58 Shares 48 Views


Sep 16, 2018
58 48





unicode

Samsung က AKG Wireless Headphone (၃) မျိုးကို ပြသ

Samsung က AKG Wireless Headphone များကို ပြသလိုက်ပါတယ်။ Neckbuds , On-Ear နဲ့ Over-the-Ear အမျိုးအစားများ ဖြစ်ကြပါတယ်။ အမည်များမှာ Y100 , Y500 နဲ့ N700NC တို့ အသီးသီး ဖြစ်ကြပါတယ်။ ဈေးနှုန်းအနေနဲ့ ၁၀၀ ၊ ၁၅၀ ၊ ၃၅၀ ဒေါ်လာ အသီးသီး သတ်မှတ်ထားပါတယ်။ ပထမ နှစ်ခုမှာ ပတ်ဝန်းကျင်မှ အသံများကို ကြားရတဲ့ Ambient Aware နည်းပညာ ပါရှိပါတယ်။ နောက်ဆုံးတစ်ခုမှာ ပတ်ဝန်းကျင်မှ ကြားရတဲ့ အသံပမာဏကို ထိန်းချုပ်နိုင်တဲ့ Adaptive Noise Canceling နည်းပညာ ထည့်သွင်းထားပါတယ်။

N700NC ရဲ့ တန်ဖိုးဟာ အားလုံးထဲမှာ အကြီးဆုံး ဖြစ်ပေမယ့် Y500 မှာ လုပ်ဆောင်ချက်များ ပိုမို ပါပါတယ်။ သူက Headphone ကို ချွတ်လိုက်တာနဲ့ သီချင်းကို ရပ်ပေးထားမှာပါ။ ဒါ့အပြင် N700NC ရဲ့ ၂၀ နာရီ ဘက်ထရီသက်တမ်းထက် ပိုကြာပြီး ၃၃ နာရီ အသုံးခံပါတယ်။ Y100 ကတော့ ၈ နာရီ အသုံးခံပါတယ်။

Y500 ဟာ တစ်ချိန်ထဲမှာ Bluetooth Device ၂ ခုနဲ့ ချိတ်ဆက်နိုင်ပါတယ်။ Y100 နဲ့ Y500 ကို အရောင်လေးမျိုး ထုတ်လုပ်ပေးထားပြီး အပြာ၊ အစိမ်း၊ အနက်နဲ့ ပန်းရောင်များ ဖြစ်ပါတယ်။ N700NC ကိုတော့ ငွေရောင်တစ်မျိုးသာ ထုတ်လုပ်ပေးထားပါတယ်။

Y500 နဲ့ Y100 ကို အမေရိကန်မှာ AKG , Samsung , Amzon , Sprint , US Cellular တို့ကနေ ဝယ်ယူနိုင်ပါတယ်။ N700NC ကို ယခုနှစ်နောက်ပိုင်းမှာ AKG , Amazon ,Samsung တို့ကနေ ရောင်းချပေးမှာပါ။

You may be interested

Home Button မပါတဲ့ iPhone ,iPad များမှာ Screenshot ရိုက်ကူးနည်းများ
Apple, FEATURES, HOW TO
118 shares30 views

Home Button မပါတဲ့ iPhone ,iPad များမှာ Screenshot ရိုက်ကူးနည်းများ

Ko Thuya - Nov 12, 2018

ဖုန်းတွေမှာ သတင်းအချက်အလက်များကို လျှင်မြန်စွာ သိမ်းဖို့ စကရင်ရှော့များဟာ အလွန် အသုံးဝင်ပါတယ်။ ဒါပေမယ့် နောက်ပိုင်းထုတ် iOS Device များမှာ Home Button ကို ဖယ်ရှားလိုက်တဲ့ အတွက် စကရင်ရှော့ ရိုက်နည်းများ ပြောင်းလဲသွားပါတယ်။ iPhone X နဲ့…

Xiaomi Black Shark ကို ဥရောပမှာ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ရောင်းတော့မည်
Android, HUBS, Mobiles & Tablets
206 shares26 views

Xiaomi Black Shark ကို ဥရောပမှာ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ရောင်းတော့မည်

Ko Thuya - Nov 12, 2018

ရှောင်မီက ဧပြီလမှာ Black Shark Gaming Phone ကို ကြေညာခဲ့ပါတယ်။ အခုတော့ သူ့ကို ဥရောပမှာ ရောင်းချပေးတော့မှာ ဖြစ်ပါတယ်။ နိုဝင်ဘာလ ၁၆ ရက်နေ့မှာ နိုင်ငံပေါင်း ၂၈ နိုင်ငံမှာ ရောင်းချမှာ ဖြစ်ပါတယ်။ ရှောင်မီရဲ့ အွန်လိုင်းစတိုးမှာ…

VOOC ပါတဲ့ ဖုန်း အလုံးရေ သန်း ၁၀၀ ကျော် ရောင်းချထားကြောင်း Oppo ကြေညာ
Android, HUBS, Mobiles & Tablets
117 shares14 views

VOOC ပါတဲ့ ဖုန်း အလုံးရေ သန်း ၁၀၀ ကျော် ရောင်းချထားကြောင်း Oppo ကြေညာ

Ko Thuya - Nov 12, 2018

Oppo က ရှန်ဟိုင်းမှာ “Super VOOC Flash Charge Day” အမည်ရ ပွဲတစ်ခုကိုကျင်းပခဲ့ပါတယ်။ VOOC Fast Charging နည်းပညာ ပါတဲ့ ဖုန်း အလုံးရေ သန်း ၁၀၀ ကျော် ရောင်းချရတဲ့ အထိမ်းအမှတ် အဖြစ်…

Leave a Comment

Most from this category