iPhone XS ရဲ့ အတွင်းပိုင်း အစိတ်အပိုင်းများဟာ iPhone X ထက် ဘာတွေ ကောင်းလာသလဲဆိုတာ ဒီမှာ လေ့လာပါ

ယခင်နှစ်ထုတ် iPhone X ရဲ့ မျိုးဆက်ဖြစ်တဲ့ iPhone XS ရဲ့ အတွင်းပိုင်း အစိတ်အပိုင်းများဟာ ဘာတွေ ထူးခြားသွားသလဲ ဆိုတာကို သိနိုင်ဖို့ iFixit က XS ရဲ့ အတွင်းပိုင်းကို ဖွင့်ကြည့်ခဲ့ပါတယ်။ XS ရဲ့ ပုံသဏ္ဍာန် ပြောင်းထားတဲ့ ဘက်ထရီနဲ့ A12 Chipset က လွဲပြီး အခြား အစိတ်အပိုင်းများဟာ သိပ်ပြီး တိုးတက်မှု မရှိဘူးလို့ သူတို့က မှတ်ချက်ချပါတယ်။

X ရဲ့ ဘက်ထရီ နှစ်ခုကို XS မှာ တစ်ခုထဲ အဖြစ် ပေါင်းစပ်ပြီး L ပုံသဏ္ဍာန် ဖန်တီးထားပါတယ်။ Apple က အတွင်းပိုင်း အစိတ်အပိုင်းများကို နေရာ ပိုရစေဖို့အတွက် ထုံးစံအတိုင်း ဘက်ထရီကို ကိုယ်တိုင် ဒီဇိုင်းထုတ်ထားပါတယ်။ XS မှာ 2659mAh နဲ့ X မှာ 2716mAh Battery များ ထည့်သွင်းထားတာက ထူးခြားပါတယ်။ Apple က X ထက် XS ရဲ့ ဘက်ထရီ သက်တမ်းဟာ ၃၀ မိနစ်ပို အသုံးခံတယ်လို့ ကြေညာထားပါတယ်။

နောက်ကွာခြားချက်က Apple ရဲ့ ပထမဆုံး 7nm Chip ဖြစ်တဲ့ A12 Bionic Processor ကို XS မှာ ထည့်သွင်းထားတာပါ။ A12 ဟာ X ရဲ့ A11 ထက် ပိုမို မြန်ဆန်လာပါတယ်။ A12 ရဲ့ Neural Processing Unit မှာ Core ၈ လုံးနဲ့ A11 မှာ Core ၂ လုံးသာ ပါပါတယ်။ A12 ဟာ တစ်စက္ကန့်လျှင် အလုပ်ပေါင်း ၅ ထရီလီယမ်နဲ့ A11 ဟာ ၆၀၀ ဘီလီယမ်သာ လုပ်နိုင်ပါတယ်။ XS ရဲ့ အပို အစိတ်အပိုင်းတစ်ခုက eSIM ဖြစ်ပြီး သူဟာ eSIM ပါတဲ့ ပထမဆုံး အိုင်ဖုန်းပါ။

အခြား အတွင်းပိုင်း အစိတ်အပိုင်းများကတော့ XS ဟာ X နဲ့ သိပ်မကွာပါဘူး။ စကရင်ကိုလည်း ၅.၈ လက်မ ( 458ppi) ကိုသာ သုံးထားပါတယ်။ Apple က HDR Photo များမှာ Dynamic Range က ၆၀ ရာခိုင်နှုန်း ပိုကောင်းလာတယ်လို့ ပြောထားတဲ့အတွက် မော်ဒယ်အသစ်မှာ ဘယ်လိုတွေ အဆင့်မြှင့်ထားသလဲဆိုတာ စိတ်ဝင်စားစရာ ကောင်းပါတယ်။ အနောက် ကင်မရာများမှ မြင်ကွင်းကျယ် တစ်လုံးဟာ ၃၂ ရာခိုင်နှုန်း ပိုမိုကြီးမားလာပါတယ်။

Pixel အရွယ်အစားကလည်း ပိုကြီးလာပြီး Low-light စွမ်းရည်ဟာ ပိုကောင်းလာသလို Smart HDR ကိုလည်း ပိုအထောက်အကူ ပြုလာတယ်လို့ iFixit က ပြောပါတယ်။ အခြား အပိုင်းများမှာ ကင်မရာများဟာ တူညီကြပါတယ်။ Dual-Lens 12MP Rear Cameras ( f/1.8 and f/2.4 Apertures) , 7MP TrueDepth Front-Facing Camera with f/2.2 Aperture များ ဖြစ်ပါတယ်။

အခြား ပြောင်းလဲမှုများက သိပ်မပြောပလောက်ပါဘူး။ ဥပမာအားဖြင့် Apple ဟာ X ရဲ့ Intel နဲ့ Qualcomm Modems များအစား XS မှာ Intel Modems ကိုသာ သုံးထားပါတယ်။ X ရဲ့ IP67 စံနှုန်းထက် ပိုကောင်းတဲ့ IP68 စံနှုန်းကို XS မှာ ထည့်သွင်းထားပါတယ်။ ဒီလို တိုးတက်လာမှုအတွက် မော်ဒယ်အသစ်မှာ ဘယ်လိုတွေ အဆင့်မြှင့်ထားသလဲဆိုတာကိုတော့ iFixit က မပြောပြထားပါဘူး။ Apple က XS ဟာ ရေအနက် ၂ မီတာမှာ မိနစ် ၃၀ သုံးနိုင်တယ်လို့ ပြောထားပါတယ်။

Ref : techradar

iPhone XS ရဲ့ အတွင်းပိုင်း အစိတ်အပိုင်းများဟာ iPhone X ထက် ဘာတွေ ကောင်းလာသလဲဆိုတာ ဒီမှာ လေ့လာပါ

%d bloggers like this: