102 Shares 71 Views

Virtual Reality ေၾကာင့္ အက်ိဳးရွိလာမယ့္ နယ္ပယ္မ်ား

Sep 16, 2018
102 71

လက္ရွိမွာေတာ့ Virtual Reality နည္းပညာကို ဂိမ္းကစားဖို႔အတြက္သာ အဓိက အသံုးခ်ေနၾကပါတယ္။ ဒါေပမယ့္ Virtual Reality နည္းပညာဟာ အနာဂတ္မွာ နယ္ပယ္မ်ားစြာမွာ အသံုး၀င္လာမွာ ျဖစ္ပါတယ္။ လူနာမ်ားရဲ႕ ေ၀ဒနာကို ကုစားဖို႔၊ ဒီဇိုင္းမ်ား ေရးဆြဲဖို႔၊ အႏုပညာ လက္ရာမ်ား ဖန္တီးဖို႔၊ လူမ်ားနဲ႔ ထိေရာက္စြာ ဆက္သြယ္ဖို႔၊ ပညာသင္ၾကားဖို႔ ၊ စီးပြားေရးလုပ္ငန္းမ်ားမွာ သံုးဖို႔ အပါအ၀င္ နယ္ပယ္မ်ားစြာမ်ာ အက်ိဳးမ်ားစြာ ျဖစ္ထြန္းေစမွာပါ။ ဒီေဆာင္းပါးမွာေတာ့ VR ကို အသံုးခ်ႏုိင္မယ့္ နယ္ပယ္ ၁၀ ခုကို ေဖာ္ျပလိုက္ပါတယ္။

ေဆးသိပၸံ

ေဆးသိပၸံနယ္ပယ္မွာ VR ကို မ်ားစြာ အသံုးခ်ႏုိင္ပါတယ္။ ဥပမာအာျဖင့္ စိတ္ဓါတ္က်ေနတဲ့လူမ်ား၊ စိတ္က်န္းမာေရး ခ်ိဳ႕တဲ့ေနသူမ်ားအား VR နည္းပညာျဖင့္ ကုစားႏုိင္မယ္လို႔ ဆိုပါတယ္။ ဒါ့အျပင္ ေဆးရံုတက္ေနတဲ့ ကေလးငယ္မ်ားအား ေနအိ္မ္ရွိ သူ႕ရဲ႕ အိပ္ခန္းအတြင္းမွာ ေရာက္ေနသလို ေပ်ာ္ရႊင္ေစမွာပါ။ မသန္စြမ္းသူမ်ားအတြက္လည္း အျပင္ကမာၻကို အလည္ေခၚသြားႏုိင္မွာပါ။ ဘရာဇီးမွ သုေတသနပညာရွင္မ်ားက ၀မ္းဗိုက္အတြင္းမွာပဲ ရွိေနေသးတဲ့ သေႏၶသားနဲ႔ မိခင္အား ေတြ႕ဆံုေပးႏုိင္ဖို႔ VR ကို အသံုးျပဳေနၾကပါတယ္။ VR Headset နဲ႔ 3D Software ကို အသံုးျပဳ၍ မိခင္က သေႏၶသား ဘ၀ကတည္းက ကေလးငယ္နဲ႔ ထိေတြ႕ဆက္ဆံႏုိင္မွာပါ။ ေအာက္မွာေတာ့ က်န္းမာေရး ေစာင့္ေရွာက္မႈ ကုမၸဏီတစ္ခုက VR နဲ႔ Software ကို အသံုးျပဳ၍ ေဆးေက်ာင္းသားမ်ားအား ခြဲစိတ္မႈကို သင္ၾကားေပးေနတဲ့ ဗီဒီယိုကို တင္ဆက္ေပးလိုက္ပါတယ္။

ကာကြယ္ေရး

ေတာင္ကိုရီးယား ကုမၸဏီ DoDAAM က ေလထီးျဖင့္ ဆင္းသက္ရန္ ခက္္ခဲတဲ့ ေနရာေဒသမ်ားမွာ အႏၱရာယ္ကင္းစြာ ဆင္းသက္ႏုိင္ေအာင္ စစ္သားမ်ားအား VR ျဖင့္ သင္ၾကားေလ့က်င့္ေပးေနပါတယ္။ DoDAAM က စႏိုက္ပါ သမားမ်ား ရန္သူကို ရွာေဖြႏုိင္မယ့္ မွန္ဘီလူးအျဖစ္ Oculus Rift ကို အသြင္ေျပာင္းေပးမယ့္ ေဆာ့၀ဲကိုလည္း တီထြင္ေနပါတယ္။ ၿဗိတိန္ ကုမၸဏီ Plextex က စစ္သားမ်ားရဲ႕ အသက္နဲ႔ အစိုးရရဲ႕ ေငြေၾကးကို ေခြ်တာေပးဖို႔ က်န္းမာေရး ျပႆနာမ်ားကို စစ္ေဆးေပးတဲ့ Sensor နည္းပညာကို တီထြင္ေနပါတယ္။ ရုရွားမွာ ရန္သူ႔ပစ္မွတ္မ်ားထံ ေစလႊတ္ဖို႔ Drone ကို ေခါင္းလႈပ္ရမ္းျခင္းျဖင့္ ထိန္းခ်ဳပ္ႏိုင္တဲ့ VR နည္းပညာပါတဲ့ Svarog Helmet ကို တီထြင္လိုက္ပါတယ္။ ေအာက္မွာေတာ့ VR ကို အသံုးခ်၍ စစ္သားမ်ားအား စစ္ေျမျပင္မွာ ေလ့က်င့္ေပးေနတဲ့ ဗီဒီယိုကို တင္ဆက္လိုက္ပါတယ္။

ဗိသုကာ

ဗိသုကာ ပညာ နယ္ပယ္မွာလည္း 2D , 3D Design မ်ားကို ဖန္တီးဖို႔ VR က မ်ားစြာ အသံုး၀င္ပါတယ္။ Arch Virtual ကို တည္ေထာင္သူ Jon Brouchoud က “ VR နည္းပညာျဖင့္ ဒီဇိုင္းဆြဲထားတဲ့ အေဆာက္အဦးထဲကို လည္ပတ္ၾကည့္ရႈႏုိင္မွာ ျဖစ္ပါတယ္။ အေဆာက္အဦး တည္ေဆာက္တဲ့ အခါမွာ အသံုးျပဳတဲ့ ကိရိယာမ်ားကို ကိုင္တြယ္ သင္ၾကားေပးဖို႔အတြက္လည္း အသံုး၀င္မွာ ျဖစ္ပါတယ္။ ဒီဇိုင္းေရးဆြဲေနစဥ္မွာပဲ အေဆာက္အဦးထဲမွာ စစ္ေဆးႏိုင္တဲ့အတြက္ နည္းပညာ အားနည္းခ်က္မ်ားကိုလည္း ေလ့လာႏုိင္ၿပီး ႀကိဳတင္ျပင္ဆင္ႏုိင္မွာ ျဖစ္ပါတယ္။ “ လို႔ ေျပာပါတယ္။

အႏုပညာ

ဒစ္ဂ်စ္တယ္ အႏုပညာလက္ရာ ပစၥည္းမ်ားကို ဖန္တီးဖို႔ သင့္လက္ေခ်ာင္းနဲ႔ စကရင္တစ္ခု ရွိရံုနဲ႔ အဆင္ေျပပါၿပီ။ အနာဂတ္မွာ သံုးဖက္ျမင္ အႏုပညာလက္ရာမ်ားကို ဖန္တီးလာႏုိင္ၾကမွာပါ။ ဒါဟာ အႏုပညာသမားမ်ားအတြက္ ဖန္တီးႏိုင္မႈ အခြင့္အလမ္းမ်ားကို မ်ားစြာ တိုးျမွင့္ေပးမွာပါ။ Google က 3D ျဖင့္ ဒီဇိုင္းနဲ႔ ပန္းခ်ီမ်ား ေရးဆြဲႏုိင္မယ့္ Tilt Brush App ကို ဖန္တီးေပးထားၿပီး ေဒၚလာ ၃၀ ျဖင့္ ၀ယ္ယူႏုိင္ပါတယ္။ ေအာက္က ဗီဒီယိုမွာ သူ႔ရဲ႕ နည္းပညာကို ေလ့လာႏုိင္ပါတယ္။

လူမႈကြန္ရက္မ်ား

ယခင္ႏွစ္ ေအာက္တိုဘာလ ၆ ရက္ေန႔မွာ Facebook ရဲ႕ စီအီးအို Mark Zuckerberg က အတုအေယာင္ တက္ဘလက္တစ္ခုကို ကိုင္ထားတဲ့ သူ႔ရဲ႕ Selfie Photo ကို တင္ခဲ့ပါတယ္။ တက္ဘလက္ရဲ႕ စကရင္မွာ သူ႔ဇနီးကို ျပသထားပါတယ္။ ေနာက္တစ္ေန႔ San Jose မွာ က်င္းပတဲ့ Developer Conference မွာ သူဟာ အေ၀းတစ္ေနရာမွ သူ႔ရဲ႕ လုပ္ေဖာ္ကိုင္ဖက္ ၂ ဦးနဲ႔ အနီးကပ္ စကားေျပာေနတာကို သရုပ္ျပခဲ့ပါတယ္။ အဲဒီ သေဘာတရားကို Facebook လို လူမႈကြန္ရက္မ်ားမွာ အသံုးခ်ႏုိင္မွာပါ။ အနာဂတ္မွာ အေ၀းတစ္ေနရာစီမွ သူငယ္ခ်င္း ၂ ေယာက္ Facebook မွာ လူခ်င္းေတြ႕ၿပီး စကားေျပာႏုိင္ေတာ့မွာပါ။ သူ႔ရဲ႕ သရုပ္ျပ ဗီဒီယိုကို ေအာက္မွာ ေလ့လာပါ။

ပညာေရး

မေ၀းေတာ့တဲ့ အနာဂတ္မွာ ေက်ာင္းသားမ်ားဟာ စာသင္ခန္းထဲသြားစရာ မလိုဘဲ ေနအိမ္ကေန ထိေရာက္စြာ စာသင္ၾကားႏုိင္မွာ ျဖစ္ပါတယ္။ VR နည္းပညာရဲ႕ အကူအညီျဖင့္ Julius Caesar နဲ႔အတူ ေရာမ အင္ပါယာ သမိုင္းေၾကာင္းကို ေလ့လာႏုိင္မွာပါ။ Christopher Columbus နဲ႔ အတူ အေမရိကားကို ရြက္လႊင့္ ရွာေဖြႏုိင္မွာပါ။ လူ႔ခႏၱာကိုယ္ အတြင္းပိုင္းကို ထဲထဲ၀င္၀င္ေလ့လာႏုိင္မွာ ျဖစ္ပါတယ္။ Body VR Video ကို ေအာက္မွာ ေဖာ္ျပေပးလိုက္ပါတယ္။

စီးပြားေရး

အနာဂတ္မွာေတာ့ အေ၀းတစ္ေနရာမွ လုပ္ေဖာ္ကိုင္ဖက္မ်ားနဲ႔ အစည္းအေ၀းခန္းထဲမွာ အနီးကပ္ ေဆြးေႏြးဖို႔အတြက္ VR Headset နဲ႔ တက္ဘလက္တစ္လံုးသာ လိုအပ္ေတာ့မွာ ျဖစ္ပါတယ္။ ကမာၻအ၀န္းမွာ စီးပြားေရးလုပ္ငန္းခြဲမ်ားစြာ ရွိတဲ့ ကုမၸဏီမ်ားအတြက္ ပိုလို႔ေတာင္ အသံုး၀င္ႏုိင္ပါတယ္။ ဒူဘိုင္းမွာ ရွိတ့ဲ အေရာင္းျမွင့္တင္ေရး မန္ေနဂ်ာနဲ႔ သင္ရွိေနတဲ့ ဘာလင္မွ ေကာ္ဖီဆိုင္မွာ ေတြ႕ဆံု စကားေျပာႏုိင္မွာပါ။ ဒီသေဘာတရားကို ေအာက္ပါ ဗီဒီယိုမွာ ေလ့လာႏိုင္ပါတယ္။

သတင္းအခ်က္အလက္

The New York Times က အေမရိကန္ သမၼတေရြးေကာက္ပြဲအတြက္ မဲဆြယ္စည္းရံုးတဲ့ ကာလမွာ Hillary Clinton, Donald Trump, Bernie Sanders နဲ႔ John Kasich တို႔ အနာဂတ္ မူ၀ါဒမ်ားကို ေျပာၾကားတဲ့ ၃၆၀ ဒီဂရီ ဗီဒီယိုကို ဖန္တီးခဲ့ပါတယ္။ ျပည္သူမ်ားက ေဟာေျပာတဲ့ ခန္းမထဲကို တကယ္ေရာက္ေနသလို သမၼတေလာင္းမ်ားကို အနီးကပ္ေလ့လာႏုိင္ခဲ့ၾကပါတယ္။ အနာဂတ္မွာေတာ့ VR နည္းပညာဟာ သတင္းမ်ား၊ သမၼတေလာင္းမ်ားရဲ႕ စကားစစ္ထိုးပြဲမ်ား၊ ဖက္ရွင္ရိႈးမ်ား စတဲ့ သတင္းအခ်က္အလက္ နည္းပညာ နယ္ပယ္မွာ မ်ားစြာ အေထာက္အကူ ျပဳေတာ့မွာပါ။

အားကစား

အားကစားၿပိဳင္ပြဲမ်ားကို VR Headset ျဖင့္ ၾကည့္ရႈရင္ေတာ့ ကြင္းထဲကေန ၾကည့္ရႈရတာထက္ ပိုမိုေကာင္းမြန္မွာျဖစ္ပါတယ္။ ၿပိဳင္ပြဲတစ္ခုကို ႏွစ္သက္တဲ့ ရႈေထာင့္မ်ိဳးစံုကေန ခံစားရမွာ ျဖစ္ပါတယ္။ ၿပိဳင္ပြဲအတြင္း အျငင္းပြားဖြယ္ရာမ်ားကိုလည္း ဒီနည္းပညာက ေျဖရွင္းေပးႏုိင္ပါတယ္။ ၾကည့္ရႈသူမ်ားအတြက္သာမက အားကစားသမားမ်ားကိုလည္း VR ျဖင့္ ေလ့က်င့္ ေပးေနၾကပါၿပီ။ NFL ရဲ႕ ေလ့က်င့္ေရး အစီအစဥ္မ်ားမွာ VR ကို က်ယ္ျပန္႔စြာ သံုးေနၾကပါတယ္။ VR ျဖင့္ အားကစားသမားမ်ားကို ေလ့က်င့္ေပးေနတဲ့ ဗီဒီယိုကို ေအာက္မွာ ေလ့လာပါ။

ခရီးသြားျခင္း

VR ျဖင့္ အာကာသ၊ ပင္လယ္ေရေအာက္တို႔ကို ေလ့လာႏုိင္ေအာင္ ဖန္တီးေနၾကပါၿပီ။ ငွက္တစ္ေကာင္လို ေကာင္းကင္ယံမွာ ပ်ံသန္းတဲ့ အေတြ႕အၾကံဳကို ခံစားႏုိင္ဖို႔လည္း ဒီနည္းပညာက ေထာက္ကူေပးပါတယ္။ ၂၀၀၁ ခုႏွစ္မွာ စတင္ မိတ္ဆက္ခဲ့တဲ့ Google Earth ဟာ ေနအိမ္ကေန ကမာၻႀကီးကို 3D ျဖင့္ ၾကည့္ရႈေလ့လာႏုိင္ပါတယ္။ အခုေတာ့ VR Headset ျဖင့္ ကမာၻႀကီးရဲ႕ အျခားတစ္ဖက္ကို စကၠန္႔ပိုင္းအတြင္း သင္တကယ္ ေရာက္ရွိေနသလို လည္ပတ္ႏုိင္ပါၿပီ။ Google Earth VR Video ကို ေအာက္မွာ ေဖာ္ျပေပးလိုက္ပါတယ္။

ref : android pit

unicode

Virtual Reality ကြောင့် အကျိုးရှိလာမယ့် နယ်ပယ်များ

လက်ရှိမှာတော့ Virtual Reality နည်းပညာကို ဂိမ်းကစားဖို့အတွက်သာ အဓိက အသုံးချနေကြပါတယ်။ ဒါပေမယ့် Virtual Reality နည်းပညာဟာ အနာဂတ်မှာ နယ်ပယ်များစွာမှာ အသုံးဝင်လာမှာ ဖြစ်ပါတယ်။ လူနာများရဲ့ ဝေဒနာကို ကုစားဖို့၊ ဒီဇိုင်းများ ရေးဆွဲဖို့၊ အနုပညာ လက်ရာများ ဖန်တီးဖို့၊ လူများနဲ့ ထိရောက်စွာ ဆက်သွယ်ဖို့၊ ပညာသင်ကြားဖို့ ၊ စီးပွားရေးလုပ်ငန်းများမှာ သုံးဖို့ အပါအဝင် နယ်ပယ်များစွာမျာ အကျိုးများစွာ ဖြစ်ထွန်းစေမှာပါ။ ဒီဆောင်းပါးမှာတော့ VR ကို အသုံးချနိုင်မယ့် နယ်ပယ် ၁၀ ခုကို ဖော်ပြလိုက်ပါတယ်။

ဆေးသိပ္ပံ

ဆေးသိပ္ပံနယ်ပယ်မှာ VR ကို များစွာ အသုံးချနိုင်ပါတယ်။ ဥပမာအာဖြင့် စိတ်ဓါတ်ကျနေတဲ့လူများ၊ စိတ်ကျန်းမာရေး ချို့တဲ့နေသူများအား VR နည်းပညာဖြင့် ကုစားနိုင်မယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဆေးရုံတက်နေတဲ့ ကလေးငယ်များအား နေအိမ်ရှိ သူ့ရဲ့ အိပ်ခန်းအတွင်းမှာ ရောက်နေသလို ပျော်ရွှင်စေမှာပါ။ မသန်စွမ်းသူများအတွက်လည်း အပြင်ကမ္ဘာကို အလည်ခေါ်သွားနိုင်မှာပါ။ ဘရာဇီးမှ သုတေသနပညာရှင်များက ဝမ်းဗိုက်အတွင်းမှာပဲ ရှိနေသေးတဲ့ သန္ဓေသားနဲ့ မိခင်အား တွေ့ဆုံပေးနိုင်ဖို့ VR ကို အသုံးပြုနေကြပါတယ်။ VR Headset နဲ့ 3D Software ကို အသုံးပြု၍ မိခင်က သန္ဓေသား ဘဝကတည်းက ကလေးငယ်နဲ့ ထိတွေ့ဆက်ဆံနိုင်မှာပါ။ အောက်မှာတော့ ကျန်းမာရေး စောင့်ရှောက်မှု ကုမ္ပဏီတစ်ခုက VR နဲ့ Software ကို အသုံးပြု၍ ဆေးကျောင်းသားများအား ခွဲစိတ်မှုကို သင်ကြားပေးနေတဲ့ ဗီဒီယိုကို တင်ဆက်ပေးလိုက်ပါတယ်။

ကာကွယ်ရေး

တောင်ကိုရီးယား ကုမ္ပဏီ DoDAAM က လေထီးဖြင့် ဆင်းသက်ရန် ခက်ခဲတဲ့ နေရာဒေသများမှာ အန္တရာယ်ကင်းစွာ ဆင်းသက်နိုင်အောင် စစ်သားများအား VR ဖြင့် သင်ကြားလေ့ကျင့်ပေးနေပါတယ်။ DoDAAM က စနိုက်ပါ သမားများ ရန်သူကို ရှာဖွေနိုင်မယ့် မှန်ဘီလူးအဖြစ် Oculus Rift ကို အသွင်ပြောင်းပေးမယ့် ဆော့ဝဲကိုလည်း တီထွင်နေပါတယ်။ ဗြိတိန် ကုမ္ပဏီ Plextex က စစ်သားများရဲ့ အသက်နဲ့ အစိုးရရဲ့ ငွေကြေးကို ချွေတာပေးဖို့ ကျန်းမာရေး ပြဿနာများကို စစ်ဆေးပေးတဲ့ Sensor နည်းပညာကို တီထွင်နေပါတယ်။ ရုရှားမှာ ရန်သူ့ပစ်မှတ်များထံ စေလွှတ်ဖို့ Drone ကို ခေါင်းလှုပ်ရမ်းခြင်းဖြင့် ထိန်းချုပ်နိုင်တဲ့ VR နည်းပညာပါတဲ့ Svarog Helmet ကို တီထွင်လိုက်ပါတယ်။ အောက်မှာတော့ VR ကို အသုံးချ၍ စစ်သားများအား စစ်မြေပြင်မှာ လေ့ကျင့်ပေးနေတဲ့ ဗီဒီယိုကို တင်ဆက်လိုက်ပါတယ်။

ဗိသုကာ

ဗိသုကာ ပညာ နယ်ပယ်မှာလည်း 2D , 3D Design များကို ဖန်တီးဖို့ VR က များစွာ အသုံးဝင်ပါတယ်။ Arch Virtual ကို တည်ထောင်သူ Jon Brouchoud က “ VR နည်းပညာဖြင့် ဒီဇိုင်းဆွဲထားတဲ့ အဆောက်အဦးထဲကို လည်ပတ်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ အဆောက်အဦး တည်ဆောက်တဲ့ အခါမှာ အသုံးပြုတဲ့ ကိရိယာများကို ကိုင်တွယ် သင်ကြားပေးဖို့အတွက်လည်း အသုံးဝင်မှာ ဖြစ်ပါတယ်။ ဒီဇိုင်းရေးဆွဲနေစဉ်မှာပဲ အဆောက်အဦးထဲမှာ စစ်ဆေးနိုင်တဲ့အတွက် နည်းပညာ အားနည်းချက်များကိုလည်း လေ့လာနိုင်ပြီး ကြိုတင်ပြင်ဆင်နိုင်မှာ ဖြစ်ပါတယ်။ “ လို့ ပြောပါတယ်။

အနုပညာ

ဒစ်ဂျစ်တယ် အနုပညာလက်ရာ ပစ္စည်းများကို ဖန်တီးဖို့ သင့်လက်ချောင်းနဲ့ စကရင်တစ်ခု ရှိရုံနဲ့ အဆင်ပြေပါပြီ။ အနာဂတ်မှာ သုံးဖက်မြင် အနုပညာလက်ရာများကို ဖန်တီးလာနိုင်ကြမှာပါ။ ဒါဟာ အနုပညာသမားများအတွက် ဖန်တီးနိုင်မှု အခွင့်အလမ်းများကို များစွာ တိုးမြှင့်ပေးမှာပါ။ Google က 3D ဖြင့် ဒီဇိုင်းနဲ့ ပန်းချီများ ရေးဆွဲနိုင်မယ့် Tilt Brush App ကို ဖန်တီးပေးထားပြီး ဒေါ်လာ ၃၀ ဖြင့် ဝယ်ယူနိုင်ပါတယ်။ အောက်က ဗီဒီယိုမှာ သူ့ရဲ့ နည်းပညာကို လေ့လာနိုင်ပါတယ်။

လူမှုကွန်ရက်များ

ယခင်နှစ် အောက်တိုဘာလ ၆ ရက်နေ့မှာ Facebook ရဲ့ စီအီးအို Mark Zuckerberg က အတုအယောင် တက်ဘလက်တစ်ခုကို ကိုင်ထားတဲ့ သူ့ရဲ့ Selfie Photo ကို တင်ခဲ့ပါတယ်။ တက်ဘလက်ရဲ့ စကရင်မှာ သူ့ဇနီးကို ပြသထားပါတယ်။ နောက်တစ်နေ့ San Jose မှာ ကျင်းပတဲ့ Developer Conference မှာ သူဟာ အဝေးတစ်နေရာမှ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် ၂ ဦးနဲ့ အနီးကပ် စကားပြောနေတာကို သရုပ်ပြခဲ့ပါတယ်။ အဲဒီ သဘောတရားကို Facebook လို လူမှုကွန်ရက်များမှာ အသုံးချနိုင်မှာပါ။ အနာဂတ်မှာ အဝေးတစ်နေရာစီမှ သူငယ်ချင်း ၂ ယောက် Facebook မှာ လူချင်းတွေ့ပြီး စကားပြောနိုင်တော့မှာပါ။ သူ့ရဲ့ သရုပ်ပြ ဗီဒီယိုကို အောက်မှာ လေ့လာပါ။

ပညာရေး

မဝေးတော့တဲ့ အနာဂတ်မှာ ကျောင်းသားများဟာ စာသင်ခန်းထဲသွားစရာ မလိုဘဲ နေအိမ်ကနေ ထိရောက်စွာ စာသင်ကြားနိုင်မှာ ဖြစ်ပါတယ်။ VR နည်းပညာရဲ့ အကူအညီဖြင့် Julius Caesar နဲ့အတူ ရောမ အင်ပါယာ သမိုင်းကြောင်းကို လေ့လာနိုင်မှာပါ။ Christopher Columbus နဲ့ အတူ အမေရိကားကို ရွက်လွှင့် ရှာဖွေနိုင်မှာပါ။ လူ့ခန္တာကိုယ် အတွင်းပိုင်းကို ထဲထဲဝင်ဝင်လေ့လာနိုင်မှာ ဖြစ်ပါတယ်။ Body VR Video ကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

စီးပွားရေး

အနာဂတ်မှာတော့ အဝေးတစ်နေရာမှ လုပ်ဖော်ကိုင်ဖက်များနဲ့ အစည်းအဝေးခန်းထဲမှာ အနီးကပ် ဆွေးနွေးဖို့အတွက် VR Headset နဲ့ တက်ဘလက်တစ်လုံးသာ လိုအပ်တော့မှာ ဖြစ်ပါတယ်။ ကမ္ဘာအဝန်းမှာ စီးပွားရေးလုပ်ငန်းခွဲများစွာ ရှိတဲ့ ကုမ္ပဏီများအတွက် ပိုလို့တောင် အသုံးဝင်နိုင်ပါတယ်။ ဒူဘိုင်းမှာ ရှိတဲ့ အရောင်းမြှင့်တင်ရေး မန်နေဂျာနဲ့ သင်ရှိနေတဲ့ ဘာလင်မှ ကော်ဖီဆိုင်မှာ တွေ့ဆုံ စကားပြောနိုင်မှာပါ။ ဒီသဘောတရားကို အောက်ပါ ဗီဒီယိုမှာ လေ့လာနိုင်ပါတယ်။

သတင်းအချက်အလက်

The New York Times က အမေရိကန် သမ္မတရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးတဲ့ ကာလမှာ Hillary Clinton, Donald Trump, Bernie Sanders နဲ့ John Kasich တို့ အနာဂတ် မူဝါဒများကို ပြောကြားတဲ့ ၃၆၀ ဒီဂရီ ဗီဒီယိုကို ဖန်တီးခဲ့ပါတယ်။ ပြည်သူများက ဟောပြောတဲ့ ခန်းမထဲကို တကယ်ရောက်နေသလို သမ္မတလောင်းများကို အနီးကပ်လေ့လာနိုင်ခဲ့ကြပါတယ်။ အနာဂတ်မှာတော့ VR နည်းပညာဟာ သတင်းများ၊ သမ္မတလောင်းများရဲ့ စကားစစ်ထိုးပွဲများ၊ ဖက်ရှင်ရှိုးများ စတဲ့ သတင်းအချက်အလက် နည်းပညာ နယ်ပယ်မှာ များစွာ အထောက်အကူ ပြုတော့မှာပါ။

အားကစား

အားကစားပြိုင်ပွဲများကို VR Headset ဖြင့် ကြည့်ရှုရင်တော့ ကွင်းထဲကနေ ကြည့်ရှုရတာထက် ပိုမိုကောင်းမွန်မှာဖြစ်ပါတယ်။ ပြိုင်ပွဲတစ်ခုကို နှစ်သက်တဲ့ ရှုထောင့်မျိုးစုံကနေ ခံစားရမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲအတွင်း အငြင်းပွားဖွယ်ရာများကိုလည်း ဒီနည်းပညာက ဖြေရှင်းပေးနိုင်ပါတယ်။ ကြည့်ရှုသူများအတွက်သာမက အားကစားသမားများကိုလည်း VR ဖြင့် လေ့ကျင့် ပေးနေကြပါပြီ။ NFL ရဲ့ လေ့ကျင့်ရေး အစီအစဉ်များမှာ VR ကို ကျယ်ပြန့်စွာ သုံးနေကြပါတယ်။ VR ဖြင့် အားကစားသမားများကို လေ့ကျင့်ပေးနေတဲ့ ဗီဒီယိုကို အောက်မှာ လေ့လာပါ။

ခရီးသွားခြင်း

VR ဖြင့် အာကာသ၊ ပင်လယ်ရေအောက်တို့ကို လေ့လာနိုင်အောင် ဖန်တီးနေကြပါပြီ။ ငှက်တစ်ကောင်လို ကောင်းကင်ယံမှာ ပျံသန်းတဲ့ အတွေ့အကြုံကို ခံစားနိုင်ဖို့လည်း ဒီနည်းပညာက ထောက်ကူပေးပါတယ်။ ၂၀၀၁ ခုနှစ်မှာ စတင် မိတ်ဆက်ခဲ့တဲ့ Google Earth ဟာ နေအိမ်ကနေ ကမ္ဘာကြီးကို 3D ဖြင့် ကြည့်ရှုလေ့လာနိုင်ပါတယ်။ အခုတော့ VR Headset ဖြင့် ကမ္ဘာကြီးရဲ့ အခြားတစ်ဖက်ကို စက္ကန့်ပိုင်းအတွင်း သင်တကယ် ရောက်ရှိနေသလို လည်ပတ်နိုင်ပါပြီ။ Google Earth VR Video ကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

ref : android pit

You may be interested

Home Button မပါတဲ့ iPhone ,iPad မ်ားမွာ Screenshot ရိုက္ကူးနည္းမ်ား
Apple, FEATURES, HOW TO
118 shares30 views

Home Button မပါတဲ့ iPhone ,iPad မ်ားမွာ Screenshot ရိုက္ကူးနည္းမ်ား

Ko Thuya - Nov 12, 2018

ဖုန္းေတြမွာ သတင္းအခ်က္အလက္မ်ားကို လွ်င္ျမန္စြာ သိမ္းဖိုု႔ စကရင္ေရွာ့မ်ားဟာ အလြန္ အသံုး၀င္ပါတယ္။ ဒါေပမယ့္ ေနာက္ပိုင္းထုတ္ iOS Device မ်ားမွာ Home Button ကို ဖယ္ရွားလိုက္တဲ့ အတြက္ စကရင္ေရွာ့ ရိုက္နည္းမ်ား ေျပာင္းလဲသြားပါတယ္။ iPhone X နဲ႔…

Xiaomi Black Shark ကို ဥေရာပမွာ ႏို၀င္ဘာလ ၁၆ ရက္ေန႔တြင္ ေရာင္းေတာ့မည္
Android, HUBS, Mobiles & Tablets
206 shares26 views

Xiaomi Black Shark ကို ဥေရာပမွာ ႏို၀င္ဘာလ ၁၆ ရက္ေန႔တြင္ ေရာင္းေတာ့မည္

Ko Thuya - Nov 12, 2018

ေရွာင္မီက ဧၿပီလမွာ Black Shark Gaming Phone ကို ေၾကညာခဲ့ပါတယ္။ အခုေတာ့ သူ႔ကို ဥေရာပမွာ ေရာင္းခ်ေပးေတာ့မွာ ျဖစ္ပါတယ္။ ႏုိ၀င္ဘာလ ၁၆ ရက္ေန႔မွာ ႏိုင္ငံေပါင္း ၂၈ ႏုိင္ငံမွာ ေရာင္းခ်မွာ ျဖစ္ပါတယ္။ ေရွာင္မီရဲ႕ အြန္လိုင္းစတိုးမွာ…

VOOC ပါတဲ့ ဖုန္း အလံုးေရ သန္း ၁၀၀ ေက်ာ္ ေရာင္းခ်ထားေၾကာင္း Oppo ေၾကညာ
Android, HUBS, Mobiles & Tablets
117 shares14 views

VOOC ပါတဲ့ ဖုန္း အလံုးေရ သန္း ၁၀၀ ေက်ာ္ ေရာင္းခ်ထားေၾကာင္း Oppo ေၾကညာ

Ko Thuya - Nov 12, 2018

Oppo က ရွန္ဟိုင္းမွာ “Super VOOC Flash Charge Day” အမည္ရ ပြဲတစ္ခုကိုက်င္းပခဲ့ပါတယ္။ VOOC Fast Charging နည္းပညာ ပါတဲ့ ဖုန္း အလံုးေရ သန္း ၁၀၀ ေက်ာ္ ေရာင္းခ်ရတဲ့ အထိမ္းအမွတ္ အျဖစ္…

Leave a Comment

Most from this category