97 Shares 34 Views


Sep 14, 2018
97 34





unicode

မူလမော်ဒယ်နဲ့ ဒီဇိုင်း တူတဲ့ Razer Phone 2

Razer Phone 2 ကို ယခုနှစ်ထဲမှာ ကြေညာမယ်လို့ ကုမ္ပဏီက အတည်ပြုထားပါတယ်။ အခုတော့ သူ့ရဲ့ ဓါတ်ပုံ ထွက်ပေါ်လာပါတယ်။ သူဟာ မူလ မော်ဒယ်နဲ့ ခွဲမရအောင် တူပါတယ်။ အောက်မှာ သူတို့ နှစ်လုံးကို ယှဉ်ပြထားပါတယ်။ ဘယ်ဘက်က မူလမော်ဒယ် ဖြစ်ပြီး ညာဘက်က မော်ဒယ် အသစ် ဖြစ်ပါတယ်။

မော်ဒယ်အသစ်ရဲ့ ဘယ်နဲ့ ညာဘက်မှ ဘောင်များက မူလမော်ဒယ်ထက် ကြီးမားနေတာက အံ့အားသင့်စရာ ကောင်းပါတယ်။ လက်ရှိ စမတ်ဖုန်း Trend အရ ပိုမိုသေးငယ်သွားတာပဲ ဖြစ်သင့်ပါတယ်။ မော်ဒယ် အသစ်မှာ Cheoma LED Effects ပါလာမယ်လို့ သတင်းထွက်နေတဲ့ အတွက် Notifications များဟာ အရောင်စုံနဲ့ ပြသမှာပါ။

သူ့ရဲ့ သတင်းအချက်အလက်များ AnTuTu မှာ ထွက်ပေါ်ခဲ့ဖူးပါတယ်။ သူ့မှာ 512GB Internal Storage ထည့်သွင်းထားတဲ့အတွက် ဂိမ်းနဲ့ ဒေတာ များစွာ ထည့်သွင်းထားနိုင်ပါတယ်။ သူ့မှာ Qualcomm Snapdragon 845 Chipset , 8GB RAM , Android 8.1 Oreo OS များ ထည့်သွင်းထားပါတယ်။ မျက်နှာပြင်ရဲ့ အရည်အသွေးမှာ 1440x2560p QHD ဖြစ်ပါတယ်။ မျက်နှာပြင်အချိုးမှာ 16:9 ဖြစ်ပါတယ်။ မျက်နှာပြင်ဟာ 120Hz အမြန်နှုန်းကို ထောက်ပံ့ပြီး Qualcomm Q-Sync နည်းပညာ ပါပါတယ်။

Sharp ရဲ့ အရည်အသွေးမြင့် IGZO IPS Display ကို အသုံးပြုထားတာ ဖြစ်ပါတယ်။ ပထမဆုံး Razer Phone သူ့ကို ၆၉၉ ဒေါ်လာဖြင့်ရောင်းချပေးခဲ့ပြီး Razer Phone 2 ကလည်း ဒီဈေးလောက် ရှိနိုင်ပါတယ်။

You may be interested

Home Button မပါတဲ့ iPhone ,iPad များမှာ Screenshot ရိုက်ကူးနည်းများ
Apple, FEATURES, HOW TO
88 shares29 views

Home Button မပါတဲ့ iPhone ,iPad များမှာ Screenshot ရိုက်ကူးနည်းများ

Ko Thuya - Nov 12, 2018

ဖုန်းတွေမှာ သတင်းအချက်အလက်များကို လျှင်မြန်စွာ သိမ်းဖို့ စကရင်ရှော့များဟာ အလွန် အသုံးဝင်ပါတယ်။ ဒါပေမယ့် နောက်ပိုင်းထုတ် iOS Device များမှာ Home Button ကို ဖယ်ရှားလိုက်တဲ့ အတွက် စကရင်ရှော့ ရိုက်နည်းများ ပြောင်းလဲသွားပါတယ်။ iPhone X နဲ့…

Xiaomi Black Shark ကို ဥရောပမှာ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ရောင်းတော့မည်
Android, HUBS, Mobiles & Tablets
136 shares15 views

Xiaomi Black Shark ကို ဥရောပမှာ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ရောင်းတော့မည်

Ko Thuya - Nov 12, 2018

ရှောင်မီက ဧပြီလမှာ Black Shark Gaming Phone ကို ကြေညာခဲ့ပါတယ်။ အခုတော့ သူ့ကို ဥရောပမှာ ရောင်းချပေးတော့မှာ ဖြစ်ပါတယ်။ နိုဝင်ဘာလ ၁၆ ရက်နေ့မှာ နိုင်ငံပေါင်း ၂၈ နိုင်ငံမှာ ရောင်းချမှာ ဖြစ်ပါတယ်။ ရှောင်မီရဲ့ အွန်လိုင်းစတိုးမှာ…

VOOC ပါတဲ့ ဖုန်း အလုံးရေ သန်း ၁၀၀ ကျော် ရောင်းချထားကြောင်း Oppo ကြေညာ
Android, HUBS, Mobiles & Tablets
117 shares14 views

VOOC ပါတဲ့ ဖုန်း အလုံးရေ သန်း ၁၀၀ ကျော် ရောင်းချထားကြောင်း Oppo ကြေညာ

Ko Thuya - Nov 12, 2018

Oppo က ရှန်ဟိုင်းမှာ “Super VOOC Flash Charge Day” အမည်ရ ပွဲတစ်ခုကိုကျင်းပခဲ့ပါတယ်။ VOOC Fast Charging နည်းပညာ ပါတဲ့ ဖုန်း အလုံးရေ သန်း ၁၀၀ ကျော် ရောင်းချရတဲ့ အထိမ်းအမှတ် အဖြစ်…

Leave a Comment

Most from this category