နေ့စဉ်ဘဝရဲ့ ပြီးပြည့်စုံမှုတွေကို ဖြည့်ဆည်းပေးနိုင်မယ့် Samsung Galaxy Note9

ကျွန်တော်တို့နေ့စဉ်ဘဝတွေမှာ စမတ်ဖုန်းတွေဟာ မရှိမဖြစ် အစိတ်အပိုင်းတစ်ခု ဖြစ်လာပါပြီ။ ကျွန်တော်တို့ ဖြစ်ချင်တဲ့ စိတ်ကူးအိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ နဲ့ အောင်မြင်မှုတွေ ရဖို့အတွက် စွမ်းဆောင်ရည်မြင့်ဖုန်းကောင်းကောင်းတစ်လုံး လိုအပ်တယ်ဆိုတာ ငြင်းနေစရာမလိုပါဘူး။

Samsung ကနေ အသစ်မိတ်ဆက်လိုက်တဲ့ Galaxy Note9 ဟာ ကျွန်တော်တို့ရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်တဲ့ ဖုန်းတစ်လုံးဖြစ်ပါတယ်။ နယ်ပယ်အသီးသီးမှာ အောင်မြင်မှုကိုယ်စီ ရယူထားကြတဲ့ မြန်မာနိုင်ငံရဲ့ မျိုးဆက်သစ်တွေအတွက်လည်း အကောင်းဆုံးဖုန်းတစ်လုံးလို့ ဆိုရမှာပါ။ Galaxy Note9 ဟာ အများနဲ့မတူ တီထွင်စွန့်စားချင်တဲ့ စိတ်ကူးစိတ်သန်းတွေကို အကောင်အထည်ဖော်ပေးပြီး၊ ထူးခြားတဲ့အိုင်ဒီယာတွေ၊ ပရောဂျက်တွေကို အမှန်တကယ် ဖြစ်ပေါ်လာအောင် ကူညီပေးနိုင်မယ့် ဖုန်းတစ်လုံး ဖြစ်ပါတယ်။

ဒီလို လူတွေအတွက်တင်မကပါဘူး။ Galaxy Note9 ဟာ ဒီဘက်ခေတ် ဒီဂျစ်တယ်လူအဖွဲ့အစည်းအတွက် အသင့်တော်ဆုံး ဖုန်းတစ်လုံးဖြစ်ပါတယ်။ စိန်ခေါ်မှုတွေများပြားတဲ့ အလုပ်တွေမှာ လုပ်နေရသူတွေ၊ အမြဲတမ်း လှုပ်ရှားသွားလာနေရသူတွေ၊ ဖန်တီးနိုင်စွမ်းမြင့်မားသူတွေ၊ ခရီးထွက်ရတာ နှစ်ခြိုက်တဲ့သူတွေအတွက် အသင့်တော်ဆုံးဖုန်းတစ်လုံးဖြစ်သလို၊ စမတ်ဖုန်းတစ်လုံးကို စွယ်စုံအသုံးချချင်သူတွေအတွက်လည်း အကောင်းဆုံး ဖုန်းတစ်လုံးလို့ ပြောရင်လည်း မမှားပါဘူး။

စမတ်ဖုန်းဟာ သွားလေရာသယ်ဆောင်သွားနိုင်တဲ့ အလုပ်ခွင်တစ်ခုလို ဖြစ်လာတဲ့ ဒီနေ့ခေတ်မှာ အကောင်းဆုံးစွမ်းဆောင်ရည်၊ အရည်အသွေးမြင့်ကင်မရာ၊ တစ်နေ့လုံးအသုံးခံမယ့်ဘက်ထရီ၊ အကုန်သိမ်းထားနိုင်မယ့် Storage တို့ပါဝင်တဲ့ ဖုန်းတစ်လုံးကို လူတိုင်း လိုအပ်လာကြပါပြီ။ ဒီလိုအပ်ချက်တွေ အားလုံးကို အကောင်းဆုံးဖြည့်ဆည်းပေးနိုင်မယ့် ဖုန်းတစ်လုံးကတော့ Galaxy Note9 ပါပဲ။

Galaxy Note9 ဟာ ဖုန်းတစ်လုံးမှာ သင်လိုချင်သမျှ၊ သင်စဉ်းစားလို့ရသမျှ စွမ်းဆောင်ရည်တွေ အကုန် ပါဝင်တဲ့ဖုန်း ဖြစ်ပါတယ်။ ဖုန်းတစ်လုံးရဲ့ အဓိက အစိတ်အပိုင်းဖြစ်တဲ့ Display မှာဆိုရင်လည်း ကြီးမားတဲ့ ၆.၄ လက်မအရွယ် Super AMOLED Display ၊ ဘက်ထရီကလည်း တစ်နေကုန်ခံတဲ့ 4,000mAh ဘက်ထရီ၊ ဘက်စုံ အသုံးပြုနိုင်တဲ့ S Pen ၊ ခေတ်မီဆန်းသစ်တဲ့ Dual-aperture ကင်မရာ၊ 128GB ကနေ ကွန်ပျူတာတစ်လုံး နီးပါး သိမ်းထားနိုင်မယ့် 1TB Storage တို့ ပါရှိတဲ့ ဖုန်းဖြစ်ပါတယ်။ လက်ပ်တော့ ဒါမှမဟုတ် တက်ဘလက်တလုံးနဲ့တန်းတူယှဉ်ပြိုင်နိုင်သလို၊ တချို့ လုပ်ဆောင်နိုင်စွမ်းတောင် ပိုမြင့်တဲ့ စွယ်စုံသုံး Device တစ်ခုဖြစ်ပါတယ်။

Galaxy Note9 မှာ အထူးခြားဆုံး စွမ်းဆောင်ရည်တစ်ခုကတော့ S Pen ပါပဲ။ Galaxy Note စီးရီးဟာ S Pen ကြောင့် ထင်ရှား၊လူကြိုက်များတဲ့ ဖုန်းစီးရီးတစ်ခုဆိုတာ ကျနော်တို့ အားလုံး သိကြမှာပါ။ Galaxy Note9 ရဲ့ S Pen ဟာ အရင် Note စီးရီးတွေက S Pen တွေထက်ကို သာလွန်တဲ့အဆင့်တစ်ခုကို ရောက်ရှိသွားခဲ့တဲ့ Stylus ဖြစ်ပါတယ်။ ပုံကောင်းကောင်းဆွဲနိုင်ဖို့အတွက်  ကြီးမားတဲ့ မျက်နှာပြင်၊ တိကျကောင်းမွန်တဲ့ S Pen နဲ့အတူ စိတ်ကူးစိတ်သန်းတွေကို စိတ်ကြိုက်ခြယ်မှုန်းနိုင်ပါပြီ။ မှတ်စုတွေ မှတ်ဖို့အတွက် ဖုန်းထုတ်၊ စာရိုက်နေစရာမလိုတော့ဘဲ S Pen နဲ့တင် ရုတ်တရက်ပေါ်လာတဲ့ အိုင်ဒီယာတွေကို အမိအရ မှတ်သားထားနိုင်ပါပြီ။

Galaxy Note9 အကြောင်း ပြောမယ်ဆိုရင် သူ့ရဲ့ Super AMOLED Display က ချန်လှပ်ထားလို့မရတဲ့ အစိတ်အပိုင်းတစ်ခုပါ။ စမတ်ဖုန်းတွေထဲမှာ အကောင်းဆုံး Display ဆိုတာကို အားလုံး သဘောတူသတ်မှတ်ထားကြသလိုပဲ တကယ်လည်း ထူးခြားကောင်းမွန်တဲ့ Display ဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး။ Galaxy Note9 နဲ့ လုပ်နိုင်တာတွေက အများကြီးပါ။ အမှတ်တရဓာတ်ပုံတွေရိုက်မလား၊ ပုံဆွဲမလား၊ Powerpoint တွေ ပြမလား၊ HD ရုပ်ရှင်ကားတွေ ကြည့်မလား၊ အလှပဆုံးရှုခင်းတွေကို ရိုက်ကူး၊ မှတ်တမ်းတင်မလား စိတ်ထဲပေါ်လာသမျှ အားလုံးကို Galaxy Note9 နဲ့တင် လုပ်နိုင်ပါတယ်။

Galaxy Note9 ဟာ ကျေ်တို့ နေ့စဉ်ဘဝရဲ့ အသင့်တော်ဆုံးဖုန်းတစ်လုံးဖြစ်ကြောင်း အောက်ပါ အချက်လေးချက်က သက်သေခံနေပါတယ်။

၁။ Storage – ဖုန်းတစ်လုံးမှာ Storage က စကားပြောပါတယ်။ အရေးကြီးဒေတာတွေကို မှတ်သားထားဖို့ကနေ စပြီး ကိုယ်ကြိုက်တဲ့ သီချင်းတွေ နားထောင်ဖို့၊ ဓာတ်ပုံတွေ သိမ်းထားဖို့ Storage က အရေးအကြီးဆုံးပါပဲ။ Galaxy Note9 မှာ အနည်းဆုံး storage က 128GB နဲ့လာပြီး၊ အများဆုံး 512GB အထိ စိတ်ကြိုက်ရွေးချယ်နိုင်ပါတယ်။ သာမာန် လက်ပ်တော့တစ်လုံးထက်တောင် Storage များပါသေးတယ်။ ဒီလောက်နဲ့တင် မတင်းတိမ်နိုင်သေးဘူးဆိုရင်လည်း ရပါတယ်။ အသင့်ပါတဲ့ microSD slot ကနေ နောက်ထပ် 512GB အထိ ထပ်စိုက်နိုင်ပါတယ်။ အားလုံးပေါင်းရင် 1TB Storage ပါ။ ကွန်ပျူတာ တော်တော်များများထက်ကို Storage ပိုများတဲ့ ဖုန်းပါ။ ကိုယ့်ဘဝရဲ့ အမှတ်တရလေးတွေကို ဖျက်ပစ်စရာမလိုတော့ဘဲ တစ်သက်လုံးသိမ်းထားနိုင်မယ့် ဖုန်းဖြစ်ပါတယ်။

၂။ ဘက်ထရီ – 4,000mAh ဘက်ထရီက တနေ့တာလုံး လိုအပ်တဲ့ စွမ်းအင်ပမာဏကို အလုံအလောက်ထောက်ပံ့ပေးထားနိုင်ပါတယ်။ Social Media တွေ၊ Email တွေနဲ့ တစ်နေ့လုံး အဆက်အသွယ်မပြတ် နေထိုင်နိုင်ပြီး၊ ရုပ်ရှင်တွေ ဂိမ်းတွေကို ကြိုက်သလောက် အချိန်ပြည့်ဆော့ကစားနိုင်ပါတယ်။ ဘက်ထရီကုန်သွားလို့၊ စွမ်းဆောင်ရည်ကျသွားလို့ ရပ်တန့်လိုက်ရတာမျိုး မရှိဘဲ လုပ်ချင်သမျှကို အချိန်ပြည့် လုပ်နေနိုင်မယ့် စွမ်းဆောင်ရည်မြင့် ဖုန်းဖြစ်ပါတယ်။

၃။ S Pen – Galaxy Note9 ကို ပြိုင်ဘက်တွေနဲ့ ကွဲထွက်စေတဲ့ အဆင့်မြင့်ဆုံး Tool တစ်ခု ဖြစ်ပါတယ်။ ဖုန်းနဲ့ တသားတည်းကျနေအောင် အသုံးပြုနိုင်ဖို့ အထူးဒီဇိုင်းထုတ်လုပ်ထားတဲ့ Tool ဖြစ်ပါတယ်။ အခုဆိုရင် S Pen မှာ Bluetooth ချိတ်နိုင်စွမ်း ပါလာပြီဖြစ်တာကြောင့် ရီမုတ်တစ်ခုလိုပါ သုံးလာနိုင်ပါပြီ။ S Pen ကို ခလုတ်တစ်ချက်နှိပ်လိုက်ရုံနဲ့ အဝေးကနေ ဓာတ်ပုံတွေ လှမ်းရိုက်နိုင်သလို၊ Powerpoint ပြတဲ့အခါ ဆလိုက်ပြောင်းတာ၊ YouTube ဗီဒီယိုတွေကို ရပ်တာပြုတာကအစ S Pen နဲ့တင် အဝေးက လုပ်နိုင်ပါပြီ။ ကိုယ့်စိတ်ကြိုက် ထိန်းချုပ်မှုပုံစံတွေလည်း ပေးထားလို့ရပါသေးတယ်။ ဆန်းသစ်တီထွင်မှုအပြည့်နဲ့ S Pen ကနေ အများကြီးလုပ်လို့ရနေပါပြီ။ ဒီဂျစ်တယ်ပန်းချီတွေ ရေးဆွဲမလား၊ Samsung ရဲ့ PenUp ကနေ လွယ်ကူ၊အဆင်ပြေစွာ ရေးဆွဲနိုင်ပါတယ်။ ဗီဒီယိုတွေကို အမိုက်စား GIF တွေအဖြစ် ပြောင်းမလား စွယ်စုံ သုံးနိုင်ပါတယ်။ နေ့စဉ်ဘဝမှာ အသုံးဝင်မယ့် ဘာသာပြန်တာ၊ Screen ပုံရိပ်ချဲ့တာ၊ လက်ရေးအတိုင်း စာရိုက်တာ၊ Text တွေကို Selection မှတ်တာ၊ မှတ်စုထုတ်တာ စတဲ့ အမိုက်စားစွမ်းဆောင်ရည်တွေကိုလည်း S Pen နဲ့တင် အသုံးပြုနိုင်ပါတယ်။

၄။ ကင်မရာ – Galaxy Note9 မှာ AI နည်းပညာသုံး စွမ်းဆောင်ရည်မြင့်ကင်မရာ ပါဝင်ပါတယ်။ Zoom ဆွဲပြီး၊ အရည်အသွေးမပျက် ပုံတွေရိုက်နိုင်သလို၊ Dual-aperture နည်းပညာကြောင့်လည်း အမိုက်စားဓာတ်ပုံတွေကို နေ့၊ ည မရွေး ရိုက်ကူးနိုင်ပါတယ်။ ဟုတ်ပါတယ်။ ညအလင်းရောင်နည်းတဲ့အချိန်မှာတောင် အကောင်းဆုံးပုံထွက်အရည်အသွေးကို ပေးစွမ်းနိုင်တဲ့ ကင်မရာပါ။ Galaxy Note9 မှာ ပါဝင်လာတဲ့ အမိုက်စား Feature အသစ်တစ်ခုကတော့ Scene Optimizer ပါ။ ကျောဘက်ကင်မရာဟာ ချိန်လိုက်တဲ့ မြင်ကွင်းအမျိုးအစားကို ချက်ချင်းသိရှိခွဲခြားနိုင်ပါတယ်။ ဒါ့အပြင် မြင်ကွင်းအမျိုးအစားအလိုက် အကောင်းဆုံးဓာတ်ပုံတွေကို ရဖို့ ကာလာတွေကို အလိုအလျောက်ကစားပေးနိုင်တဲ့ Feature ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ Flaw Detection ပါ။ ကျနော်တို့ ဓာတ်ပုံရိုက်ရင် အများဆုံးကြုံတွေ့ရတဲ့ ပြဿနာပါ။ မျက်တောင်ခတ်မိတာ၊ လှုပ်လို့ ဝါးသွားတာ၊ ပုံထွက်မကြည်လင်တာ၊ နောက်ခံအလင်းရောင်မကောင်းတာ စတာတွေကို အလိုလို သိရှိ၊ သတိပေးနိုင်တာကြောင့် ချက်ချင်းဆိုသလို ပိုကောင်းတဲ့ ပုံတွေရအောင် ပြန်ရိုက်နိုင်ပါတယ်။ Galaxy Note9 ဟာ ရင်သပ်ရှုမောစရာကောင်းလောက်အောင် လှပတဲ့ ဓာတ်ပုံတွေကို အမြဲတမ်းရိုက်ကူးနိုင်အောင် ကူညီပေးမယ့် ဖုန်းတစ်လုံး ဖြစ်ပါတယ်။

Galaxy Note9 ဟာ ပေးရတဲ့ တန်ဖိုးနဲ့ အတန်ဆုံးဖုန်းတစ်လုံးပါပဲ။ စွမ်းဆောင်ရည်တွေ ပိုပိုပြီး လိုချင်တဲ့သူတွေအတွက် အလိုက်ဖက်ဆုံး ဖုန်းတစ်လုံးဖြစ်ပါတယ်။ အလုပ်ပြီးမြောက်မှုအတွက်၊ တီထွင်ဖန်တီးမှုတွေအတွက် ဒါမှမဟုတ် အကောင်းဆုံးဖျော်ဖြေရေးအတွေ့အကြုံတွေကို စွယ်စုံပေးစွမ်းနိုင်အောင် အထူးထုတ်လုပ်ထားတဲ့ ဖုန်းဖြစ်ပါတယ်။

အခုစက်တင်ဘာလနဲ့ အောက်တိုဘာလ ထဲမှာလည်း Samsung Myanmar ကနေပြီးတော့ မြန်မာနိုင်ငံရဲ့ မျိုးဆက်သစ်အောင်မြင်ကျော်ကြားသူတွေရယ်၊ Samsung Myanmar ရဲ့ Brand Ambassador တွေနဲ့ Influencer တွေ ပါဝင်မယ့် Facebook Live စကားပြောပွဲလေးတွေ လုပ်ပေးနေပါတယ်။ အောင်မြင်သူတွေအနေနဲ့ ဘဝရဲ့ အတားအဆီးတွေကို ကျော်ဖြတ်ပြီး၊ လိုချင်တဲ့ပန်းတိုင်ကို ဘယ်လို အရောက်လှမ်းနိုင်ခဲ့လဲဆိုတာကို ဆွေးနွေးပြောကြားကြမှာပါ။ ဒါ့အပြင် Samsung ပရိသတ်တွေအတွက် Galaxy Fan Party လေးလည်း လုပ်ပေးဖို့ ရှိပါတယ်။ ဂီတနဲ့ အကပညာရှင်တွေနဲ့ တိုက်ရိုက်ထိတွေ့ ဖျော်ဖြေမှု လုပ်ပေးမယ့် အစီအစဉ်ပါ။ စိတ်ဝင်စားတယ်ဆိုရင် Samsung Myanmar ရဲ့ Facebook Page မှာ စောင့်မျှော်ကြည့်ရှုနိုင်ပါတယ်။

%d bloggers like this: