51 Shares 61 Views

ဒီတစ္ပတ္အတြက္ ေရြးေပးခ်င္တဲ့ Gadgets မ်ား

Sep 16, 2018
51 61

လူေတြရဲ႕ ေန႔စဥ္ လူေနမႈဘ၀ကို အေထာက္အကူ ျပဳေပးတဲ့ Gadgets မ်ားစြာ ဒီေန႔ေခတ္မွာ ေပၚထြက္လာၾကပါၿပီ။ Gadgets for this week က႑မွာ ဒီတစ္ပတ္အတြက္ အေကာင္းဆံုး Gadgets မ်ားကို ေဖာ္ျပေပးလိုက္ပါတယ္။

DJI Mavic 2 Pro Drone

ဓါတ္ပံုသမားမ်ားက DSLR စြမ္းရည္မ်ားပါတဲ့ ကင္မရာမ်ား ထည့္သြင္းထားတဲ့ ဒရုန္းမ်ားကို အလိုရွိၾကပါတယ္။ အဲဒီအတြက္ DJI က Mavic 2 Pro ကို ဖန္တီးထားတာပါ။ သူ႔မွာ Hasselblad L1D-20c Camera ထည့္သြင္းထားပါတယ္။ 48MP Image မ်ားကို ဖမ္းယူေပးတဲ့ Super Resolution စြမ္းရည္ ပါပါတယ္။ EHDR (enhanced dynamic range) အတြက္ အျပစ္အနာအဆာကင္းတဲ့ ဓါတ္ပံုမ်ားကို ဖန္တီးေပးပါတယ္။ ဘယ္လို အလင္းေရာင္ အေျခအေနမ်ိဳးမွာမဆို ပေရာ္ဖက္ရွင္နယ္ အရည္အေသြး ရွိတဲ့ ဓါတ္ပံုမ်ား ရရွိပါတယ္။ 8GB Storage အျပင္ SD Card Slot ပါပါတယ္။ ၃၁ မိနစ္ၾကာ ပ်ံသန္းႏုိင္ၿပီး အျမင့္ဆံုး အေနနဲ႔ တစ္နာရီလွ်င္ ၄၄ မိုင္ႏႈန္း ေမာင္းႏွင္ႏုိင္ပါတယ္။ Free, Circle, CourseLock နဲ႔ Waypoint စတဲ့ Mode ၄ ခု ပါပါတယ္။ ၁၄၄၉ ေဒၚလာ တန္ေၾကးရွိပါတယ္။

HP 800 OMEN Gaming Headset

HP 800 OMEN Gaming Headset ကို ဂိမ္း ကစားသူမ်ားအတြက္ သီးျခား ဖန္တီးထားတာ ျဖစ္ပါတယ္။ ၀တ္ဆင္ရတာ သက္ေတာင့္ သက္သာရွိၿပီး အသံ ၾကည္လင္ျပတ္သားပါတယ္။ ဂိမ္း ကစားသူမ်ားအၾကားမွာ ဆက္သြယ္စကားေျပာလို႔ ေကာင္းေအာင္ အထူး ဒီဇိုင္းထုတ္ထားပါတယ္။ သူ႔မွာ Multi-dimensional Audio နည္းပညာလည္း ပါပါတယ္။ ပိုေကာင္းတဲ့ Surround Sound ကို ရရွိေစဖို႔ OMEN PCs အမ်ားစုမွာ ပါတဲ့ DTS Headphone:X profile ကို ေရြးခ်ယ္ပါ။ သူ႔မွာ Suspension Headband တစ္ခု ပါတဲ့အတြက္လည္း ၀တ္ဆင္ထားရင္ ေလးလံမႈကို မခံစားရပါဘူး။ ပီစီမ်ား အျပင္ 3.5mm Audio Output ကို ေထာက္ပံ့တဲ့ Device အားလံုးနဲ႔ သူ႔ကို တြဲဖက္ သံုးႏုိင္ပါတယ္။ ၇၂ ေဒၚလာ တန္ေၾကးရွိပါတယ္။

Razer Kiyo Ring Light Streaming Camera

Razer Kiyo Ring Light Streaming Camera က သင့္ကြန္ျပဴတာမွာ တပ္ဆင္ႏုိင္တဲ့ Webcam ျဖစ္ပါတယ္။ ထူးျခားတာက သူ႔မွာ သင့္ ရုပ္ပံုကို လွပေစဖို႔အတြက္ အလင္းေပးမယ့္ စက္၀ိုင္း ပံုသ႑ာန္ မီးသီး ပါပါတယ္။ အဲဒီအတြက္ အလင္းေရာင္နည္းပါးတဲ့ အေျခအေနမ်ားအတြက္ အသံုး၀င္ပါတယ္။ ပတ္၀န္းက်င္မွ အလင္းေရာင္ အေျခအေနအေပၚ မူတည္ၿပီး မီးသီးရဲ႕ အလင္းေရာင္ကို ခ်ိန္ညွိနုိင္ပါတယ္။ ဗီဒီယို အရည္အေသြးအတြက္ 60fps ျဖင့္ 720p နဲ႔ 30fps ျဖင့္ 1080p အရည္အေသြးမ်ားကို ေရြးခ်ယ္ႏုိင္ပါတယ္။ Gamer , YouTubers မ်ားအတြက္ သင့္ေတာ္ပါတယ္။ ၉၉ ေဒၚလာ တန္ေၾကးရွိပါတယ္။

unicode

ဒီတစ်ပတ်အတွက် ရွေးပေးချင်တဲ့ Gadgets များ

လူတွေရဲ့ နေ့စဉ် လူနေမှုဘဝကို အထောက်အကူ ပြုပေးတဲ့ Gadgets များစွာ ဒီနေ့ခေတ်မှာ ပေါ်ထွက်လာကြပါပြီ။ Gadgets for this week ကဏ္ဍမှာ ဒီတစ်ပတ်အတွက် အကောင်းဆုံး Gadgets များကို ဖော်ပြပေးလိုက်ပါတယ်။

DJI Mavic 2 Pro Drone

ဓါတ်ပုံသမားများက DSLR စွမ်းရည်များပါတဲ့ ကင်မရာများ ထည့်သွင်းထားတဲ့ ဒရုန်းများကို အလိုရှိကြပါတယ်။ အဲဒီအတွက် DJI က Mavic 2 Pro ကို ဖန်တီးထားတာပါ။ သူ့မှာ Hasselblad L1D-20c Camera ထည့်သွင်းထားပါတယ်။ 48MP Image များကို ဖမ်းယူပေးတဲ့ Super Resolution စွမ်းရည် ပါပါတယ်။ EHDR (enhanced dynamic range) အတွက် အပြစ်အနာအဆာကင်းတဲ့ ဓါတ်ပုံများကို ဖန်တီးပေးပါတယ်။ ဘယ်လို အလင်းရောင် အခြေအနေမျိုးမှာမဆို ပရော်ဖက်ရှင်နယ် အရည်အသွေး ရှိတဲ့ ဓါတ်ပုံများ ရရှိပါတယ်။ 8GB Storage အပြင် SD Card Slot ပါပါတယ်။ ၃၁ မိနစ်ကြာ ပျံသန်းနိုင်ပြီး အမြင့်ဆုံး အနေနဲ့ တစ်နာရီလျှင် ၄၄ မိုင်နှုန်း မောင်းနှင်နိုင်ပါတယ်။ Free, Circle, CourseLock နဲ့ Waypoint စတဲ့ Mode ၄ ခု ပါပါတယ်။ ၁၄၄၉ ဒေါ်လာ တန်ကြေးရှိပါတယ်။

HP 800 OMEN Gaming Headset

HP 800 OMEN Gaming Headset ကို ဂိမ်း ကစားသူများအတွက် သီးခြား ဖန်တီးထားတာ ဖြစ်ပါတယ်။ ဝတ်ဆင်ရတာ သက်တောင့် သက်သာရှိပြီး အသံ ကြည်လင်ပြတ်သားပါတယ်။ ဂိမ်း ကစားသူများအကြားမှာ ဆက်သွယ်စကားပြောလို့ ကောင်းအောင် အထူး ဒီဇိုင်းထုတ်ထားပါတယ်။ သူ့မှာ Multi-dimensional Audio နည်းပညာလည်း ပါပါတယ်။ ပိုကောင်းတဲ့ Surround Sound ကို ရရှိစေဖို့ OMEN PCs အများစုမှာ ပါတဲ့ DTS Headphone:X profile ကို ရွေးချယ်ပါ။ သူ့မှာ Suspension Headband တစ်ခု ပါတဲ့အတွက်လည်း ဝတ်ဆင်ထားရင် လေးလံမှုကို မခံစားရပါဘူး။ ပီစီများ အပြင် 3.5mm Audio Output ကို ထောက်ပံ့တဲ့ Device အားလုံးနဲ့ သူ့ကို တွဲဖက် သုံးနိုင်ပါတယ်။ ၇၂ ဒေါ်လာ တန်ကြေးရှိပါတယ်။

Razer Kiyo Ring Light Streaming Camera

Razer Kiyo Ring Light Streaming Camera က သင့်ကွန်ပြူတာမှာ တပ်ဆင်နိုင်တဲ့ Webcam ဖြစ်ပါတယ်။ ထူးခြားတာက သူ့မှာ သင့် ရုပ်ပုံကို လှပစေဖို့အတွက် အလင်းပေးမယ့် စက်ဝိုင်း ပုံသဏ္ဍာန် မီးသီး ပါပါတယ်။ အဲဒီအတွက် အလင်းရောင်နည်းပါးတဲ့ အခြေအနေများအတွက် အသုံးဝင်ပါတယ်။ ပတ်ဝန်းကျင်မှ အလင်းရောင် အခြေအနေအပေါ် မူတည်ပြီး မီးသီးရဲ့ အလင်းရောင်ကို ချိန်ညှိနိုင်ပါတယ်။ ဗီဒီယို အရည်အသွေးအတွက် 60fps ဖြင့် 720p နဲ့ 30fps ဖြင့် 1080p အရည်အသွေးများကို ရွေးချယ်နိုင်ပါတယ်။ Gamer , YouTubers များအတွက် သင့်တော်ပါတယ်။ ၉၉ ဒေါ်လာ တန်ကြေးရှိပါတယ်။

You may be interested

ကင္မရာ ၃ လံုး ပါတဲ့ Huawei Mate 20 Pro ရဲ႕ ဓါတ္ပုံမ်ား ထြက္ေပၚလာ
Android, Huawei, HUBS
0 shares0 views

ကင္မရာ ၃ လံုး ပါတဲ့ Huawei Mate 20 Pro ရဲ႕ ဓါတ္ပုံမ်ား ထြက္ေပၚလာ

Ko Thuya - Sep 25, 2018

Huawei Mate 20 Pro ရဲ႕ ဓါတ္ပံုမ်ား ေပါက္ၾကားထြက္ေပၚလာပါတယ္။ အျပာ၊ အနက္နဲ႔ မိုးျပာေရာင္မ်ား ျဖစ္ပါတယ္။ စြဲေဆာင္မႈ အေကာင္းဆံုးက Twilight အမည္ရ မုိုးျပာေရာင္ ျဖစ္ပါတယ္။ သူဟာ ၿပီးခဲ့တဲ့ လက IFA ပြဲမွာ ေၾကညာခဲ့တဲ့…

Drop Test မွာ အေျခအေန မေကာင္းခဲ့တဲ့ iPhone XS နဲ႔ XS Max
Apple, HUBS, Mobiles & Tablets
215 shares51 views

Drop Test မွာ အေျခအေန မေကာင္းခဲ့တဲ့ iPhone XS နဲ႔ XS Max

Ko Thuya - Sep 25, 2018

Apple ကေတာ့ iPhone XS နဲ႔ XS Max မွာ သံုးထားတဲ့ ဖန္သားဟာ အလြန္ မာေက်ာၾကံ႕ခိုင္တယ္လို႔ ေၾကညာထားပါတယ္။ အခုေတာ့ အဲဒီ စမတ္ဖုန္းမ်ားရဲ႕ အၾကမ္းခံမႈကို စမ္းသပ္တဲ့ ဗီဒီယိုတစ္ခု ထြက္ေပၚလာပါတယ္။ Drop Test မွာ…

iPhone XS နဲ႔ iPhone XS Max တို႔အတြက္ Tips & Tricks မ်ား (အပိုင္း ၂)
Apple, FEATURES, HOW TO
141 shares52 views

iPhone XS နဲ႔ iPhone XS Max တို႔အတြက္ Tips & Tricks မ်ား (အပိုင္း ၂)

Ko Thuya - Sep 24, 2018

iPhone XS နဲ႔ iPhone XS Max တို႔မွာ ယခင္ႏွစ္ iPhone X ထက္ ေျပာင္းလဲတိုးတက္လာမႈမ်ား ပါ၀င္လာပါတယ္။ ေျပာင္းလဲသြားတဲ့ Tips & Tricks မ်ားလည္း ပါလာပါတယ္။ အိုင္ဖုန္း အေဟာင္း ကိုင္ထားသူမ်ားအတြက္လည္း နည္းလမ္းအခ်ိဳ႕ဟာ…

Leave a Comment

Most from this category