236 Shares 85 Views
Sep 16, 2018
236 85
unicode
Google က Pixel 3 ရဲ့ အရောင်များကို သိရပြီ
Google က Pixel 3 ရဲ့ Pomo Website မှာ သူတို့ရဲ့ အရောင်များကို အရိပ်အမြွက် ပြသလိုက်ပါတယ်။ စမတ်ဖုန်း သုံးလုံးရဲ့ ပုံများ နောက်ခံမှာ အနက်၊ အဖြူနဲ့ စိမ်းပြာရောင်များကို ပြသထားပါတယ်။ Google က အောက်တိုဘာလ ၉ ရက်နေ့မှာ Pixel 3 နဲ့ Pixel 3XL စမတ်ဖုန်းများကို ကြေညာမှာ ဖြစ်ပါတယ်။ အဲဒီ ဖုန်းများရဲ့ သတင်းအချက်အလက်များစွာလည်း ပေါက်ကြားထွက်ပေါ်ခဲ့ဖူးပါတယ်။
ယခင်ထွက်ပေါ်ခဲ့တဲ့ Pixel 3XL ရဲ့ ဓါတ်ပုံများမှာ သူ့ရဲ့ အရှေ့နဲ့ အနောက်ဘက် နှစ်ခုစလုံးကို မြင်ရပါတယ်။ စကရင်ရဲ့ အထက်မှာ Notch လည်း ပါလာပါတယ်။ Face Scanning အတွက် အနီအောက် ရောင်ခြည် ဆန်ဆာကို Notch မှာ တပ်ဆင်ထားပါတယ်။ Notch မှာ Selfie Camera နဲ့ စတီရီယို စပီကာများလည်း ပါပါတယ်။
အနောက်ဘက်ကတော့ Google Pixel 2 XL နဲ့ တူညီပါတယ်။ လက်ဗွေရာ အာရုံခံ ကိရိယာနဲ့ ကင်မရာ တစ်လုံးကို အနောက်ဘက်မှာ ထည့်သွင်းထားပါတယ်။ LED Flash လည်း ပါပါတယ်။ Active Edge စွမ်းရည်ပါပြီး ဖုန်းကို ညှစ်လိုက်ရင် Google Assistant ကို ဆင့်ခေါ်ပေးမှာပါ။ သူ့မှာ 3430mAh Battery ထည့်သွင်းထားပါတယ်။
သူ့ရဲ့ နာမည်ပြောင်မှာ Crosshatch ဖြစ်ပြီး 4GB RAM , 64GB Storage များ ပါလာမယ်လို့ သိရပါတယ်။ အရင်ကတော့ 128GB Storage ပါမယ်လို့ သတင်းထွက်ထားပါတယ်။ အခြား သတင်းအချက်အလက်များကတော့ ယခင်သတင်းများနဲ့ တူညီနေပါတယ်။ သူ့ကို အားသွင်းပေးမယ့် Pixel Stand ကိုလည်း ထုတ်လုပ်ထားမယ်လို့ သတင်းထွက်နေပါတယ်။ Pixel Stand မှာ Google Assistant ပါလာနိုင်ပါတယ်။ သဘောက သင့်ဖုန်းကို Pixel Stand မှာ စိုက်ထားပြီး Lock လုပ်ထားချိန်မှာ Google Assistant ကို မေးခွန်းများ မေးနိုင်မှာပါ။ သူ့မှာ ၆.၇၁ လက်မ 1440x2960p Display ထည့်သွင်းထားပါတယ်။
You may be interested
Home Button မပါတဲ့ iPhone ,iPad များမှာ Screenshot ရိုက်ကူးနည်းများ
Apple, FEATURES, HOW TO
118 shares30 views
Home Button မပါတဲ့ iPhone ,iPad များမှာ Screenshot ရိုက်ကူးနည်းများ
Ko Thuya - Nov 12, 2018
ဖုန်းတွေမှာ သတင်းအချက်အလက်များကို လျှင်မြန်စွာ သိမ်းဖို့ စကရင်ရှော့များဟာ အလွန် အသုံးဝင်ပါတယ်။ ဒါပေမယ့် နောက်ပိုင်းထုတ် iOS Device များမှာ Home Button ကို ဖယ်ရှားလိုက်တဲ့ အတွက် စကရင်ရှော့ ရိုက်နည်းများ ပြောင်းလဲသွားပါတယ်။ iPhone X နဲ့…
Xiaomi Black Shark ကို ဥရောပမှာ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ရောင်းတော့မည်
Android, HUBS, Mobiles & Tablets
206 shares26 views
Xiaomi Black Shark ကို ဥရောပမှာ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ရောင်းတော့မည်
Ko Thuya - Nov 12, 2018
ရှောင်မီက ဧပြီလမှာ Black Shark Gaming Phone ကို ကြေညာခဲ့ပါတယ်။ အခုတော့ သူ့ကို ဥရောပမှာ ရောင်းချပေးတော့မှာ ဖြစ်ပါတယ်။ နိုဝင်ဘာလ ၁၆ ရက်နေ့မှာ နိုင်ငံပေါင်း ၂၈ နိုင်ငံမှာ ရောင်းချမှာ ဖြစ်ပါတယ်။ ရှောင်မီရဲ့ အွန်လိုင်းစတိုးမှာ…
VOOC ပါတဲ့ ဖုန်း အလုံးရေ သန်း ၁၀၀ ကျော် ရောင်းချထားကြောင်း Oppo ကြေညာ
Android, HUBS, Mobiles & Tablets
117 shares14 views
VOOC ပါတဲ့ ဖုန်း အလုံးရေ သန်း ၁၀၀ ကျော် ရောင်းချထားကြောင်း Oppo ကြေညာ
Ko Thuya - Nov 12, 2018
Oppo က ရှန်ဟိုင်းမှာ “Super VOOC Flash Charge Day” အမည်ရ ပွဲတစ်ခုကိုကျင်းပခဲ့ပါတယ်။ VOOC Fast Charging နည်းပညာ ပါတဲ့ ဖုန်း အလုံးရေ သန်း ၁၀၀ ကျော် ရောင်းချရတဲ့ အထိမ်းအမှတ် အဖြစ်…
Leave a Comment
Most from this category