91 Shares 39 Views

Razer Phone 2 ကို ေအာက္တိုဘာလ ၁၀ ရက္ေန႔မွာ ေၾကညာမည္

Sep 16, 2018
91 39

Razer က မ်ိဳးဆက္သစ္ စမတ္ဖုန္းကို မိတ္ဆက္ပြဲအတြက္ ဖိတ္စာမ်ား ျဖန္႔ေ၀လိုက္ပါတယ္။ ေအာက္တိုဘာလ ၁၀ ရက္ေန႔မွာ ေဟာလီး၀ုဒ္မွာ က်င္းပမွာ ျဖစ္ပါတယ္။ ဖိတ္စာမွာ မိတ္ဆက္မယ့္ ဖုန္းကို ေဖာ္ျပထားျခင္း မရွိေပမယ့္ သတင္းမ်ားထြက္ေပၚေနတဲ့ Razer Phone 2 ပဲ ျဖစ္မွာ ေသခ်ာပါတယ္။ ေအာက္တိုဘာလမွာ ဖုန္းအသစ္မ်ား ထြက္ဖို႔ ရွိေနပါတယ္။ ၃ ရက္ေန႔မွာ LG V40 ThinQ ၊ ၁၆ ရက္ေန႔မွာ Huawei Mate 20 ၊ ၉ ရက္ေန႔မွာ Google Pixel 3 မ်ားကို ေၾကညာၾကမွာ ျဖစ္ပါတယ္။

မၾကာခင္ကလည္း Razer Phone 2 ရဲ႕ ဓါတ္ပံု ထြက္ေပၚလာပါတယ္။ သူဟာ မူလ ေမာ္ဒယ္နဲ႔ ခြဲမရေအာင္ တူပါတယ္။ ေအာက္မွာ သူတို႔ ႏွစ္လံုးကို ယွဥ္ျပထားပါတယ္။ ဘယ္ဘက္က မူလေမာ္ဒယ္ ျဖစ္ၿပီး ညာဘက္က ေမာ္ဒယ္ အသစ္ ျဖစ္ပါတယ္။

ေမာ္ဒယ္အသစ္ရဲ႕ ဘယ္နဲ႔ ညာဘက္မွ ေဘာင္မ်ားက မူလေမာ္ဒယ္ထက္ ႀကီးမားေနတာက အံ့အားသင့္စရာ ေကာင္းပါတယ္။ လက္ရွိ စမတ္ဖုန္း Trend အရ ပုိမိုေသးငယ္သြားတာပဲ ျဖစ္သင့္ပါတယ္။ ေမာ္ဒယ္ အသစ္မွာ Cheoma LED Effects ပါလာမယ္လို႔ သတင္းထြက္ေနတဲ့ အတြက္ Notifications မ်ားဟာ အေရာင္စံုနဲ႔ ျပသမွာပါ။

သူ႔ရဲ႕ သတင္းအခ်က္အလက္မ်ား AnTuTu မွာ ထြက္ေပၚခဲ့ဖူးပါတယ္။ သူ႔မွာ 512GB Internal Storage ထည့္သြင္းထားတဲ့အတြက္ ဂိမ္းနဲ႔ ေဒတာ မ်ားစြာ ထည့္သြင္းထားႏုိင္ပါတယ္။ သူ႔မွာ Qualcomm Snapdragon 845 Chipset , 8GB RAM , Android 8.1 Oreo OS မ်ား ထည့္သြင္းထားပါတယ္။ မ်က္ႏွာျပင္ရဲ႕ အရည္အေသြးမွာ 1440x2560p QHD ျဖစ္ပါတယ္။ မ်က္ႏွာျပင္အခ်ိဳးမွာ 16:9 ျဖစ္ပါတယ္။ မ်က္ႏွာျပင္ဟာ 120Hz အျမန္ႏႈန္းကို ေထာက္ပံ့ၿပီး Qualcomm Q-Sync နည္းပညာ ပါပါတယ္။

Sharp ရဲ႕ အရည္အေသြးျမင့္ IGZO IPS Display ကို အသံုးျပဳထားတာ ျဖစ္ပါတယ္။ ပထမဆံုး Razer Phone သူ႔ကို ၆၉၉ ေဒၚလာျဖင့္ေရာင္းခ်ေပးခဲ့ၿပီး Razer Phone 2 ကလည္း ဒီေစ်းေလာက္ ရွိႏုိင္ပါတယ္

unicode

Razer Phone 2 ကို အောက်တိုဘာလ ၁၀ ရက်နေ့မှာ ကြေညာမည်

Razer က မျိုးဆက်သစ် စမတ်ဖုန်းကို မိတ်ဆက်ပွဲအတွက် ဖိတ်စာများ ဖြန့်ဝေလိုက်ပါတယ်။ အောက်တိုဘာလ ၁၀ ရက်နေ့မှာ ဟောလီးဝုဒ်မှာ ကျင်းပမှာ ဖြစ်ပါတယ်။ ဖိတ်စာမှာ မိတ်ဆက်မယ့် ဖုန်းကို ဖော်ပြထားခြင်း မရှိပေမယ့် သတင်းများထွက်ပေါ်နေတဲ့ Razer Phone 2 ပဲ ဖြစ်မှာ သေချာပါတယ်။ အောက်တိုဘာလမှာ ဖုန်းအသစ်များ ထွက်ဖို့ ရှိနေပါတယ်။ ၃ ရက်နေ့မှာ LG V40 ThinQ ၊ ၁၆ ရက်နေ့မှာ Huawei Mate 20 ၊ ၉ ရက်နေ့မှာ Google Pixel 3 များကို ကြေညာကြမှာ ဖြစ်ပါတယ်။

မကြာခင်ကလည်း Razer Phone 2 ရဲ့ ဓါတ်ပုံ ထွက်ပေါ်လာပါတယ်။ သူဟာ မူလ မော်ဒယ်နဲ့ ခွဲမရအောင် တူပါတယ်။ အောက်မှာ သူတို့ နှစ်လုံးကို ယှဉ်ပြထားပါတယ်။ ဘယ်ဘက်က မူလမော်ဒယ် ဖြစ်ပြီး ညာဘက်က မော်ဒယ် အသစ် ဖြစ်ပါတယ်။

မော်ဒယ်အသစ်ရဲ့ ဘယ်နဲ့ ညာဘက်မှ ဘောင်များက မူလမော်ဒယ်ထက် ကြီးမားနေတာက အံ့အားသင့်စရာ ကောင်းပါတယ်။ လက်ရှိ စမတ်ဖုန်း Trend အရ ပိုမိုသေးငယ်သွားတာပဲ ဖြစ်သင့်ပါတယ်။ မော်ဒယ် အသစ်မှာ Cheoma LED Effects ပါလာမယ်လို့ သတင်းထွက်နေတဲ့ အတွက် Notifications များဟာ အရောင်စုံနဲ့ ပြသမှာပါ။

သူ့ရဲ့ သတင်းအချက်အလက်များ AnTuTu မှာ ထွက်ပေါ်ခဲ့ဖူးပါတယ်။ သူ့မှာ 512GB Internal Storage ထည့်သွင်းထားတဲ့အတွက် ဂိမ်းနဲ့ ဒေတာ များစွာ ထည့်သွင်းထားနိုင်ပါတယ်။ သူ့မှာ Qualcomm Snapdragon 845 Chipset , 8GB RAM , Android 8.1 Oreo OS များ ထည့်သွင်းထားပါတယ်။ မျက်နှာပြင်ရဲ့ အရည်အသွေးမှာ 1440x2560p QHD ဖြစ်ပါတယ်။ မျက်နှာပြင်အချိုးမှာ 16:9 ဖြစ်ပါတယ်။ မျက်နှာပြင်ဟာ 120Hz အမြန်နှုန်းကို ထောက်ပံ့ပြီး Qualcomm Q-Sync နည်းပညာ ပါပါတယ်။

Sharp ရဲ့ အရည်အသွေးမြင့် IGZO IPS Display ကို အသုံးပြုထားတာ ဖြစ်ပါတယ်။ ပထမဆုံး Razer Phone သူ့ကို ၆၉၉ ဒေါ်လာဖြင့်ရောင်းချပေးခဲ့ပြီး Razer Phone 2 ကလည်း ဒီဈေးလောက် ရှိနိုင်ပါတယ်

You may be interested

အျပင္ဘက္ကို ေခါက္ခ်ိဳးႏုိင္တဲ့ Foldable iPhone ကို ၂၀၂၀ ခုႏွစ္မွာ ေၾကညာမည္
Android, Apple, HUBS
0 shares0 views

အျပင္ဘက္ကို ေခါက္ခ်ိဳးႏုိင္တဲ့ Foldable iPhone ကို ၂၀၂၀ ခုႏွစ္မွာ ေၾကညာမည္

Ko Thuya - Jan 17, 2019

ဆမ္ေဆာင္းက ဒီလ ၂၀ ရက္ေန႔မွာ ေခါက္ခ်ိဳး စမတ္ဖုန္းကို ေၾကညာေတာ့မွာ ျဖစ္ပါတယ္။ Huawei နဲ႔ LG တို႔ကလည္း သူတို႔ရဲ႕ ေခါက္ခ်ိဳး စမတ္ဖုန္းမ်ားကို ျပသၾကေတာ့မွာ ျဖစ္ပါတယ္။ Apple ကလည္း ဒီၿပိဳင္ပြဲမွာ ပါ၀င္ယွဥ္ၿပိဳင္မွာပါ။ ကုမၸဏီက ၿပိဳင္ဖက္မ်ားနဲ႔…

ဖုန္းထိန္းခ်ဳပ္ အလိုအေလ်ာက္ ၾကိဳးခ်ည္ဖိနပ္ကို Nike ထုတ္ျပီ
Gadgets, NEWS
0 shares0 views

ဖုန္းထိန္းခ်ဳပ္ အလိုအေလ်ာက္ ၾကိဳးခ်ည္ဖိနပ္ကို Nike ထုတ္ျပီ

Nigma - Jan 17, 2019

(Zawgyi) Nike ဟာ ယေန႔မွာ Adapt BB ဆိုတဲ့ နည္းပညာျမင့္ ဘတ္စကတ္ေဘာဖိနပ္တမ်ိဳးကို မိတ္ဆက္လိုက္ပါတယ္။ Adapt BB ဖိနပ္ဟာ အလိုအေလ်ာက္ၾကိဳးခ်ည္ႏိုင္ျပီး၊ ေျခေထာက္အရြယ္အစားနဲ႔  အံကိုက္ ျဖစ္ေနေအာင္ အလိုအေလ်ာက္ ၾကိဳးအတင္းအေလ်ာ့ လုပ္ေပးႏိုင္ပါတယ္။ ဒါတင္ မကေသးပါဘူး။ အရင္က…

LG က MWC 2019 မွာ ေခါက္ခ်ိဳးု စမတ္ဖုန္းကို ျပသမည္
Android, HUBS, LG
93 shares9 views

LG က MWC 2019 မွာ ေခါက္ခ်ိဳးု စမတ္ဖုန္းကို ျပသမည္

Ko Thuya - Jan 17, 2019

လာမယ့္လမွာ ဘာစီလိုနာတြင္ MWC 2019 ကို က်င္းပေတာ့မွာ ျဖစ္ပါတယ္။ Xiaomi နဲ႔ Sony တို႔က အဲဒီပြဲမွာ ပါ၀င္ ျပသဖို႔ ဖိတ္စာမ်ား ေ၀ငွထားၿပီးပါၿပီ။ LG ကလည္း အဲဒီပြဲမွာ ေခါက္ခ်ိဳး စမတ္ဖုန္းကို ျပသမယ္လို႔ ေတာင္ကိုရီးယားကေန…

Leave a Comment

Most from this category