0 Shares 756 Views

မြန်မာငွေတစ်သိန်းခန့်သာရှိတဲ့ ၅လက်မအရွယ် HD မျက်နှာပြင်၊ 13-Megapixel ကင်မရာပါ Meizu m3 ဖုန်း ထွက်ရှိ

Apr 26, 2016
0 756

Meizu ကုမ္ပဏီဟာ ဒီလအတွင်းမှာ Meizu Pro 6 နဲ့ m3 note စမတ်ဖုန်းတွေကို ထုတ်ခဲ့ပြီး၊ အခုအခါမှာတော့ လူတန်းစားမရွေးကိုင်နိုင်မယ့် Meizu m3 တန်ဖိုးနည်းဖုန်းကို ထပ်ထုတ်လိုက်ပါတယ်။

Meizu m3 ဖုန်းကို ယခုအခါ တရုတ်နိုင်ငံမှာ အော်ဒါကြိုတင်မှာယူနိုင်ပြီဖြစ်ပြီး၊ RAM 2GB နဲ့ ဖုန်းတွင်း storage 16GB မော်ဒယ်ကို တရုတ်ယွမ် ၅၉၉ (မြန်မာငွေ တစ်သိန်းခန့်) ၊ RAM 3GB နဲ့ storage 32GB မော်ဒယ်ကို ယွမ် ၇၉၉ ( မြန်မာငွေ တစ်သိန်းလေးသောင်းခန့်) သာရှိပါတယ်။

SIM နှစ်ကတ်ထိုးသုံးနိုင်ပြီး၊ Android 5.1 Lollipop အခြေခံ၊ Meizu ရဲ့ Flyme 5 OS ကို အသုံးပြုထားပါတယ်။ ၅ လက်မအရွယ် HD (720×1280 pixels) မျက်နှာပြင်၊ MediaTek ပရိုဆက်ဆာအသစ် MT6750 SoC တို့ကို အသုံးပြုထားပြီး၊ LPDDR3 RAM 2GB နဲ့ 3GB နှစ်မျိုး ကြိုက်ရာရွေးဝယ်နိုင်မှာပါ။

Meizu m3 ဖုန်းမှာ 13-megapixel ကျောကင်မရာ၊ LED ဖလက်ရှ်မီး၊ PDAG အလိုအလျောက်ဆုံချက်ရှာစနစ်၊ 5-megapixel ရှေ့ကင်မရာ တို့လည်းပါရှိတာကြောင့် မြန်မာငွေတစ်သိန်းခန့်လောက်နဲ့ဆို တော်တော်တန်တဲ့ ဖုန်းလို့ ဆိုနိုင်ပါတယ်။

ဘက်ထရီက 2870mAh ဘက်ထရီဆိုတော့ ဘက်ထရီသိပ်အများကြီးမဟုတ်သလို၊ လက်ဗွေရာဆန်ဆာလည်း မပါ ပါဘူး။ Meizu m3 ဖုန်းကို ရွှေရောင်၊ ခဲရောင်၊ အဖြူရောင်၊ အပြာရောင်၊ ပန်းရောင် စတဲ့ကာလာစုံ ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပြီး၊ ကိုယ်ထည်ကို ပိုလီကာဘွန်နိတ်နဲ့ ပြုလုပ်ထားတယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံပြင်ပမှာ ဘယ်တော့ရရှိမလဲ ဆိုတာကိုတော့ အသေးစိတ်ပြောကြားခြင်းမရှိခဲ့ပါဘူး။

gsmarena_002

Ref: Gadgets 360, GSM Arena

You may be interested

Asus ZenPad 3S 10 ကို ဘတ်ဂျက်သမားတွေအတွက် လေ့လာကြည့်တဲ့အခါ
Android, ASUS, FEATURES
0 shares0 views

Asus ZenPad 3S 10 ကို ဘတ်ဂျက်သမားတွေအတွက် လေ့လာကြည့်တဲ့အခါ

Ko Thuya - Feb 22, 2018

[zawgyi] ဒီတစ်ပတ် ဘတ်ဂျတ် သမား ကဏ္ဍမှာ တန်ဖိုးသက်သာတဲ့ Asus ZenPad 3S 10 ကို ရွေးချယ်ပေးလိုက်ပါတယ်။ သူ့ရဲ့ ဒီဇိုင်းဟာ iPad နဲ့တောင် ဆင်တူပါတယ်။ စတင်ရောင်းချပေးတဲ့ အချိန်မှာ ဒေါ်လာ ၃၀၀ ဖြစ်ပေမယ့် အခုတော့…

iPad မော်ဒယ်လ်အသစ်၂မျိုးမကြာခင်မိတ်ဆက်လာနိုင်တဲ့ Apple
Apple, Mobiles & Tablets, NEWS
85 shares155 views

iPad မော်ဒယ်လ်အသစ်၂မျိုးမကြာခင်မိတ်ဆက်လာနိုင်တဲ့ Apple

Nwe Oo Thant - Feb 22, 2018

[Zawgyi] Apple ကတော့ ဥရောပနိုင်ငံတွေနဲ့ အာရှနိုင်ငံတွေဆီ iPad မော်ဒယ်လ်အသစ်၂မျိုးရောင်းချဖို့ ခွင့်ပြုချက်ရသွားပြီဆိုတော့ မကြာခင်မှာပဲ မိတ်ဆက်တော့မယ်လို့ ခန့်မှန်းရပါတယ်။ Eurasian (European+ Asian) စီးပွားရေးကော်မရှင်က “A1893” မော်ဒယ်လ်နဲ့ “A1954” မော်ဒယ်လ်တွေကိုခွင့်ပြုချက်ပေးလိုက်ပြီးတော့ ဒီမော်ဒယ်လ်နံပါတ်တွေက ရှိပြီးသား iPad မော်ဒယ်လ်တွေမဟုတ်တော့…

Messenger မှာ Video call ခေါ်ရင်း နောက်ထပ်သူငယ်ချင်းတွေကိုပါထည့်ခေါ်လို့ရနိုင်ပြီ
NEWS, Softwares & Application
180 shares33 views

Messenger မှာ Video call ခေါ်ရင်း နောက်ထပ်သူငယ်ချင်းတွေကိုပါထည့်ခေါ်လို့ရနိုင်ပြီ

Nwe Oo Thant - Feb 22, 2018

[Zawgyi] Facebook Messenger မှာ သူငယ်ချင်းတွေနဲ့ Group ဗီဒီယိုတွေခေါ်တတ်တဲ့သူတွေအတွက် သတင်းကောင်းလေးတစ်ခုလာပါပြီ။ အရင်က group ဗီဒီယိုပြောနေရင်း နောက်တစ်ယောက်ကို ထပ်ထည့်ချင်ရင် လက်ရှိခေါ်နေတာကိုချ ပြီးမှပြောချင်တဲ့လူထပ်ထည့် ပြန်ခေါ် ဒါမျိုးကအလုပ်ရှုပ်လွန်းပါတယ်။ အခုတော့ ဒီပြဿနာကို ဖေ့စ်ဘွတ်ခ်ကဖြေရှင်းပေးဖို့ Android ရော iOS…

Leave a Comment

Most from this category