iPhone XS နဲ့ iPhone XS Max တို့အတွက် Tips & Tricks များ (အပိုင်း ၁)

iPhone XS နဲ့ iPhone XS Max တို့မှာ ယခင်နှစ် iPhone X ထက် ပြောင်းလဲတိုးတက်လာမှုများ ပါဝင်လာပါတယ်။ ပြောင်းလဲသွားတဲ့ Tips & Tricks များလည်း ပါလာပါတယ်။ အိုင်ဖုန်း အဟောင်း ကိုင်ထားသူများအတွက်လည်း နည်းလမ်းအချို့ဟာ ပြောင်းလဲသွားပါတယ်။

Face ID ကို Set Up လုပ်နည်း

၂၀၁၈ ခုနှစ်ဟာ Apple က အိုင်ဖုန်း အားလုံးမှာ Home Button ကို လုံး၀ သုတ်သင်လိုက်တဲ့ နှစ်ဖြစ်ပါတယ်။ iPhone XS , XS Max တို့မှာ ဖုန်းကို အလွယ်ကူဆုံး Unlock လုပ်တဲ့ နည်းက Face ID ဖြစ်ပါတယ်။

Face ID ကို Set Up လုပ်ဖို့ အလင်းရောင် ကောင်းတဲ့ အခန်း သို့မဟုတ် နေရာကို ရွေးပါ။ Settings > Face ID & Passcode ကို သွားပါ။ Passcode လုပ်ထားရင် ထည့်ပေးပါ။ မလုပ်ထားရင် တစ်ခု လုပ်ပါ။ Setup Face ID ကို နှိပ်ပါ။

သင့် မျက်နှာကို ၂ ကြိမ် Scan လုပ်မှာပါ။ ပြီးတာနဲ့ Lock Screen ကို အထက်သို့ ပွတ်ဆွဲပါ။ ဒါဆိုရင် သင့် မျက်နှာနဲ့ ဖုန်းကို Unlock လုပ်နိုင်ပါပြီ။ Scan လုပ်စဉ်မှာ သင့်မျက်လုံးကို ဖွင့်ထားရမှာပါ။ မျက်နှာနဲ့ ဖုန်းကို Unlock လုပ်တာ အဆင်မပြေရင် နောက်တစ်ကြိမ် စကရင်ကို အထက်သို့ ပွတ်ဆွဲပါ။ ဖုန်းကို သင့် မျက်နှာနဲ့ နည်းနည်း ခွာလိုက်ပြီး ထပ်မံ ကြိုးစားပါ။

Face ID အတွက် အခြား ID တစ်ခုကိုလည်း သတ်မှတ်ထားနိုင်ပါတယ်။ Settings > Face ID and Passcode > Set Up An Alternate Appearance မှာ ပြုလုပ်ပါ။

Screenshot ဖမ်းနည်း

အရင်ကတော့ Power နဲ့ Home Button ကို တစ်ပြိုင်နက် နှိပ်ရင် Screenshot ဖမ်းနိုင်ပါတယ်။ ဒါပေမယ့် အိုင်ဖုန်း အသစ်များမှာတော့ ဒီလိုလုပ်လို့ မရတော့ပါဘူး။ Power နဲ့ Volume Up Button များကို နှိပ်ရမှာပါ။ စကရင်ရှော့ ဖမ်းလိုက်ရင် စကရင်ရဲ့ ဘယ်ဘက်အောက်နားမှာ Preview ပေါ်လာမှာပါ။ Edit လုပ်ချင်ရင် သူ့ကို နှိပ်ပါ။

Apple Pay ကို Set Up လုပ်ပြီး အသုံးပြုနည်း

အိုင်ဖုန်း အသစ်များမှာ Apple Pay ကို Set Up လုပ်ဖို့ Settings > Wallet & Apple Pay > Add Card ထဲသွားပြီး သင့် ကဒ်ကို ထည့်သွင်းပါ။ Apple Pay ကို မသုံးခင်မှာ သင့် ကဒ်ကို Verify လုပ်ပေးဖို့ ဘဏ်ကို ဆက်သွယ်ရမှာပါ။

Apple Pay ကို Set Up လုပ်ပြီးရင်တော့ သုံးရတာ လွယ်ကူပါတယ်။ ဖုန်းရဲ့ ညာဘက်မှ Lock Button ကို ၂ ချက်နှိပ်ရုံပါပဲ။ Face ID ကို Set Up လုပ်ထားရင် ငွေပေးချေဖို့ သင့်မျက်နှာကို သုံးနိုင်ပါတယ်။ ဒါမှမဟုတ် Passcode ကို ထည့်ပါ။

Portrait Mode နဲ့ Depth Control ကို အသုံးပြုနည်း

iPhone XS နဲ့ XS Max များရဲ့ အရှေ့နဲ့ အနောက် ကင်မရာများမှာ Portrait Mode ပါပါတယ်။ သူ့ကို သုံးဖို့ ကင်မရာကို ဖွင့်ပြီး ဘယ်ဘက်သို့ ပွတ်ဆွဲခြင်းဖြင့် Portrait Mode ကို သွားပါ။ Natural Light, Contour Light, Stage Light, Natural Light တို့လို Lighting Options များထဲမှ တစ်ခုကို ရွေးပါ။ Shutter Button ကို နှိပ်ပါ။

အိုင်ဖုန်း အသစ်များမှာ Depth Control လုပ်ဆောင်ချက် အသစ်ပါလာပါတယ်။ Depth Control ကြောင့် သင်ဟာ ဓါတ်ပုံ ရိုက်ကူးပြီးနောက်မှာ နောက်ခံမှ Blur ပမာဏကို ချိန်ညှိနိုင်ပါတယ်။ သူ့ကို သုံးဖို့ ဓါတ်ပုံကို ရွေးချယ်ပြီး Edit ကို နှိပ်ပါ။ ဒါဆိုရင် Depth Control Slider ပေါ်လာမှာပါ။

အိုင်ဖုန်းကို Turn Off လုပ်နည်း

အရင်ကတော့ အိုင်ဖုန်း အဟောင်းများရဲ့ ညာဘက်မှ ခလုတ်ဟာ ပါဝါ ခလုတ် ဖြစ်ပါတယ်။ အခုတော့ TrueDepth Cameras များ ပါတဲ့ အိုင်ဖုန်းများမှာတော့ သူဟာ Lock Button ဖြစ်သွားပါပြီ။ ဒါဆိုရင် အိုင်ဖုန်းကို ဘယ်လို Turn Off လုပ်မလဲ ?

Turn Off လုပ်ဖို့အတွက် Volume Button နဲ့ Lock Button ကို တစ်ပြိုင်နက် ဖိထားရမှာပါ။ ဒါဆိုရင် ဖုန်းကို Turn Off လုပ်ဖို့ Slider ပေါ်လာမှာပါ။

Memoji ပြုလုပ်နည်း

ယခင်နှစ်က iPhone X နဲ့အတူ Animoji ကို ထည့်ပေးခဲ့ပါတယ်။ ဒီနှစ်မှာတော့ iOS 12 မှာ Memoji ဆိုတာ ပါလာပါတယ်။ Memoji ဟာ သင့်မျက်နှာ လှုပ်ရှားမှုများဖြင့် ထိန်းချုပ်နိုင်တဲ့ Animated Avatars ဖြစ်ပါတယ်။

Memoji ကို ဖန်တီးဖို့ Message App ကို ဖွင့်ပြီး App Drawer ကို နှိပ်ပါ။ Animoji (monkey) icon ကို နှိပ်ပြီး New Memoji icon (+) ပေါ်တဲ့အထိ ညာဘက်ကို ပွတ်ဆွဲပါ။ Memoji ကို သင်နှစ်သက်သလို Customize လုပ်ပါ။ ပြီးရင် စကရင် အထက်မှ Done Button ကို နှိပ်ပြီး သိမ်းပါ။

Ref : digitaltrends

iPhone XS နဲ့ iPhone XS Max တို့အတွက် Tips & Tricks များ (အပိုင်း ၁)

%d bloggers like this: