376 Shares 922 Views

Xiaomi က Mi 8 Youth Edition ရဲ့ Teaser Video ကို ပြသ

Sep 16, 2018
376 922





unicode

Xiaomi က Mi 8 Youth Edition ရဲ့ Teaser Video ကို ပွသ

Xiaomi က စက်တင်ဘာလ ၁၉ ရက်နေ့မှာ စမတ်ဖုန်း အသစ်များကို ကြေညာမှာ ဖြစ်ပါတယ်။ အဲဒီအထဲမှာ Mi 8 Youth ပါဝင်ပါတယ်။ သူဟာ Mi 8 ရဲ့ မော်ဒယ်ကွဲတစ်ခု ဖြစ်ပါတယ်။ သူဟာ Mi 8 SE ထက် ဈေးနှုန်းချိုသာပြီး တရုတ်ယွမ် ၁၉၉၉ ( ၂၉၀ ဒေါ်လာ ဝန်းကျင်) ကျသင့်နိုင်ပါတယ်။ အခုတော့ ရှောင်မီက တရုတ် လူမှုကွန်ရက် ဝီဘိုမှာ သူ့ရဲ့ Teaser Video တစ်ခုကို ပြသလိုက်ပါတယ်။

ဗီဒီယိုမှာ ဖုန်းရဲ့ ဒီဇိုင်းကို ပြသထားပါတယ်။ ဖုန်းရဲ့ အနောက်ဘက်ကို အသားပေးပြထားပြီး ဖန်ဖြင့် ဖုံးအုပ်ထားပါတယ်။ ယခင် သတင်းများအရ Mi 8 Youth မှာ အတွက် မော်ဒယ်သုံးမျိုးထုတ်လုပ်ထားမှာ ဖြစ်ပြီး 4GB RAM + 64GB Storage, 6GB RAM + 64GB Storage, 6GB RAM + 128GB Storage များ ရွေးချယ်နိုင်ပါတယ်။ အရောင်များ အနေနဲ့ အညို၊ ရွှေနဲ့ အပြာရောင်များ ထုတ်လုပ်ပေးထားပါတယ်။

သူ့အပြင် Xiaomi Mi 8 Screen Fingerprint Edition ကိုလည်း ကြေညာမှာပါ။ Xiaomi Mi 8 Screen Fingerprint Edition အတွက် မော်ဒယ် ၂ မျိုးထုတ်လုပ်ပေးထားပြီး 6GB RAM + 128GB Storage နဲ့ 8GB RAM + 128GB Storage များ ဖြစ်ပါတယ်။ အနက်နဲ့ ရွှေရောင်များ ထုတ်လုပ်ပေးထားပါတယ်။

သူတို့ရဲ့ Specifications များကိုတော့ မသိရသေးပါဘူး။ Mi 8 Youth ဟာ Mi 8 ရဲ့ တန်ဖိုးနည်း မော်ဒယ် ဖြစ်နိုင်ပါတယ်။ သူ့မှာ Snapdragon 710 Chipset ထည့်သွင်းထားနိုင်ပါတယ်။ ကင်မရာများကတော့ Mi 8 နဲ့ တူညီနိုင်ပါတယ်။ Mi 8 Screen Fingerprint Edition မှာတော့ Mi 8 Explorer Edition မှာလို မျက်နှာပြင်အောက် လက်ဗွေရာ အာရုံခံ ကိရိယာ ပါလာနိုင်ပါတယ်။ အခြား အဓိက Specs များကတော့ သူဟာ Mi 8 နဲ့ တူညီနိုင်ပါတယ်။

You may be interested

အပြင်ဘက်ကို ခေါက်ချိုးနိုင်တဲ့ Foldable iPhone ကို ၂၀၂၀ ခုနှစ်မှာ ကြေညာမည်
Android, Apple, HUBS
0 shares0 views

အပြင်ဘက်ကို ခေါက်ချိုးနိုင်တဲ့ Foldable iPhone ကို ၂၀၂၀ ခုနှစ်မှာ ကြေညာမည်

Ko Thuya - Jan 17, 2019

ဆမ်ဆောင်းက ဒီလ ၂၀ ရက်နေ့မှာ ခေါက်ချိုး စမတ်ဖုန်းကို ကြေညာတော့မှာ ဖြစ်ပါတယ်။ Huawei နဲ့ LG တို့ကလည်း သူတို့ရဲ့ ခေါက်ချိုး စမတ်ဖုန်းများကို ပြသကြတော့မှာ ဖြစ်ပါတယ်။ Apple ကလည်း ဒီပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မှာပါ။ ကုမ္ပဏီက ပြိုင်ဖက်များနဲ့…

ဖုန်းထိန်းချုပ် အလိုအလျောက် ကြိုးချည်ဖိနပ်ကို Nike ထုတ်ပြီ
Gadgets, NEWS
0 shares0 views

ဖုန်းထိန်းချုပ် အလိုအလျောက် ကြိုးချည်ဖိနပ်ကို Nike ထုတ်ပြီ

Nigma - Jan 17, 2019

(Zawgyi) Nike ဟာ ယနေ့မှာ Adapt BB ဆိုတဲ့ နည်းပညာမြင့် ဘတ်စကတ်ဘောဖိနပ်တမျိုးကို မိတ်ဆက်လိုက်ပါတယ်။ Adapt BB ဖိနပ်ဟာ အလိုအလျောက်ကြိုးချည်နိုင်ပြီး၊ ခြေထောက်အရွယ်အစားနဲ့  အံကိုက် ဖြစ်နေအောင် အလိုအလျောက် ကြိုးအတင်းအလျော့ လုပ်ပေးနိုင်ပါတယ်။ ဒါတင် မကသေးပါဘူး။ အရင်က…

LG က MWC 2019 မှာ ခေါက်ချိုး စမတ်ဖုန်းကို ပြသမည်
Android, HUBS, LG
93 shares9 views

LG က MWC 2019 မှာ ခေါက်ချိုး စမတ်ဖုန်းကို ပြသမည်

Ko Thuya - Jan 17, 2019

လာမယ့်လမှာ ဘာစီလိုနာတွင် MWC 2019 ကို ကျင်းပတော့မှာ ဖြစ်ပါတယ်။ Xiaomi နဲ့ Sony တို့က အဲဒီပွဲမှာ ပါဝင် ပြသဖို့ ဖိတ်စာများ ဝေငှထားပြီးပါပြီ။ LG ကလည်း အဲဒီပွဲမှာ ခေါက်ချိုး စမတ်ဖုန်းကို ပြသမယ်လို့ တောင်ကိုရီးယားကနေ…

Leave a Comment

Most from this category