပါတယ်။

Do Not Disturb ကို အသုံးပြုနည်း

ဒီလုပ်ဆောင်ချက်က Phone Call နဲ့ Notifications များကို ပိတ်ထားပေးမှာပါ။ Settings > Do Not Disturb မှာ သူ့ရဲ့ လုပ်ဆောင်ချက်များကို သင် နှစ်သက်သလို Customize လုပ်ပါ။ သူ့ကို Set Up လုပ်ပြီးရင် Do Not Disturb Slider နဲ့ Control Center မှ Do Not Disturb (moon) icon မှာ Activate လုပ်နိုင်ပါတယ်။

Do Not Disturb မှာ Bedtime လုပ်ဆောင်ချက် ပါပါတယ်။ သူက ညဘက်မှာ စကရင်ကို ပိတ်ခြင်း၊ ဖုန်းဝင်လာရင် Silent လုပ်ခြင်း၊ Notifications များကို Notifications Center သို့ တိုက်ရိုက် ပို့ခြင်းများကို ပြုလုပ်ပေးပါတယ်။ သူ့ကို Settings > Do Not Disturb > Scheduled > Bedtime မှာ Set Up လုပ်ပါ။

XS Max မှာ Split View ကို အသုံးပြုနည်း

XS Max ရဲ့ Split View ဟာ iOS App နဲ့ ဝက်ဘ်ဆိုက် အချို့မှာ မြင်ကွင်းကို တိုးချဲ့ပေးပါတယ်။ ဥပမာအားဖြင့် Mail App ကို Split View မှာ သုံးရင် လက်ရှိ အီးမေးနဲ့ အတူ သူ့ရဲ့ Preview Screen ကို ပြသပေးပါတယ်။ The New York Times လို ဝက်ဘ်ဆိုက်များကို Split View နဲ့ ပြသပေးပါတယ်။

Split View ကို သုံးဖို့ Compatible App သို့မဟုတ် ဝက်ဘ်ဆိုက်ကို ဖွင့်ပါ။ သင့် ဖုန်းကို Landscape Mode ဖြင့် ကိုင်ပါ။ Rotation Lock ကိုတော့ မဖွင့်ထားရပါဘူး။

Siri က မက်ဆေ့များ ပို့ခြင်း၊ ကလင်ဒါမှာ Appointment များ ထည့်သွင်းခြင်း၊ Apple Pay ဖြင့် ငွေလွှဲခြင်းများကို ပြုလုပ်ပေးနိုင်ပါတယ်။ သူက သင် နှစ်သက်မှုများကို လေ့လာမှတ်သားထားပြီး အကြံပြုချက်များ ပေးနိုင်ပါတယ်။

သူ့ကို ဆင့်ခေါ်ဖို့ နည်းနှစ်ခု ရှိပါတယ်။ ပထမနည်းက Lock Button ကို ဖိထားရမှာပါ။ ဒုတိယနည်းက “Hey Siri “ လို့ ပါးစပ်ကနေ ပြောရမှာပါ။ “Hey Siri “ ကို Set Up မလုပ်ရသေးရင် Settings > Siri & Search > Listen for “Hey Siri “ မှာ ပြုလုပ်ပါ။

Notifications နဲ့ Control Center ကို အသုံးပြုနည်း

iOS 12 မှာ Notifications များနဲ့ ပတ်သက်ပြီး ပြောင်းလဲမှုကြီး အချို့ပါလာပါတယ်။ Grouped Notifications များကို တစ်ပြိုင်နက် ဖျက်ဖို့ X Icon ကို နှိပ်နိုင်လာပါပြီ။ Notification Center ကိုလည်း သင့် အကြိုက် ပြင်ဆင်နိုင်ပါပြီ။

Notification Center မှာ သင် လိုချင်တဲ့ Notifications များကို လွယ်ကူစွာ သတ်မှတ်နိုင်လာပါတယ်။ Notification တစ်ခုကို ဖိထားရင် Deliver Quietly နဲ့ Turn Off ကို မြင်ရမှာပါ။ Deliver Quietly က Notification များဟာ သင့်ကို Alert မလုပ်တော့ဘဲ Notification Center ကို ပို့ပေးမှာပါ။ Turn Off ကတော့ အဲဒီ App က Notification များကို ပိတ်ပေးမှာပါ။ Settings > Notifications ထဲသွားပြီး App တစ်ခုချင်းစီအတွက် Notifications များကို သင် သတ်မှတ်နိုင်ပါတယ်။

Control Center က သင့် ဖုန်းမှ Tools များကို လျှင်မြန်စွာ သုံးနိုင်အောင် ပံ့ပိုးပေးလာပါတယ်။ စကရင်ရဲ့ ညာဘက်အထက်ကနေ အောက်ကို ဆွဲချခြင်းဖြင့် သူ့ကို ဖွင့်နိုင်ပါတယ်။ အိုင်ကွန် များစွာမှာ အပို သတင်းအချက်အလက်များကို ပြသပေးတဲ့ 3D Touch ကို သုံးနိုင်ပါတယ်။ အိုင်ကွန်ကို ဖိထားရင် Menu ပေါ်လာမှာပါ။

Settings > Control Center > Customize Controls မှာ သင် နှစ်သက်သလို Controls များကို ထည့်နိုင်၊ ဖယ်ရှားနိုင်ပါတယ်။

Ref : digitaltrends

iPhone XS နဲ့ iPhone XS Max တို့အတွက် Tips & Tricks များ (အပိုင်း ၂)

%d bloggers like this: