0 Shares 51 Views

Oppo Realme 2 Pro ကို စက္တင္ဘာလ ၂၇ ရက္ေန႔မွာ ေၾကညာမည္

Sep 15, 2018
0 51

Oppo ရဲ႕ ဘရန္းခြဲတစ္ခု ျဖစ္တဲ့ Realme ဟာ တန္ဖိုးနည္း Xiaomi Redmi Series မ်ားကို ယွဥ္ၿပိဳင္ဖို႔ တည္ေထာင္ထားတာ ျဖစ္ပါတယ္။ ကုမၸဏီက ဒုတိယမ်ိဳးဆက္ Realme 2 ကို ေၾကညာတဲ့ ပြဲမွာ ပရိုဗားရွင္းလာမယ္လို႔ အရိပ္အျမြက္ေျပာခဲ့ပါတယ္။ အခုေတာ့ ကုမၸဏီက ဖုန္းမိတ္ဆက္ပြဲတစ္ခုအတြက္ ဖိတ္စာမ်ားကို ေ၀ငွလိုက္ပါတယ္။

ထူးျခားတာက ဖိတ္စာမွာ စက္တင္ဘာလ ၂၆ နဲ႔ ၂၇ ဆိုၿပီး ရက္စြဲႏွစ္ခု ပါလာတာ ျဖစ္ပါတယ္။ အဲဒီအထဲက တစ္ရက္ဟာ ဖုန္းကို မိတ္ဆက္မယ့္ ရက္ ျဖစ္ၿပီး အျခား တစ္ရက္ကေတာ့ ဘာအတြက္လည္း ဆိုတာ မသိရေသးပါဘူး။ ကုမၸဏီရဲ႕ ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက ၂၇ ရက္ေန႔မွာ ဖုန္းကို ေၾကညာမယ္လို႔ အတည္ျပဳထားဖူးပါတယ္။ ဖိတ္စာမွာ Realme 2 Pro ကို ေဖာ္ျပထားျခင္း မရွိေပမယ့္ အဲဒီ ဖုန္းျဖစ္ဖို႔ ေသခ်ာသေလာက္ရွိတယ္လို႔ ကြ်မ္းက်င္သူမ်ားက သံုးသပ္ပါတယ္။

Realme 2 Pro ဟာ Realme 2 ထက္ ဘာေတြ အ ဆင့္ျမင့္လာမလဲဆိုတာ မသိရေသးပါဘူး။ Realme 2 မွာ ၆.၂ လက္မ မ်က္ႏွာျပင္ ထည့္သြင္းထားပါတယ္။ ပထမမ်ိဳးဆက္ထက္ ၂၄ ရာခုိင္ႏႈန္း ပိုမိုႀကီးမားတဲ့ 4230mAh Battery ထည့္သြင္းထားပါတယ္။ 13MP f/2.2 + 2MP f/2.4 Dual Camera မ်ားကို အေနာက္ဘက္မွာ ထည့္သြင္းထားပါတယ္။ Portrait Photo မ်ားကို ရိုက္ကူးေပးႏုိင္ပါတယ္။ အေရွ႕ဘက္မွာ 8MP f/2.2 Camera ကို ထည့္သြင္းထားပါတယ္။ Face Unlock ကိုလည္း သံုးႏုိင္ပါတယ္။ ပထမမ်ိဳးဆက္မွာမပါတဲ့ Fingerprint Sensor ကို Realme 2 မွာ ထည့္သြင္းေပးထားပါတယ္။

Realme 2 မွာ Qualcomm Snapdragon 450 Chipset ထည့္သြင္းထားပါတယ္။ 3GB or 4GB RAM နဲ႔ 32GB or 64GB Storage မ်ား ေရြးခ်ယ္ႏုိင္ပါတယ္။ Android 8.1 အေျချပဳ ColorOS Version 5.1 ထည့္သြင္းထားပါတယ္။ အေနာက္ဘက္ကို Diamond Pattern ျဖင့္ ပံုေဖာ္ထားတာက စြဲေဆာင္မႈ ရွိပါတယ္။

unicode

Oppo Realme 2 Pro ကို စက်တင်ဘာလ ၂၇ ရက်နေ့မှာ ကြေညာမည်

Oppo ရဲ့ ဘရန်းခွဲတစ်ခု ဖြစ်တဲ့ Realme ဟာ တန်ဖိုးနည်း Xiaomi Redmi Series များကို ယှဉ်ပြိုင်ဖို့ တည်ထောင်ထားတာ ဖြစ်ပါတယ်။ ကုမ္ပဏီက ဒုတိယမျိုးဆက် Realme 2 ကို ကြေညာတဲ့ ပွဲမှာ ပရိုဗားရှင်းလာမယ်လို့ အရိပ်အမြွက်ပြောခဲ့ပါတယ်။ အခုတော့ ကုမ္ပဏီက ဖုန်းမိတ်ဆက်ပွဲတစ်ခုအတွက် ဖိတ်စာများကို ဝေငှလိုက်ပါတယ်။

ထူးခြားတာက ဖိတ်စာမှာ စက်တင်ဘာလ ၂၆ နဲ့ ၂၇ ဆိုပြီး ရက်စွဲနှစ်ခု ပါလာတာ ဖြစ်ပါတယ်။ အဲဒီအထဲက တစ်ရက်ဟာ ဖုန်းကို မိတ်ဆက်မယ့် ရက် ဖြစ်ပြီး အခြား တစ်ရက်ကတော့ ဘာအတွက်လည်း ဆိုတာ မသိရသေးပါဘူး။ ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ၂၇ ရက်နေ့မှာ ဖုန်းကို ကြေညာမယ်လို့ အတည်ပြုထားဖူးပါတယ်။ ဖိတ်စာမှာ Realme 2 Pro ကို ဖော်ပြထားခြင်း မရှိပေမယ့် အဲဒီ ဖုန်းဖြစ်ဖို့ သေချာသလောက်ရှိတယ်လို့ ကျွမ်းကျင်သူများက သုံးသပ်ပါတယ်။

Realme 2 Pro ဟာ Realme 2 ထက် ဘာတွေ အ ဆင့်မြင့်လာမလဲဆိုတာ မသိရသေးပါဘူး။ Realme 2 မှာ ၆.၂ လက်မ မျက်နှာပြင် ထည့်သွင်းထားပါတယ်။ ပထမမျိုးဆက်ထက် ၂၄ ရာခိုင်နှုန်း ပိုမိုကြီးမားတဲ့ 4230mAh Battery ထည့်သွင်းထားပါတယ်။ 13MP f/2.2 + 2MP f/2.4 Dual Camera များကို အနောက်ဘက်မှာ ထည့်သွင်းထားပါတယ်။ Portrait Photo များကို ရိုက်ကူးပေးနိုင်ပါတယ်။ အရှေ့ဘက်မှာ 8MP f/2.2 Camera ကို ထည့်သွင်းထားပါတယ်။ Face Unlock ကိုလည်း သုံးနိုင်ပါတယ်။ ပထမမျိုးဆက်မှာမပါတဲ့ Fingerprint Sensor ကို Realme 2 မှာ ထည့်သွင်းပေးထားပါတယ်။

Realme 2 မှာ Qualcomm Snapdragon 450 Chipset ထည့်သွင်းထားပါတယ်။ 3GB or 4GB RAM နဲ့ 32GB or 64GB Storage များ ရွေးချယ်နိုင်ပါတယ်။ Android 8.1 အခြေပြု ColorOS Version 5.1 ထည့်သွင်းထားပါတယ်။ အနောက်ဘက်ကို Diamond Pattern ဖြင့် ပုံဖော်ထားတာက စွဲဆောင်မှု ရှိပါတယ်။

You may be interested

Redmi Y3 ရဲ႕ ဗီဒီယို ထြက္လာ
Android, HUBS, Mobiles & Tablets
0 shares0 views

Redmi Y3 ရဲ႕ ဗီဒီယို ထြက္လာ

Ko Thuya - Apr 21, 2019

Redmi India က Y3 ရဲ႕ Teaser Video တစ္ခုကို မွ်ေ၀လိုက္ပါတယ္။ ဖုန္းရဲ႕ အေနာက္ဘက္ဟာ အကြက္အေျပာက္ ဒီဇိုင္း ျဖစ္တာကို ျမင္ရပါတယ္။ အေနာက္ကင္မရာ ၂ လံုးနဲ႔ လက္ေဗြရာ အာရံုခံ ကိရိယာ ပါပါတယ္။ မ်က္ႏွာျပင္မွာ…

EMUI 9.1 ရမယ့္ Huawei ရဲ႕ Device ၄၉ လံုး
Android, Huawei, HUBS
0 shares0 views

EMUI 9.1 ရမယ့္ Huawei ရဲ႕ Device ၄၉ လံုး

Ko Thuya - Apr 21, 2019

Huawei ရဲ႕ EMUI 9.1 မွာ Icon Design နဲ႔ Gesture Control မ်ားကို အဆင့္ျမွင့္ထားပါတယ္။ ဖိုင္စနစ္ အသစ္လည္း ပါလာပါတယ္။ အခုေတာ့ ဟြာေ၀းက EMUI 9.1 ရမယ့္ Huawei နဲ႔ Honor…

F-16 ထက္ ပိုျမန္တဲ့ ေဒၚလာ ၂.၅ သန္းတန္ အီလက္ထရစ္ကား
Automobiles, NEWS, Tech Update
0 shares70 views

F-16 ထက္ ပိုျမန္တဲ့ ေဒၚလာ ၂.၅ သန္းတန္ အီလက္ထရစ္ကား

Ko Thuya - Apr 21, 2019

ျမင္းေကာင္ေရ ၁၉၀၀ အားရွိတဲ့ ေဒၚလာ ၂.၅ သန္းတန္ အီလက္ထရစ္ကားကို နယူးေယာက္ရဲ႕ လမ္းမမ်ားမွာ ျမင္ရေတာ့မွာပါ။ The Pininfarina Battista လို႔ အမည္ေပးထားတဲ့ ကားဟာ တစ္နာရီလွ်င္ ၂၁၇ မိုင္ ( ၃၅၀ ကီလိုမီတာ) အထိ…

Leave a Comment

Most from this category