228 Shares 78 Views


Sep 15, 2018
228 78





unicode

SpaceX က အာကာသ ခရီးစဉ်အတွက် ပထမဆုံး ခရီးသည်ကို ရရှိသွားပြီ

အာကာသ ခရီးသွားလုပ်ငန်းကို ပြုလုပ်ဖို့ ကုမ္ပဏီများက အပြိုင်အဆိုင် ကြိုးစားနေကြပါတယ်။ အခုတော့ SpaceX က တွစ်တာမှာ အာကာသ ခရီးစဉ်အတွက် ပထမဆုံး ခရီးသည်ကို ရရှိသွားပြီလို့ ကြေညာလိုက်ပါတယ်။ အသေးစိတ် သတင်းအချက်အလက်များကို မသိရသေးပါဘူး။ လကမ္ဘာ ပတ်ဝန်းကျင်သို့ အလည်အပတ် ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။

အဲဒီအတွက် SpaceX ဟာ ကုန်ပစ္စည်းများ၊ အာကာသယာဉ်မှူးများကိုသာ အာကာသသို့ ပို့ဆောင်ပေးမှာ မဟုတ်တော့ဘဲ သာမာန် လူသားများကိုပါ အလည်အပတ် ပို့ဆောင်ပေးတော့မှာ ဖြစ်ပါတယ်။ ယခု ခရီးစဉ်ကို ပြုလုပ်ပေးမယ့် အချိန်ကို မသိရသေးပါဘူး။ ဒါပေမယ့် Engadget က ယခုနှစ်အတွင်းမှာ ပို့ဆောင်ဖို့ မူလက ရည်ရွယ်ထားတယ်လို့ ဖော်ပြထားပါတယ်။

ဒါပေမယ့် SpaceX ဟာ Dragon Capsule ပါတဲ့ Falcon Heavy Rocket အစား BFT အသစ်ကို အသုံးပြုမယ်ဆိုရင်တော့ ဒီထက် အချိန်နှောင့်နှေးနိုင်ပါတယ်။ BFR Rocket ဟာ ပြန်လည် အသုံးပြုနိုင်တဲ့ နည်းပညာမြင့် ဒုံးပျံ ဖြစ်ပါတယ်။ သူ့ကို လွန်ခဲ့တဲ့ တစ်နှစ်နီးပါးက ပထမဆုံး အကြိမ် ပြသခဲ့ပါတယ်။ သူဟာ တည်ဆောက်ရတာ ကုန်ကျစားရိတ် သက်သာတဲ့အတွက် Falcon 9 , Falcon Heavy , Dragon အပါအဝင် ကုမ္ပဏီရဲ့ အခြား ဒုံးပျံများအစား အနာဂတ်မှာ သူ့ကို အစားထိုး အသုံးပြုမှာ ဖြစ်ပါတယ်။

SpaceX က မကြာခင်မှာ သူ့ရဲ့ ပထမဆုံး ခရီးသည်အား Livestream ကနေ ကြေညာမှာ ဖြစ်ပါတယ်။ မီဒီယာများက လျှို့ဝှက် ခရီးသည်ဟာ ဘယ်သူလဲဆိုတာကို SpaceX CEO Elon Musk အား တွစ်တာတွင် မေးမြန်းရာမှာ သူက ဂျပန် အီမိုဂျီဖြင့်သာ တုန့်ပြန်ခဲ့ပါတယ်။ အဲဒီအတွက် ခရီးသည်ဟာ ဂျပန်မှ သို့မဟုတ် ဂျပန်လူမျိုး ဖြစ်နိုင်ပါတယ်။

You may be interested

အပြင်ဘက်ကို ခေါက်ချိုးနိုင်တဲ့ Foldable iPhone ကို ၂၀၂၀ ခုနှစ်မှာ ကြေညာမည်
Android, Apple, HUBS
0 shares0 views

အပြင်ဘက်ကို ခေါက်ချိုးနိုင်တဲ့ Foldable iPhone ကို ၂၀၂၀ ခုနှစ်မှာ ကြေညာမည်

Ko Thuya - Jan 17, 2019

ဆမ်ဆောင်းက ဒီလ ၂၀ ရက်နေ့မှာ ခေါက်ချိုး စမတ်ဖုန်းကို ကြေညာတော့မှာ ဖြစ်ပါတယ်။ Huawei နဲ့ LG တို့ကလည်း သူတို့ရဲ့ ခေါက်ချိုး စမတ်ဖုန်းများကို ပြသကြတော့မှာ ဖြစ်ပါတယ်။ Apple ကလည်း ဒီပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မှာပါ။ ကုမ္ပဏီက ပြိုင်ဖက်များနဲ့…

ဖုန်းထိန်းချုပ် အလိုအလျောက် ကြိုးချည်ဖိနပ်ကို Nike ထုတ်ပြီ
Gadgets, NEWS
0 shares0 views

ဖုန်းထိန်းချုပ် အလိုအလျောက် ကြိုးချည်ဖိနပ်ကို Nike ထုတ်ပြီ

Nigma - Jan 17, 2019

(Zawgyi) Nike ဟာ ယနေ့မှာ Adapt BB ဆိုတဲ့ နည်းပညာမြင့် ဘတ်စကတ်ဘောဖိနပ်တမျိုးကို မိတ်ဆက်လိုက်ပါတယ်။ Adapt BB ဖိနပ်ဟာ အလိုအလျောက်ကြိုးချည်နိုင်ပြီး၊ ခြေထောက်အရွယ်အစားနဲ့  အံကိုက် ဖြစ်နေအောင် အလိုအလျောက် ကြိုးအတင်းအလျော့ လုပ်ပေးနိုင်ပါတယ်။ ဒါတင် မကသေးပါဘူး။ အရင်က…

LG က MWC 2019 မှာ ခေါက်ချိုး စမတ်ဖုန်းကို ပြသမည်
Android, HUBS, LG
93 shares9 views

LG က MWC 2019 မှာ ခေါက်ချိုး စမတ်ဖုန်းကို ပြသမည်

Ko Thuya - Jan 17, 2019

လာမယ့်လမှာ ဘာစီလိုနာတွင် MWC 2019 ကို ကျင်းပတော့မှာ ဖြစ်ပါတယ်။ Xiaomi နဲ့ Sony တို့က အဲဒီပွဲမှာ ပါဝင် ပြသဖို့ ဖိတ်စာများ ဝေငှထားပြီးပါပြီ။ LG ကလည်း အဲဒီပွဲမှာ ခေါက်ချိုး စမတ်ဖုန်းကို ပြသမယ်လို့ တောင်ကိုရီးယားကနေ…

Leave a Comment

Most from this category