0 Shares 104 Views

မီးပူတိုက္စရာ မလိုဘဲ အ၀တ္အစားမ်ားကို ျပန္႔ျပဴးေစမယ့္ LG Styler

Sep 15, 2018
0 104

LG က ေနအိမ္သံုး အီလက္ထေရာနစ္ ကိရိယာမ်ား ထုတ္လုပ္ရာမွာ ကမာၻ႕ ထိပ္တန္း ကုမၸဏီ တစ္ခု ျဖစ္ပါတယ္။ သူ႔ရဲ႕ အ၀တ္ေလွ်ာ္စက္မ်ား၊ ေလပူ ၊ ေလေအး ေပးစက္မ်ားဟာ နာမည္ႀကီးၿပီး လူတန္းစားမ်ိဳးစံု ၀ယ္ယူႏုိင္ေအာင္ ေမာ္ဒယ္မ်ားစြာ ထုတ္လုပ္ေပးထားပါတယ္။ အခုလည္း LG က အ၀တ္အစားမ်ားကို ျပန္႔ျပဴးေစၿပီး အနံ႔အသက္ဆိုးမ်ားကို ဖယ္ရွားေပးတဲ့ Styler ကို ျပသလိုက္ပါတယ္။ သူဟာ အ၀တ္ ဘီဒိုနဲ႔ ဆင္တူပါတယ္။

အ၀တ္အစားမ်ားကို ျပန္႔ျပဴး၊ စင္ၾကယ္ေစဖို႔အတြက္ မီနစ္ ၂၀ ေလာက္သာ သူ႔အထဲမွာ ထည့္ထားဖို႔ လိုအပ္ပါတယ္။ သူဟာ Allergies ရွိသူမ်ားအတြက္လည္း သင့္ေတာ္ၿပီး Asthma and Allergy Foundation of America ထံကေန အသိအမွတ္ျပဳ လက္မွတ္ရရွိထားပါတယ္။ စစ္တမ္းမ်ားအရ အေမရိကန္ လူမ်ိဳး ငါးဦးမွာ တစ္ဦးဟာ Allergies ေရာဂါ ရွိပါတယ္။

LG Styler မွာ SmartThinQ ပါၿပီး Android , iPhone မ်ားမွ SmartThinQ App နဲ႔ ခ်ိတ္ဆက္ႏုိင္ပါတယ္။ Users မ်ားက Google Assistant ကေန တစ္ဆင့္ အသံအမိန္႔မ်ားျဖင့္ သူ႔ကို ခိုင္းေစႏုိင္ပါတယ္။ ဒါ့အျပင္ SmartThinQ App ကေန အ၀တ္အစားမ်ားရဲ႕ အေျခအေနနဲ႔ Styler ရဲ႕ စြမ္းအင္ အသံုးျပဳမႈအေျခအေနမ်ားကို စစ္ေဆးႏုိင္ပါတယ္။

App က အ၀တ္အစားမ်ား ျပန္႔ျပဴးသြားတဲ့ အခ်ိန္မွာ စမတ္ဖုန္းထံ Notification ေပးပို႔မွာ ျဖစ္ပါတယ္။ LG Styler ကို ၁၉၉၉ ေဒၚလာ သတ္မွတ္ထားပါတယ္။

unicode

မီးပူတိုက်စရာ မလိုဘဲ အဝတ်အစားများကို ပြန့်ပြူးစေမယ့် LG Styler

LG က နေအိမ်သုံး အီလက်ထရောနစ် ကိရိယာများ ထုတ်လုပ်ရာမှာ ကမ္ဘာ့ ထိပ်တန်း ကုမ္ပဏီ တစ်ခု ဖြစ်ပါတယ်။ သူ့ရဲ့ အဝတ်လျှော်စက်များ၊ လေပူ ၊ လေအေး ပေးစက်များဟာ နာမည်ကြီးပြီး လူတန်းစားမျိုးစုံ ဝယ်ယူနိုင်အောင် မော်ဒယ်များစွာ ထုတ်လုပ်ပေးထားပါတယ်။ အခုလည်း LG က အဝတ်အစားများကို ပြန့်ပြူးစေပြီး အနံ့အသက်ဆိုးများကို ဖယ်ရှားပေးတဲ့ Styler ကို ပြသလိုက်ပါတယ်။ သူဟာ အဝတ် ဘီဒိုနဲ့ ဆင်တူပါတယ်။

အဝတ်အစားများကို ပြန့်ပြူး၊ စင်ကြယ်စေဖို့အတွက် မီနစ် ၂၀ လောက်သာ သူ့အထဲမှာ ထည့်ထားဖို့ လိုအပ်ပါတယ်။ သူဟာ Allergies ရှိသူများအတွက်လည်း သင့်တော်ပြီး Asthma and Allergy Foundation of America ထံကနေ အသိအမှတ်ပြု လက်မှတ်ရရှိထားပါတယ်။ စစ်တမ်းများအရ အမေရိကန် လူမျိုး ငါးဦးမှာ တစ်ဦးဟာ Allergies ရောဂါ ရှိပါတယ်။

LG Styler မှာ SmartThinQ ပါပြီး Android , iPhone များမှ SmartThinQ App နဲ့ ချိတ်ဆက်နိုင်ပါတယ်။ Users များက Google Assistant ကနေ တစ်ဆင့် အသံအမိန့်များဖြင့် သူ့ကို ခိုင်းစေနိုင်ပါတယ်။ ဒါ့အပြင် SmartThinQ App ကနေ အဝတ်အစားများရဲ့ အခြေအနေနဲ့ Styler ရဲ့ စွမ်းအင် အသုံးပြုမှုအခြေအနေများကို စစ်ဆေးနိုင်ပါတယ်။

App က အဝတ်အစားများ ပြန့်ပြူးသွားတဲ့ အချိန်မှာ စမတ်ဖုန်းထံ Notification ပေးပို့မှာ ဖြစ်ပါတယ်။ LG Styler ကို ၁၉၉၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။

You may be interested

Redmi Y3 ရဲ႕ ဗီဒီယို ထြက္လာ
Android, HUBS, Mobiles & Tablets
0 shares0 views

Redmi Y3 ရဲ႕ ဗီဒီယို ထြက္လာ

Ko Thuya - Apr 21, 2019

Redmi India က Y3 ရဲ႕ Teaser Video တစ္ခုကို မွ်ေ၀လိုက္ပါတယ္။ ဖုန္းရဲ႕ အေနာက္ဘက္ဟာ အကြက္အေျပာက္ ဒီဇိုင္း ျဖစ္တာကို ျမင္ရပါတယ္။ အေနာက္ကင္မရာ ၂ လံုးနဲ႔ လက္ေဗြရာ အာရံုခံ ကိရိယာ ပါပါတယ္။ မ်က္ႏွာျပင္မွာ…

EMUI 9.1 ရမယ့္ Huawei ရဲ႕ Device ၄၉ လံုး
Android, Huawei, HUBS
0 shares0 views

EMUI 9.1 ရမယ့္ Huawei ရဲ႕ Device ၄၉ လံုး

Ko Thuya - Apr 21, 2019

Huawei ရဲ႕ EMUI 9.1 မွာ Icon Design နဲ႔ Gesture Control မ်ားကို အဆင့္ျမွင့္ထားပါတယ္။ ဖိုင္စနစ္ အသစ္လည္း ပါလာပါတယ္။ အခုေတာ့ ဟြာေ၀းက EMUI 9.1 ရမယ့္ Huawei နဲ႔ Honor…

F-16 ထက္ ပိုျမန္တဲ့ ေဒၚလာ ၂.၅ သန္းတန္ အီလက္ထရစ္ကား
Automobiles, NEWS, Tech Update
0 shares70 views

F-16 ထက္ ပိုျမန္တဲ့ ေဒၚလာ ၂.၅ သန္းတန္ အီလက္ထရစ္ကား

Ko Thuya - Apr 21, 2019

ျမင္းေကာင္ေရ ၁၉၀၀ အားရွိတဲ့ ေဒၚလာ ၂.၅ သန္းတန္ အီလက္ထရစ္ကားကို နယူးေယာက္ရဲ႕ လမ္းမမ်ားမွာ ျမင္ရေတာ့မွာပါ။ The Pininfarina Battista လို႔ အမည္ေပးထားတဲ့ ကားဟာ တစ္နာရီလွ်င္ ၂၁၇ မိုင္ ( ၃၅၀ ကီလိုမီတာ) အထိ…

Leave a Comment

Most from this category