93 Shares 65 Views
Sep 15, 2018
93 65
Download
unicode
ဒီတစ်ပတ် Game for You အတွက် ရွေးပေးချင်တဲ့ Gladiabots
Gladiabots ဟာ ပျော်စရာကောင်းတဲ့ Strategy Game ဖြစ်ပါတယ်။ စက်ရုပ်အဖွဲ့များ ယှဉ်ပြိုင်တိုက်ခိုက်ရတာ ဖြစ်ပါတယ်။ ဒီစက်ရုပ်များဟာ အလိုအလျှောက် အလုပ်လုပ်တဲ့အတွက် သူတို့ကို သင်က တိုက်ရိုက် ထိန်းချုပ်လို့ မရပါဘူး။ သူတို့က သင် ပရိုဂရမ် ရေးဆွဲထားတဲ့ အတိုင်း အလုပ်လုပ်ပါတယ်။ ဒီလို ရေးဆွဲဖို့ သင်ဟာ Coding သင်တန်းများ တက်စရာ မလိုပါဘူး။
သင့်ရဲ့ စက်ရုပ် အဖွဲ့အတွက် ပရိုဂရမ် ရေးဆွဲဖို့ သင့်အား Action နဲ့ Reactions များကို လွယ်ကူတဲ့ ရုပ်ပုံကားချပ်များဖြင့် သင်ကြားပေးပါတယ်။ ဒီလိုကစားရတာ ရှုပ်ထွေးတယ်လို့ ထင်ရပေမယ့် ဂိမ်းက အထူးဒီဇိုင်းထုတ်ထားတဲ့ သင်ခန်းစာများဖြင့် သင့်ကို သင်ကြားပေးမှာ ဖြစ်ပါတယ်။ ပရိုဂရမ်းမင်း အခြေခံကို လေ့လာချင်သူများအတွက်လည်း အသုံးဝင်ပါတယ်။
သင်ဟာ ကွန်ပြူတာနဲ့ သာမက လူသား ပြိုင်ဖက်များနဲ့ပါ ယှဉ်ပြိုင်နိုင်ပါတယ်။ ဂိမ်းရဲ့ Steam နဲ့ iOS Version များမှာ Cross-play ကို ထောက်ပံ့ပါတယ်။ အားသာချက်၊ အားနည်းချက် မျိုးစုံရှိတဲ့ စက်ရုပ်များစွာကို ရွေးချယ်နိုင်ပါတယ်။ သူ့ကို Android 4.1 နဲ့ သူ့အထက်မှာ ကစားနိုင်ပါတယ်။ အခမဲ့ ကစားနိုင်ပေမယ့် In-app Purchase ပါပါတယ်။
Download
You may be interested
ကင်မရာ ၃ လုံး ပါတဲ့ Huawei Mate 20 Pro ရဲ့ ဓါတ်ပုံများ ထွက်ပေါ်လာ
Android, Huawei, HUBS
0 shares0 views
ကင်မရာ ၃ လုံး ပါတဲ့ Huawei Mate 20 Pro ရဲ့ ဓါတ်ပုံများ ထွက်ပေါ်လာ
Ko Thuya - Sep 25, 2018
Huawei Mate 20 Pro ရဲ့ ဓါတ်ပုံများ ပေါက်ကြားထွက်ပေါ်လာပါတယ်။ အပြာ၊ အနက်နဲ့ မိုးပြာရောင်များ ဖြစ်ပါတယ်။ စွဲဆောင်မှု အကောင်းဆုံးက Twilight အမည်ရ မိုးပြာရောင် ဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့ လက IFA ပွဲမှာ ကြေညာခဲ့တဲ့…
Drop Test မှာ အခြေအနေ မကောင်းခဲ့တဲ့ iPhone XS နဲ့ XS Max
Apple, HUBS, Mobiles & Tablets
215 shares58 views
Drop Test မှာ အခြေအနေ မကောင်းခဲ့တဲ့ iPhone XS နဲ့ XS Max
Ko Thuya - Sep 25, 2018
Apple ကတော့ iPhone XS နဲ့ XS Max မှာ သုံးထားတဲ့ ဖန်သားဟာ အလွန် မာကျောကြံ့ခိုင်တယ်လို့ ကြေညာထားပါတယ်။ အခုတော့ အဲဒီ စမတ်ဖုန်းများရဲ့ အကြမ်းခံမှုကို စမ်းသပ်တဲ့ ဗီဒီယိုတစ်ခု ထွက်ပေါ်လာပါတယ်။ Drop Test မှာ…
iPhone XS နဲ့ iPhone XS Max တို့အတွက် Tips & Tricks များ (အပိုင်း ၂)
Apple, FEATURES, HOW TO
141 shares52 views
iPhone XS နဲ့ iPhone XS Max တို့အတွက် Tips & Tricks များ (အပိုင်း ၂)
Ko Thuya - Sep 24, 2018
iPhone XS နဲ့ iPhone XS Max တို့မှာ ယခင်နှစ် iPhone X ထက် ပြောင်းလဲတိုးတက်လာမှုများ ပါဝင်လာပါတယ်။ ပြောင်းလဲသွားတဲ့ Tips & Tricks များလည်း ပါလာပါတယ်။ အိုင်ဖုန်း အဟောင်း ကိုင်ထားသူများအတွက်လည်း နည်းလမ်းအချို့ဟာ…
Leave a Comment
Most from this category