287 Shares 71 Views


Sep 15, 2018
287 71





Ref : gsmarena

unicode

ကြိုတင်မှာယူနိုင်ပြီ ဖြစ်တဲ့ iPhone အသစ်များ

မကြာခင်က ကြေညာခဲ့တဲ့ အိုင်ဖုန်း အသစ်များထဲမှ iPhone XS နဲ့ iPhone XS Max တို့ကို စက်တင်ဘာလ ၁၄ ရက်နေ့မှာ ကြိုတင်မှာယူခွင့် ပြုခဲ့ပါတယ်။ ရောင်းချပေးမယ့်နေ့ကတော့ စက်တင်ဘာလ ၂၁ ရက်ဖြစ်ပါတယ်။ iPhone XR ကိုတော့ အနည်းငယ်နောက်ကျပြီးမှ ရောင်းချမှာပါ။ အောက်တိုဘာလ ၁၉ ရက်မှာ ကြိုတင်မှာယူခွင့်ပြုထားပြီး အောက်တိုဘာလ ၂၆ ရက်နေ့မှာ ရောင်းချမှာပါ။

iPhone XS , iPhone XS Max နဲ့ iPhone XR တို့ရဲ့တန်ဖိုးအနည်းဆုံး မော်ဒယ်ဖြစ်တဲ့ 64GB Storage ရဲ့ ဈေးနှုန်းများမှာ အမေရိကန်တွင် ၉၉၉ ၊ ၁၀၉၉ နဲ့ ၇၅၀ ဒေါ်လာ အသီးသီး ဖြစ်ပါတယ်။ iPhone XS ရဲ့ 256GB နဲ့ 512GB Model များရဲ့ ဈေးနှုန်းမှာ ၁၁၄၉ နဲ့ ၁၃၄၉ ဒေါ်လာ အသီးသီး ဖြစ်ပါတယ်။ iPhone XS Max ကတော့ ၁၂၄၉ နဲ ၁၄၄၉ ဒေါ်လာ အသီးသီး ဖြစ်ပါတယ်။ iPhone XR ရဲ့128GB နဲ့ 256GB များကတော့ ၇၉၉ နဲ့ ၈၉၉ ဒေါ်လာ အသီးသီး ဖြစ်ပါတယ်။ အခြေခံ 64GB Model များရဲ့ နိုင်ငံအလိုက် ဈေးနှုန်းများကို အောက်မှာ ကြည့်ပါ။

စက်တင်ဘာလ ၂၁ ရက်နေ့မှာ တန်ဖိုးကြီး အိုင်ဖုန်း နှစ်လုံးကိ ပထမအသုတ် ရောင်းချမယ့် နိုင်ငံပေါင်း ၃၀ ထဲမှာ Austria, Belgium, Denmark, Finland, France, Germany, Ireland, Italy, Luxembourg, Netherlands, Norway, Portugal, Saudi Arabia, Spain, Sweden, Switzerland, UAE, UK, Australia, China, Hong Kong, Japan, New Zealand, Singapore, Taiwan, Canada, Mexico, Puerto Rico, US နဲ့ US Virgin Islands တို့ ပါဝင်ပါတယ်။

ဒုတိယ အသုတ် ရောင်းချမယ့် နိုင်ငံများထဲမှာ Andorra, Armenia, Bahrain, Bulgaria, Croatia, Cyprus, Czech Republic, Estonia, Georgia, Greece, Greenland, Hungary, Iceland, India, Kazakhstan, Kuwait, Latvia, Liechtenstein, Lithuania, Malta, Monaco, Oman, Poland, Qatar, Romania, Russia, Slovakia, Slovenia, South Africa တို့ ပါဝင်ပါတယ်။ စက်တင်ဘာလ ၂၈ ရက်နေ့မှာ ဒုတိယ အသုတ်ကို ရောင်းချမှာပါ။

Ref : gsmarena

You may be interested

Home Button မပါတဲ့ iPhone ,iPad များမှာ Screenshot ရိုက်ကူးနည်းများ
Apple, FEATURES, HOW TO
118 shares30 views

Home Button မပါတဲ့ iPhone ,iPad များမှာ Screenshot ရိုက်ကူးနည်းများ

Ko Thuya - Nov 12, 2018

ဖုန်းတွေမှာ သတင်းအချက်အလက်များကို လျှင်မြန်စွာ သိမ်းဖို့ စကရင်ရှော့များဟာ အလွန် အသုံးဝင်ပါတယ်။ ဒါပေမယ့် နောက်ပိုင်းထုတ် iOS Device များမှာ Home Button ကို ဖယ်ရှားလိုက်တဲ့ အတွက် စကရင်ရှော့ ရိုက်နည်းများ ပြောင်းလဲသွားပါတယ်။ iPhone X နဲ့…

Xiaomi Black Shark ကို ဥရောပမှာ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ရောင်းတော့မည်
Android, HUBS, Mobiles & Tablets
206 shares26 views

Xiaomi Black Shark ကို ဥရောပမှာ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ရောင်းတော့မည်

Ko Thuya - Nov 12, 2018

ရှောင်မီက ဧပြီလမှာ Black Shark Gaming Phone ကို ကြေညာခဲ့ပါတယ်။ အခုတော့ သူ့ကို ဥရောပမှာ ရောင်းချပေးတော့မှာ ဖြစ်ပါတယ်။ နိုဝင်ဘာလ ၁၆ ရက်နေ့မှာ နိုင်ငံပေါင်း ၂၈ နိုင်ငံမှာ ရောင်းချမှာ ဖြစ်ပါတယ်။ ရှောင်မီရဲ့ အွန်လိုင်းစတိုးမှာ…

VOOC ပါတဲ့ ဖုန်း အလုံးရေ သန်း ၁၀၀ ကျော် ရောင်းချထားကြောင်း Oppo ကြေညာ
Android, HUBS, Mobiles & Tablets
117 shares14 views

VOOC ပါတဲ့ ဖုန်း အလုံးရေ သန်း ၁၀၀ ကျော် ရောင်းချထားကြောင်း Oppo ကြေညာ

Ko Thuya - Nov 12, 2018

Oppo က ရှန်ဟိုင်းမှာ “Super VOOC Flash Charge Day” အမည်ရ ပွဲတစ်ခုကိုကျင်းပခဲ့ပါတယ်။ VOOC Fast Charging နည်းပညာ ပါတဲ့ ဖုန်း အလုံးရေ သန်း ၁၀၀ ကျော် ရောင်းချရတဲ့ အထိမ်းအမှတ် အဖြစ်…

Leave a Comment

Most from this category