0 Shares 2231 Views


Sep 15, 2018
0 2231




unicode

ပလတ်စတစ်ဖြင့် တည်ဆောက်ထားပေမယ့် အံ့မခန်း အကြမ်းခံတဲ့ Xiaomi Pocophone F1

Xiaomi Pocophone F1 ဟာ စွမ်းရည်မြင့် Specs များ ထည့်သွင်းထားပေမယ့် ဈေးနှုန်း အလွန် ချိုသာတဲ့အတွက် အန်းဒရွိုက် ဖုန်း လောကကို လှုပ်ခတ်သွားစေခဲ့ပါတယ်။ ဒါပေမယ့် ဈေးနှုန်း သက်သာအောင် ပြုလုပ်ထားတဲ့အတွက် Build Quality ကိုတော့ လျှောချထားရပါတယ်။ သူ့မှာ ဘေးဘက်များ အပါအဝင် ဖုန်းတစ်ခုလုံးကို ပလတ်စတစ် ကိုယ်ထည်ဖြင့် တည်ဆောက်ထားပါတယ်။ အဲဒီအတွက် သူ့ရဲ့ မာကျောမှုဟာ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။ အခုတော့ JerryRigEverything က သူ့ရဲ့ အကြမ်းခံမှုကို စမ်းသပ်ကြည့်တဲ့ အခါမှာ စွန်းအကြမ်းခံနေတာကို တွေ့ရပါတယ်။

သူဟာ အလူမီနီယမ်နဲ့ ဖန်ဖြင့် တည်ဆောက်ထားတဲ့ ဖုန်းများ နီးပါးကို အကြမ်းခံနေတာပါ။ ကွေးညွှတ်လို့ မရအောင်တောင် မာကျောပါတယ်။ သူ့ရဲ့ တစ်ခုထဲသော အားနည်းချက်က အိတ်ကပ်ထဲမှာ သော့များ၊ အကြွေစေ့များနဲ့ အတူထားရင် ခြစ်ရာများ ဖြစ်စေပါတယ်။

သူ့ရဲ့ အကောင်းဆုံးအရာက မျက်နှာပြင်ဖြစ်ပြီး Mohs ရဲ့ မာကျောမှု အဆင့် ၆ အထိ ခြစ်ရာများကို ခံနိုင်ပါတယ်။ လက်ဗွေရာ အာရုံခံ ကိရိယာကလည်း စွန်းအကြမ်းခံပါတယ်။ Torture Test Video ကို အောက်မှာ လေ့လာပါ။

You may be interested

Redmi Y3 ရဲ့ ဗီဒီယို ထွက်လာ
Android, HUBS, Mobiles & Tablets
0 shares0 views

Redmi Y3 ရဲ့ ဗီဒီယို ထွက်လာ

Ko Thuya - Apr 21, 2019

Redmi India က Y3 ရဲ့ Teaser Video တစ်ခုကို မျှဝေလိုက်ပါတယ်။ ဖုန်းရဲ့ အနောက်ဘက်ဟာ အကွက်အပြောက် ဒီဇိုင်း ဖြစ်တာကို မြင်ရပါတယ်။ အနောက်ကင်မရာ ၂ လုံးနဲ့ လက်ဗွေရာ အာရုံခံ ကိရိယာ ပါပါတယ်။ မျက်နှာပြင်မှာ…

EMUI 9.1 ရမယ့် Huawei ရဲ့ Device ၄၉ လုံး
Android, Huawei, HUBS
0 shares0 views

EMUI 9.1 ရမယ့် Huawei ရဲ့ Device ၄၉ လုံး

Ko Thuya - Apr 21, 2019

Huawei ရဲ့ EMUI 9.1 မှာ Icon Design နဲ့ Gesture Control များကို အဆင့်မြှင့်ထားပါတယ်။ ဖိုင်စနစ် အသစ်လည်း ပါလာပါတယ်။ အခုတော့ ဟွာဝေးက EMUI 9.1 ရမယ့် Huawei နဲ့ Honor…

F-16 ထက် ပိုမြန်တဲ့ ဒေါ်လာ ၂.၅ သန်းတန် အီလက်ထရစ်ကား
Automobiles, NEWS, Tech Update
0 shares70 views

F-16 ထက် ပိုမြန်တဲ့ ဒေါ်လာ ၂.၅ သန်းတန် အီလက်ထရစ်ကား

Ko Thuya - Apr 21, 2019

မြင်းကောင်ရေ ၁၉၀၀ အားရှိတဲ့ ဒေါ်လာ ၂.၅ သန်းတန် အီလက်ထရစ်ကားကို နယူးယောက်ရဲ့ လမ်းမများမှာ မြင်ရတော့မှာပါ။ The Pininfarina Battista လို့ အမည်ပေးထားတဲ့ ကားဟာ တစ်နာရီလျှင် ၂၁၇ မိုင် ( ၃၅၀ ကီလိုမီတာ) အထိ…

Leave a Comment

Most from this category