0 Shares 519 Views

Apple Watch 4 ရဲ႕ ECG ဟာ Atrial Fibrillation(AFib) ကို တုိင္းတာရာမွာ ၉၈ ရာခုိင္ႏႈန္းအထိ တိက်မႈရွိ

Sep 15, 2018
0 519

Apple က မၾကာခင္က Watch 4 ကို ေၾကညာခဲ့ပါတယ္။ သူဟာ ယခင္မ်ိဳးဆက္မ်ားထက္ စကရင္ အပိုင္းမွာ အဆင့္ျမင့္လာတဲ့ အျပင္ FDA က အသိအမွတ္ ျပဳထားတဲ့ Electrocardiogram (ECG) လို က်န္းမာေရး အေထာက္အကူျပဳ စြမ္းရည္မ်ား ပါလာပါတယ္။ FDA ကေန အသိအမွတ္ျပဳလက္မွတ္ ရရွိဖို႔အတြက္ Apple ဟာ သူ႔ စမတ္နာရီကို သုေတသန ျပဳလုပ္ဖို႔ ေငြေၾကးေထာက္ပံ့ေပးခဲ့ပါတယ္။ သုေတသန ရလဒ္မ်ားအရ စမတ္နာရီရဲ႕ ECG Software ဟာ Atrial Fibrillation(AFib) လို အႏၱရာယ္ရွိတဲ့ အေျခအေနကို တိုင္းတာရာမွာ ၉၈ ရာခုိင္ႏႈန္းေက်ာ္ မွန္ကန္တယ္လို႔ သိရပါတယ္။

Apple Watch 4 ဟာ ၀တ္ဆင္သူရဲ႕ ႏွလံုးခုန္ႏႈန္းကို တိုင္းတာဖို႔အတြက္ နာရီမွ ဆန္ဆာကို အသံုးျပဳထားပါတယ္။ သူ႔ရဲ႕ ECG ဟာ AFib ကို ျဖစ္ေစတာနဲ႔ ဆက္စပ္ေနတဲ့ ႏွလံုးခုန္ႏႈန္း အလြန္ျမန္ျခင္း၊ ေႏွးျခင္းနဲ႔ မူမမွန္ျခင္းမ်ားကို စစ္ေဆးေပးႏုိင္ပါတယ္။ အဲဒီအရာမ်ားကို စစ္ေဆးေတြ႕ရွိတာနဲ႔ သူက ၀တ္ဆင္သူကို သတိေပးႏုိင္ပါတယ္။

Apple ေငြေၾကးေထာက္ပံ့ၿပီး ျပဳလုပ္ခဲ့တဲ့ သုေတသန စစ္တမ္းကို Apple Heart Study လို႔ အမည္ေပးထားၿပီး ဒီစစ္တမ္းကို FDA အား တင္ျပခဲ့ပါတယ္။ ဒီစစ္တမ္းကို Apple ဟာ ယခင္ႏွစ္ ႏုိ၀င္ဘာလက Stanford Medicine နဲ႔ ပူးေပါင္း ျပဳလုပ္ခဲ့တာ ျဖစ္ၿပီး ယခုလ အေစာပိုင္းက ျပဳလုပ္မႈ ၿပီးဆံုးခဲ့ပါတယ္။ သုေတသနမွာ Apple Watch ဟာ AFib ရွိတဲ့ လူနာ ၉၈ ရာခုိင္ႏႈန္းေက်ာ္ကို စစ္ေဆးေပးႏိုင္ခဲ့ၿပီး ႏွလံုး က်န္းမာတဲ့ လူေပါင္း ၉၉ ရာခုိင္ႏႈန္းကို အေျဖရွာေပးခဲ့ပါတယ္။

unicode

Apple Watch 4 ရဲ့ ECG ဟာ Atrial Fibrillation(AFib) ကို တိုင်းတာရာမှာ ၉၈ ရာခိုင်နှုန်းအထိ တိကျမှုရှိ

Apple က မကြာခင်က Watch 4 ကို ကြေညာခဲ့ပါတယ်။ သူဟာ ယခင်မျိုးဆက်များထက် စကရင် အပိုင်းမှာ အဆင့်မြင့်လာတဲ့ အပြင် FDA က အသိအမှတ် ပြုထားတဲ့ Electrocardiogram (ECG) လို ကျန်းမာရေး အထောက်အကူပြု စွမ်းရည်များ ပါလာပါတယ်။ FDA ကနေ အသိအမှတ်ပြုလက်မှတ် ရရှိဖို့အတွက် Apple ဟာ သူ့ စမတ်နာရီကို သုတေသန ပြုလုပ်ဖို့ ငွေကြေးထောက်ပံ့ပေးခဲ့ပါတယ်။ သုတေသန ရလဒ်များအရ စမတ်နာရီရဲ့ ECG Software ဟာ Atrial Fibrillation(AFib) လို အန္တရာယ်ရှိတဲ့ အခြေအနေကို တိုင်းတာရာမှာ ၉၈ ရာခိုင်နှုန်းကျော် မှန်ကန်တယ်လို့ သိရပါတယ်။

Apple Watch 4 ဟာ ဝတ်ဆင်သူရဲ့ နှလုံးခုန်နှုန်းကို တိုင်းတာဖို့အတွက် နာရီမှ ဆန်ဆာကို အသုံးပြုထားပါတယ်။ သူ့ရဲ့ ECG ဟာ AFib ကို ဖြစ်စေတာနဲ့ ဆက်စပ်နေတဲ့ နှလုံးခုန်နှုန်း အလွန်မြန်ခြင်း၊ နှေးခြင်းနဲ့ မူမမှန်ခြင်းများကို စစ်ဆေးပေးနိုင်ပါတယ်။ အဲဒီအရာများကို စစ်ဆေးတွေ့ရှိတာနဲ့ သူက ဝတ်ဆင်သူကို သတိပေးနိုင်ပါတယ်။

Apple ငွေကြေးထောက်ပံ့ပြီး ပြုလုပ်ခဲ့တဲ့ သုတေသန စစ်တမ်းကို Apple Heart Study လို့ အမည်ပေးထားပြီး ဒီစစ်တမ်းကို FDA အား တင်ပြခဲ့ပါတယ်။ ဒီစစ်တမ်းကို Apple ဟာ ယခင်နှစ် နိုဝင်ဘာလက Stanford Medicine နဲ့ ပူးပေါင်း ပြုလုပ်ခဲ့တာ ဖြစ်ပြီး ယခုလ အစောပိုင်းက ပြုလုပ်မှု ပြီးဆုံးခဲ့ပါတယ်။ သုတေသနမှာ Apple Watch ဟာ AFib ရှိတဲ့ လူနာ ၉၈ ရာခိုင်နှုန်းကျော်ကို စစ်ဆေးပေးနိုင်ခဲ့ပြီး နှလုံး ကျန်းမာတဲ့ လူပေါင်း ၉၉ ရာခိုင်နှုန်းကို အဖြေရှာပေးခဲ့ပါတယ်။

You may be interested

Redmi Y3 ရဲ႕ ဗီဒီယို ထြက္လာ
Android, HUBS, Mobiles & Tablets
0 shares0 views

Redmi Y3 ရဲ႕ ဗီဒီယို ထြက္လာ

Ko Thuya - Apr 21, 2019

Redmi India က Y3 ရဲ႕ Teaser Video တစ္ခုကို မွ်ေ၀လိုက္ပါတယ္။ ဖုန္းရဲ႕ အေနာက္ဘက္ဟာ အကြက္အေျပာက္ ဒီဇိုင္း ျဖစ္တာကို ျမင္ရပါတယ္။ အေနာက္ကင္မရာ ၂ လံုးနဲ႔ လက္ေဗြရာ အာရံုခံ ကိရိယာ ပါပါတယ္။ မ်က္ႏွာျပင္မွာ…

EMUI 9.1 ရမယ့္ Huawei ရဲ႕ Device ၄၉ လံုး
Android, Huawei, HUBS
0 shares0 views

EMUI 9.1 ရမယ့္ Huawei ရဲ႕ Device ၄၉ လံုး

Ko Thuya - Apr 21, 2019

Huawei ရဲ႕ EMUI 9.1 မွာ Icon Design နဲ႔ Gesture Control မ်ားကို အဆင့္ျမွင့္ထားပါတယ္။ ဖိုင္စနစ္ အသစ္လည္း ပါလာပါတယ္။ အခုေတာ့ ဟြာေ၀းက EMUI 9.1 ရမယ့္ Huawei နဲ႔ Honor…

F-16 ထက္ ပိုျမန္တဲ့ ေဒၚလာ ၂.၅ သန္းတန္ အီလက္ထရစ္ကား
Automobiles, NEWS, Tech Update
0 shares70 views

F-16 ထက္ ပိုျမန္တဲ့ ေဒၚလာ ၂.၅ သန္းတန္ အီလက္ထရစ္ကား

Ko Thuya - Apr 21, 2019

ျမင္းေကာင္ေရ ၁၉၀၀ အားရွိတဲ့ ေဒၚလာ ၂.၅ သန္းတန္ အီလက္ထရစ္ကားကို နယူးေယာက္ရဲ႕ လမ္းမမ်ားမွာ ျမင္ရေတာ့မွာပါ။ The Pininfarina Battista လို႔ အမည္ေပးထားတဲ့ ကားဟာ တစ္နာရီလွ်င္ ၂၁၇ မိုင္ ( ၃၅၀ ကီလိုမီတာ) အထိ…

Leave a Comment

Most from this category