177 Shares 379 Views

Google က Pixel 3 ကို ပရိုမိုးရွင္း ျပဳလုပ္

Sep 14, 2018
0 379

Google က သူ႔ရဲ႕ Store Page မွာ Pixel 3 နဲ႔ Pixel 3XL တို႔အတြက္ ပရိုမိုးရွင္း ျပဳလုပ္ေပးလိုက္ပါတယ္။ ေအာက္တိုဘာလ ၉ ရက္ေန႔မွာ ေၾကညာမယ့္ Pixel 3 Phone မ်ားရဲ႕ သတင္းအခ်က္အလက္မ်ားကို သိႏုိင္ဖို႔ Sign Up ျပဳလုပ္ႏုိင္ပါတယ္။

အဲဒီ ဖုန္းမ်ားရဲ႕ သတင္းအခ်က္အလက္မ်ားစြာလည္း ေပါက္ၾကားထြက္ေပၚခဲ့ဖူးပါတယ္။ ယခင္ထြက္ေပၚခဲ့တဲ့ Pixel 3XL ရဲ႕ ဓါတ္ပံုမ်ားမွာ သူ႔ရဲ႕ အေရွ႕နဲ႔ အေနာက္ဘက္ ႏွစ္ခုစလံုးကို ျမင္ရပါတယ္။ စကရင္ရဲ႕ အထက္မွာ Notch လည္း ပါလာပါတယ္။ Face Scanning အတြက္ အနီေအာက္ ေရာင္ျခည္ ဆန္ဆာကို Notch မွာ တပ္ဆင္ထားပါတယ္။ Notch မွာ Selfie Camera နဲ႔ စတီရီယို စပီကာမ်ားလည္း ပါပါတယ္။

အေနာက္ဘက္ကေတာ့ Google Pixel 2 XL နဲ႔ တူညီပါတယ္။ လက္ေဗြရာ အာရံုခံ ကိရိယာနဲ႔ ကင္မရာ တစ္လံုးကို အေနာက္ဘက္မွာ ထည့္သြင္းထားပါတယ္။ LED Flash လည္း ပါပါတယ္။ Active Edge စြမ္းရည္ပါၿပီး ဖုန္းကို ညွစ္လိုက္ရင္ Google Assistant ကို ဆင့္ေခၚေပးမွာပါ။ သူ႔မွာ 3430mAh Battery ထည့္သြင္းထားပါတယ္။

သူ႔ရဲ႕ နာမည္ေျပာင္မွာ Crosshatch ျဖစ္ၿပီး 4GB RAM , 64GB Storage မ်ား ပါလာမယ္လို႔ သိရပါတယ္။ အရင္ကေတာ့ 128GB Storage ပါမယ္လို႔ သတင္းထြက္ထားပါတယ္။ အျခား သတင္းအခ်က္အလက္မ်ားကေတာ့ ယခင္သတင္းမ်ားနဲ႔ တူညီေနပါတယ္။ သူ႔ကို အားသြင္းေပးမယ့္ Pixel Stand ကိုလည္း ထုတ္လုပ္ထားမယ္လို႔ သတင္းထြက္ေနပါတယ္။ Pixel Stand မွာ Google Assistant ပါလာႏုိင္ပါတယ္။ သေဘာက သင့္ဖုန္းကို Pixel Stand မွာ စိုက္ထားၿပီး Lock လုပ္ထားခ်ိန္မွာ Google Assistant ကို ေမးခြန္းမ်ား ေမးႏုိင္မွာပါ။ သူ႔မွာ ၆.၇၁ လက္မ 1440x2960p Display ထည့္သြင္းထားပါတယ္။

unicode

Google က Pixel 3 ကို ပရိုမိုးရှင်း ပြုလုပ်

Google က သူ့ရဲ့ Store Page မှာ Pixel 3 နဲ့ Pixel 3XL တို့အတွက် ပရိုမိုးရှင်း ပြုလုပ်ပေးလိုက်ပါတယ်။ အောက်တိုဘာလ ၉ ရက်နေ့မှာ ကြေညာမယ့် Pixel 3 Phone များရဲ့ သတင်းအချက်အလက်များကို သိနိုင်ဖို့ Sign Up ပြုလုပ်နိုင်ပါတယ်။

အဲဒီ ဖုန်းများရဲ့ သတင်းအချက်အလက်များစွာလည်း ပေါက်ကြားထွက်ပေါ်ခဲ့ဖူးပါတယ်။ ယခင်ထွက်ပေါ်ခဲ့တဲ့ Pixel 3XL ရဲ့ ဓါတ်ပုံများမှာ သူ့ရဲ့ အရှေ့နဲ့ အနောက်ဘက် နှစ်ခုစလုံးကို မြင်ရပါတယ်။ စကရင်ရဲ့ အထက်မှာ Notch လည်း ပါလာပါတယ်။ Face Scanning အတွက် အနီအောက် ရောင်ခြည် ဆန်ဆာကို Notch မှာ တပ်ဆင်ထားပါတယ်။ Notch မှာ Selfie Camera နဲ့ စတီရီယို စပီကာများလည်း ပါပါတယ်။

အနောက်ဘက်ကတော့ Google Pixel 2 XL နဲ့ တူညီပါတယ်။ လက်ဗွေရာ အာရုံခံ ကိရိယာနဲ့ ကင်မရာ တစ်လုံးကို အနောက်ဘက်မှာ ထည့်သွင်းထားပါတယ်။ LED Flash လည်း ပါပါတယ်။ Active Edge စွမ်းရည်ပါပြီး ဖုန်းကို ညှစ်လိုက်ရင် Google Assistant ကို ဆင့်ခေါ်ပေးမှာပါ။ သူ့မှာ 3430mAh Battery ထည့်သွင်းထားပါတယ်။

သူ့ရဲ့ နာမည်ပြောင်မှာ Crosshatch ဖြစ်ပြီး 4GB RAM , 64GB Storage များ ပါလာမယ်လို့ သိရပါတယ်။ အရင်ကတော့ 128GB Storage ပါမယ်လို့ သတင်းထွက်ထားပါတယ်။ အခြား သတင်းအချက်အလက်များကတော့ ယခင်သတင်းများနဲ့ တူညီနေပါတယ်။ သူ့ကို အားသွင်းပေးမယ့် Pixel Stand ကိုလည်း ထုတ်လုပ်ထားမယ်လို့ သတင်းထွက်နေပါတယ်။ Pixel Stand မှာ Google Assistant ပါလာနိုင်ပါတယ်။ သဘောက သင့်ဖုန်းကို Pixel Stand မှာ စိုက်ထားပြီး Lock လုပ်ထားချိန်မှာ Google Assistant ကို မေးခွန်းများ မေးနိုင်မှာပါ။ သူ့မှာ ၆.၇၁ လက်မ 1440x2960p Display ထည့်သွင်းထားပါတယ်။

You may be interested

Redmi Y3 ရဲ႕ ဗီဒီယို ထြက္လာ
Android, HUBS, Mobiles & Tablets
0 shares0 views

Redmi Y3 ရဲ႕ ဗီဒီယို ထြက္လာ

Ko Thuya - Apr 21, 2019

Redmi India က Y3 ရဲ႕ Teaser Video တစ္ခုကို မွ်ေ၀လိုက္ပါတယ္။ ဖုန္းရဲ႕ အေနာက္ဘက္ဟာ အကြက္အေျပာက္ ဒီဇိုင္း ျဖစ္တာကို ျမင္ရပါတယ္။ အေနာက္ကင္မရာ ၂ လံုးနဲ႔ လက္ေဗြရာ အာရံုခံ ကိရိယာ ပါပါတယ္။ မ်က္ႏွာျပင္မွာ…

EMUI 9.1 ရမယ့္ Huawei ရဲ႕ Device ၄၉ လံုး
Android, Huawei, HUBS
0 shares0 views

EMUI 9.1 ရမယ့္ Huawei ရဲ႕ Device ၄၉ လံုး

Ko Thuya - Apr 21, 2019

Huawei ရဲ႕ EMUI 9.1 မွာ Icon Design နဲ႔ Gesture Control မ်ားကို အဆင့္ျမွင့္ထားပါတယ္။ ဖိုင္စနစ္ အသစ္လည္း ပါလာပါတယ္။ အခုေတာ့ ဟြာေ၀းက EMUI 9.1 ရမယ့္ Huawei နဲ႔ Honor…

F-16 ထက္ ပိုျမန္တဲ့ ေဒၚလာ ၂.၅ သန္းတန္ အီလက္ထရစ္ကား
Automobiles, NEWS, Tech Update
0 shares70 views

F-16 ထက္ ပိုျမန္တဲ့ ေဒၚလာ ၂.၅ သန္းတန္ အီလက္ထရစ္ကား

Ko Thuya - Apr 21, 2019

ျမင္းေကာင္ေရ ၁၉၀၀ အားရွိတဲ့ ေဒၚလာ ၂.၅ သန္းတန္ အီလက္ထရစ္ကားကို နယူးေယာက္ရဲ႕ လမ္းမမ်ားမွာ ျမင္ရေတာ့မွာပါ။ The Pininfarina Battista လို႔ အမည္ေပးထားတဲ့ ကားဟာ တစ္နာရီလွ်င္ ၂၁၇ မိုင္ ( ၃၅၀ ကီလိုမီတာ) အထိ…

Leave a Comment

Most from this category