346 Shares 90 Views

“Gather Round” ပြဲမွာ Apple ေၾကညာသြားခဲ့သမွ်

Sep 13, 2018
346 90

[Zawgyi]

မေန႕ည ျမန္မာစံေတာ္ခ်ိန္ ည ၁၁ နာရီခြဲ၊ Apple Park ရုံးခ်ုဳပ္အသစ္က Steve Jobs Theater မွာ က်င္းပျပဳလုပ္ခဲ့တဲ့ Gather Round ပြဲၾကီးကေတာ့ ျပီးစီးသြားခဲ့ပါျပီ။ ထုံးစံအတိုင္း iPhone ေမာ္ဒယ္အသစ္ေတြကို အဓိကမိတ္ဆက္တဲ့ပြဲျဖစ္ပါတယ္။

အမွန္အတိုင္းေျပာရရင္ အရင္ပြဲေတြေလာက္ စိတ္လွဳပ္ရွားစရာအသစ္ေတြ မိတ္ဆက္တာမ်ိဳး မေတြ႕ခဲ့ရသလို၊ Apple ပြဲေတြမွာ ေနာက္ဆုံးမိတ္ဆက္ေနက် ‘One more thing’ မွာလည္ ထူးထူးျခားျခား ျမင္ရမယ့္အစား LCD iPhone ကိုပဲ ‘One more iPhone’ လုပ္ျပီး မိတ္ဆက္သြားခဲ့ပါတယ္။ ေကာလာဟလ ထြက္ခဲ့သလို ေဘာင္မဲ့ iPad Pro ေတြ ဘာေတြလည္း မေတြ႕ခဲ့ရပါဘူး။

Apple Gather Round မွာ မိတ္ဆက္သြားတာေတြကေတာ့

Apple Watch Series 4

ပထမဦးဆုံး မိတ္ဆက္ခဲ့တာကေတာ့ Apple Watch Series 4 စမတ္နာရီအသစ္ျဖစ္ပါတယ္။ iPhone ေမာ္ဒယ္အသစ္ေတြမွာ ေျပာင္းလဲမွဳသိပ္မလုပ္ခဲ့ေပမယ့္ Watch Series 4 မွာေတာ့ ေတာ္ေတာ္ေျပာင္းလဲထားပါတယ္။ 40mm နဲ႕ 44mm ဆိုျပီး အရြယ္အစား ၂ မ်ိဳး ထြက္ရွိမွာျဖစ္ျပီး၊ Display အရြယ္အစား ၃၀ ရာခိုင္ႏွဳန္းေလာက္စီ ပိုၾကီးလာပါတယ္။ အခ်က္အလက္ျပသမွဳလည္း ပိုအေသးစိတ္ လုပ္လာႏိုင္ျပီး၊ စေတာ့ေစ်းႏွဳန္းေတြ၊ အားကစားအသင္းေတြရဲ႕ ရလဒ္ေတြစတဲ့ အခ်က္အလက္ေတြပါ ၾကည့္လို႕ရေတာ့မွာပါ။ Watch Series 4 ကို Silver ၊ Gold နဲ႕ Space Grey Aluminum finishe သုံးမ်ိဳးနဲ႕ ရရွိႏိုင္မွာျဖစ္သလို၊ Stainless Steel collection လည္း ေရြးခ်ယ္ဝယ္ယူႏိုင္မွာျဖစ္ပါတယ္။

Apple Watch Series 4 မွာ က်န္းမာေရး features အသစ္ေတြလည္း ပါဝင္လာျပီး၊ ECG ရိုက္ႏိုင္မယ့္ electronic heart sensor ပါ ပါဝင္လာပါတယ္။ ECG ရိုက္ခ်င္ရင္ သူ႕ App ကို ဖြင့္ျပီး နာရီရဲ႕ Digital Crown ေပၚမွာ လက္တင္ထားရုံနဲ႕ အလြယ္ရိုက္ႏိုင္မွာျဖစ္ပါတယ္။ ဒီေဒတာေတြကိုေတာ့ ဆရာဝန္နဲ႕ ျပန္ share ျပီး ကုိယ့္နွလုံးက်န္းမာေရးကို စစ္ေဆးႏိုင္မွာပါ။ ေလ့က်င့္ခန္းအမ်ိဳးအစားကို အလိုအေလ်ာက္သိရွိႏိုင္မယ့္ Automatic workout detection လုပ္ေဆာင္ခ်က္လည္း ပါဝင္လာပါတယ္။ Chipset အေနနဲ႕ S4 Chipset ကို အသုံးျပဳထားျပီး၊ အရင္ေမာ္ဒယ္ထက္ စြမ္းေဆာင္ရည္ ၂ ဆ ေကာင္းမြန္လာမွာျဖစ္တယ္လို႕ ဆိုပါတယ္။

Watch Series 4 ကို ၃၉၉ ေဒၚလာနဲ႕ စတင္ေရာင္းခ်သြားမွာျဖစ္ျပီး၊ ဆယ္လူလာေမာ္ဒယ္ကိုေတာ့ ၄၉၉ ေဒၚလာနဲ႕ ေရာင္းခ်သြားမွာျဖစ္ပါတယ္။ iPhone အသစ္ေတြအတိုင္း လာမယ့္ ေသာၾကာေန႕ကစ Pre-Oder မွာႏိုင္ျပီျဖစ္ျပီး၊ စက္တင္ဘာ ၂၁ မွာ ေရာင္းခ်သြားမွာပါ။

iPhone အသစ္မ်ား

အားလုံးေမွ်ာ္လင့္ေနတဲ့ iPhone ေမာ္ဒယ္အသစ္ေတြကိုလည္း ယခုပြဲမွာ မိတ္ဆက္သြားခဲ့ပါတယ္။ စုစုေပါင္း iPhone ေမာ္ဒယ္အသစ္ ၃ မ်ိဳး မိတ္ဆက္ခဲ့ျပီး၊ အနိမ့္ဆုံးေမာ္ဒယ္ကို ၇၄၉ ေဒၚလာနဲ႕ ေရာင္းခ်မွာျဖစ္တာေၾကာင့္ ေဒၚလာ ၁ ေထာင္နီးပါး သုံးစရာမလိုဘဲ iPhone ေမာ္ဒယ္သစ္ ကိုင္ႏိုင္မယ့္ အခြင့္အေရးလို႕ ဆိုရမွာပါ။

iPhone XS ၊ iPhone XS Max နဲ႕ iPhone XR လို႕ နာမည္ေပးထားတဲ့ ေမာ္ဒယ္သုံးမ်ိဳးဟာ အရင္ iPhone X နဲ႕ ဒီဇိုင္းပိုင္း အဓိကကြာျခားခ်က္မရွိဘဲ၊ 7nm A12 Bionic Chipset ပါလာတာ၊ eSIM နဲ႕ SIM နွစ္ကတ္ သုံးလာႏိုင္တာ၊ 512GB အထိ Storage ေမာ္ဒယ္ ထြက္လာတာေလာက္ပဲ ကြာပါတယ္။

iPhone XS နဲ႕ XS Max တို႕က OLED Super Retina Display နဲ႕ ျဖစ္ျပီး၊ iPhone XR ကေတာ့ LCD Liquid Retina Display နဲ႕ ျဖစ္ပါတယ္။ iPhone ေမာ္ဒယ္အသစ္အေၾကာင္းကိုေတာ့ ယခုလင့္ခ္မွာ စုံလင္စြာ ဖတ္ရွဳႏိုင္ပါတယ္။

တရားဝင္မိတ္ဆက္လိုက္ျပီျဖစ္တဲ့ iPhone XS ၊ iPhone XS Max နဲ႕ iPhone XR

တျခားေၾကညာခ်က္မ်ား

HomePod

Apple HomePod စမတ္စပီကာအသစ္ကိုေတာ့ မိတ္မဆက္ခဲ့ေပမယ့္ စမတ္စပီကာအေၾကာင္းေတာ့ နည္းနည္းေျပာသြားခဲ့ပါတယ္။ HomePod ကေန မၾကာခင္ ဖုန္းေခၚဆိုမွဳေတြ ျပဳလုပ္လာႏိုင္မွာျဖစ္ျပီး၊ Siri ကေနတင္ ေခၚလာႏိုင္ေတာ့မွာပါ။ ဒါ့အျပင္ Siri ကေန သီခ်င္းစာသားနဲ႕ သီခ်င္းရွာတာ၊ Timer တခုမက ေပးတာေတြ လုပ္လာနိုင္မွာျဖစ္ပါတယ္။

Apple TV and macOS

Apple ဟာ iOS 12 ၊ watchOS 5 ၊ macOS Mojave နဲ႕ tvOS 12 betas တို႕ကို ျပီးခဲ့တဲ့ ဂၽြန္လက က်င္းပခဲ့တဲ့ WWDC 2018 မွာ မိတ္ဆက္သြားခဲ့ပါတယ္။ Apple ဟာ macOS အသစ္ကလြဲလို႕ က်န္တဲ့ OS အသစ္အကုန္လုံးကို စက္တင္ဘာ ၁၇ ရက္ေန႕မွာ စတင္ထုတ္ေပးသြားမွာျဖစ္ေၾကာင္း ေျပာၾကားခဲ့ျပီး၊ macOS Mojave ကေတာ့ စက္တင္ဘာ ၂၄ မွ ထြက္ရွိလာေတာ့မွာ ျဖစ္ပါတယ္။

Apple Discounts and Deals

Apple ဟာ အရင္ iPhone ေမာ္ဒယ္ေတြျဖစ္တဲ့ iPhone 7 နဲ႕ 8 ေမာ္ဒယ္အကုန္လုံးကို ေဒၚလာ ၁၀၀ စီ ေစ်းေလ်ာ့ေပးလိုက္ပါတယ္။ ဒါေၾကာင့္ iPhone 7, iPhone 7 Plus, iPhone 8, and iPhone 8 Plus တို႕ကို $449, $569, $599, and $699 တို႕နဲ႕ ဝယ္ယူရရွိႏိုင္ေတာ့မွာျဖစ္ပါတယ္။ ဒါ့အျပင္ Apple ဟာ မႏွစ္ကတင္ ထုတ္ခဲ့တဲ့ iPhone X ကို ဆက္လက္ေရာင္းခ်ေတာ့မွာ မဟုတ္ေၾကာင္းလည္း ေၾကညာခဲ့ပါတယ္။ iPhone X အျပင္၊ iPhone SE နဲ႕ iPhone 6s တို႕ကိုလည္း ထုတ္ေတာ့မွာမဟုတ္တာေၾကာင့္ Apple ဆီကေန 3.5mm နားၾကပ္ေပါက္ပါတဲ့ iPhone ကို တရားဝင္တိုက္ရိုက္ဝယ္လို႕ရေတာ့မွာမဟုတ္ပါဘူး။ Apple Watch Series 3 ကိုလည္ း ေစ်းေလ်ာ့ေပးလိုက္ျပီး၊ ၂၇၉ ေဒၚလာနဲ႕ တင္ ေရာင္းခ်ေပးေတာ့မွာျဖစ္ပါတယ္။ Series 1 ကိုေတာ့ ဆက္ထုတ္ေတာ့မွာမဟုတ္ဘူးလို႕ သိရပါတယ္။

သတင္းမၾကားခဲ့တဲ့ Product မ်ား

Apple ဟာ မႏွစ္က Device သုံးခု တျပိဳင္တည္း အားတင္သြင္းႏိုင္တဲ့ ၾကိဳးမဲ့ Charger ‘AirPower’ ကို မိတ္ဆက္ခဲ့ေပမယ့္ အခုထိ ထုတ္လုပ္ေရာင္းခ်ႏိုင္ျခင္းမရွိေသးပါဘူး။ အခုပြဲမွာလည္း AirPower အေၾကာင္း ဘာမွ မေျပာခဲ့တာေၾကာင့္ ထြက္ေကာထြက္လာဦးမွာလားဆိုတာ စဥ္းစားစရာပါ။ ဒ့ါအျပင္ ေဘာင္မဲ့ Display နဲ႕ ထြက္မယ္လို႕ သတင္းထြက္ခဲ့တဲ့ iPad Pro ေမာ္ဒယ္အသစ္အေၾကာင္းလည္း မသိခဲ့ရပါဘူး။

Ref: Venture Beat

[Unicode]

မနေ့ည မြန်မာစံတော်ချိန် ည ၁၁ နာရီခွဲ၊ Apple Park ရုံးချုုပ်အသစ်က Steve Jobs Theater မှာ ကျင်းပပြုလုပ်ခဲ့တဲ့ Gather Round ပွဲကြီးကတော့ ပြီးစီးသွားခဲ့ပါပြီ။ ထုံးစံအတိုင်း iPhone မော်ဒယ်အသစ်တွေကို အဓိကမိတ်ဆက်တဲ့ပွဲဖြစ်ပါတယ်။

အမှန်အတိုင်းပြောရရင် အရင်ပွဲတွေလောက် စိတ်လှုပ်ရှားစရာအသစ်တွေ မိတ်ဆက်တာမျိုး မတွေ့ခဲ့ရသလို၊ Apple ပွဲတွေမှာ နောက်ဆုံးမိတ်ဆက်နေကျ ‘One more thing’ မှာလည် ထူးထူးခြားခြား မြင်ရမယ့်အစား LCD iPhone ကိုပဲ ‘One more iPhone’ လုပ်ပြီး မိတ်ဆက်သွားခဲ့ပါတယ်။ ကောလာဟလ ထွက်ခဲ့သလို ဘောင်မဲ့ iPad Pro တွေ ဘာတွေလည်း မတွေ့ခဲ့ရပါဘူး။

Apple Gather Round မှာ မိတ်ဆက်သွားတာတွေကတော့

Apple Watch Series 4

ပထမဦးဆုံး မိတ်ဆက်ခဲ့တာကတော့ Apple Watch Series 4 စမတ်နာရီအသစ်ဖြစ်ပါတယ်။ iPhone မော်ဒယ်အသစ်တွေမှာ ပြောင်းလဲမှုသိပ်မလုပ်ခဲ့ပေမယ့် Watch Series 4 မှာတော့ တော်တော်ပြောင်းလဲထားပါတယ်။ 40mm နဲ့ 44mm ဆိုပြီး အရွယ်အစား ၂ မျိုး ထွက်ရှိမှာဖြစ်ပြီး၊ Display အရွယ်အစား ၃၀ ရာခိုင်နှုန်းလောက်စီ ပိုကြီးလာပါတယ်။ အချက်အလက်ပြသမှုလည်း ပိုအသေးစိတ် လုပ်လာနိုင်ပြီး၊ စတော့ဈေးနှုန်းတွေ၊ အားကစားအသင်းတွေရဲ့ ရလဒ်တွေစတဲ့ အချက်အလက်တွေပါ ကြည့်လို့ရတော့မှာပါ။ Watch Series 4 ကို Silver ၊ Gold နဲ့ Space Grey Aluminum finishe သုံးမျိုးနဲ့ ရရှိနိုင်မှာဖြစ်သလို၊ Stainless Steel collection လည်း ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

Apple Watch Series 4 မှာ ကျန်းမာရေး features အသစ်တွေလည်း ပါဝင်လာပြီး၊ ECG ရိုက်နိုင်မယ့် electronic heart sensor ပါ ပါဝင်လာပါတယ်။ ECG ရိုက်ချင်ရင် သူ့ App ကို ဖွင့်ပြီး နာရီရဲ့ Digital Crown ပေါ်မှာ လက်တင်ထားရုံနဲ့ အလွယ်ရိုက်နိုင်မှာဖြစ်ပါတယ်။ ဒီဒေတာတွေကိုတော့ ဆရာဝန်နဲ့ ပြန် share ပြီး ကိုယ့်နှလုံးကျန်းမာရေးကို စစ်ဆေးနိုင်မှာပါ။ လေ့ကျင့်ခန်းအမျိုးအစားကို အလိုအလျောက်သိရှိနိုင်မယ့် Automatic workout detection လုပ်ဆောင်ချက်လည်း ပါဝင်လာပါတယ်။ Chipset အနေနဲ့ S4 Chipset ကို အသုံးပြုထားပြီး၊ အရင်မော်ဒယ်ထက် စွမ်းဆောင်ရည် ၂ ဆ ကောင်းမွန်လာမှာဖြစ်တယ်လို့ ဆိုပါတယ်။

Watch Series 4 ကို ၃၉၉ ဒေါ်လာနဲ့ စတင်ရောင်းချသွားမှာဖြစ်ပြီး၊ ဆယ်လူလာမော်ဒယ်ကိုတော့ ၄၉၉ ဒေါ်လာနဲ့ ရောင်းချသွားမှာဖြစ်ပါတယ်။ iPhone အသစ်တွေအတိုင်း လာမယ့် သောကြာနေ့ကစ Pre-Oder မှာနိုင်ပြီဖြစ်ပြီး၊ စက်တင်ဘာ ၂၁ မှာ ရောင်းချသွားမှာပါ။

iPhone အသစ်များ

အားလုံးမျှော်လင့်နေတဲ့ iPhone မော်ဒယ်အသစ်တွေကိုလည်း ယခုပွဲမှာ မိတ်ဆက်သွားခဲ့ပါတယ်။ စုစုပေါင်း iPhone မော်ဒယ်အသစ် ၃ မျိုး မိတ်ဆက်ခဲ့ပြီး၊ အနိမ့်ဆုံးမော်ဒယ်ကို ၇၄၉ ဒေါ်လာနဲ့ ရောင်းချမှာဖြစ်တာကြောင့် ဒေါ်လာ ၁ ထောင်နီးပါး သုံးစရာမလိုဘဲ iPhone မော်ဒယ်သစ် ကိုင်နိုင်မယ့် အခွင့်အရေးလို့ ဆိုရမှာပါ။

iPhone XS ၊ iPhone XS Max နဲ့ iPhone XR လို့ နာမည်ပေးထားတဲ့ မော်ဒယ်သုံးမျိုးဟာ အရင် iPhone X နဲ့ ဒီဇိုင်းပိုင်း အဓိကကွာခြားချက်မရှိဘဲ၊ 7nm A12 Bionic Chipset ပါလာတာ၊ eSIM နဲ့ SIM နှစ်ကတ် သုံးလာနိုင်တာ၊ 512GB အထိ Storage မော်ဒယ် ထွက်လာတာလောက်ပဲ ကွာပါတယ်။

iPhone XS နဲ့ XS Max တို့က OLED Super Retina Display နဲ့ ဖြစ်ပြီး၊ iPhone XR ကတော့ LCD Liquid Retina Display နဲ့ ဖြစ်ပါတယ်။ iPhone မော်ဒယ်အသစ်အကြောင်းကိုတော့ ယခုလင့်ခ်မှာ စုံလင်စွာ ဖတ်ရှုနိုင်ပါတယ်။

တရားဝင္မိတ္ဆက္လိုက္ျပီျဖစ္တဲ့ iPhone XS ၊ iPhone XS Max နဲ႕ iPhone XR

တခြားကြေညာချက်များ

HomePod

Apple HomePod စမတ်စပီကာအသစ်ကိုတော့ မိတ်မဆက်ခဲ့ပေမယ့် စမတ်စပီကာအကြောင်းတော့ နည်းနည်းပြောသွားခဲ့ပါတယ်။ HomePod ကနေ မကြာခင် ဖုန်းခေါ်ဆိုမှုတွေ ပြုလုပ်လာနိုင်မှာဖြစ်ပြီး၊ Siri ကနေတင် ခေါ်လာနိုင်တော့မှာပါ။ ဒါ့အပြင် Siri ကနေ သီချင်းစာသားနဲ့ သီချင်းရှာတာ၊ Timer တခုမက ပေးတာတွေ လုပ်လာနိုင်မှာဖြစ်ပါတယ်။

Apple TV and macOS

Apple ဟာ iOS 12 ၊ watchOS 5 ၊ macOS Mojave နဲ့ tvOS 12 betas တို့ကို ပြီးခဲ့တဲ့ ဂျွန်လက ကျင်းပခဲ့တဲ့ WWDC 2018 မှာ မိတ်ဆက်သွားခဲ့ပါတယ်။ Apple ဟာ macOS အသစ်ကလွဲလို့ ကျန်တဲ့ OS အသစ်အကုန်လုံးကို စက်တင်ဘာ ၁၇ ရက်နေ့မှာ စတင်ထုတ်ပေးသွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပြီး၊ macOS Mojave ကတော့ စက်တင်ဘာ ၂၄ မှ ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။

Apple Discounts and Deals

Apple ဟာ အရင် iPhone မော်ဒယ်တွေဖြစ်တဲ့ iPhone 7 နဲ့ 8 မော်ဒယ်အကုန်လုံးကို ဒေါ်လာ ၁၀၀ စီ ဈေးလျော့ပေးလိုက်ပါတယ်။ ဒါကြောင့် iPhone 7, iPhone 7 Plus, iPhone 8, and iPhone 8 Plus တို့ကို $449, $569, $599, and $699 တို့နဲ့ ဝယ်ယူရရှိနိုင်တော့မှာဖြစ်ပါတယ်။ ဒါ့အပြင် Apple ဟာ မနှစ်ကတင် ထုတ်ခဲ့တဲ့ iPhone X ကို ဆက်လက်ရောင်းချတော့မှာ မဟုတ်ကြောင်းလည်း ကြေညာခဲ့ပါတယ်။ iPhone X အပြင်၊ iPhone SE နဲ့ iPhone 6s တို့ကိုလည်း ထုတ်တော့မှာမဟုတ်တာကြောင့် Apple ဆီကနေ 3.5mm နားကြပ်ပေါက်ပါတဲ့ iPhone ကို တရားဝင်တိုက်ရိုက်ဝယ်လို့ရတော့မှာမဟုတ်ပါဘူး။ Apple Watch Series 3 ကိုလည် း ဈေးလျော့ပေးလိုက်ပြီး၊ ၂၇၉ ဒေါ်လာနဲ့ တင် ရောင်းချပေးတော့မှာဖြစ်ပါတယ်။ Series 1 ကိုတော့ ဆက်ထုတ်တော့မှာမဟုတ်ဘူးလို့ သိရပါတယ်။

သတင်းမကြားခဲ့တဲ့ Product များ

Apple ဟာ မနှစ်က Device သုံးခု တပြိုင်တည်း အားတင်သွင်းနိုင်တဲ့ ကြိုးမဲ့ Charger ‘AirPower’ ကို မိတ်ဆက်ခဲ့ပေမယ့် အခုထိ ထုတ်လုပ်ရောင်းချနိုင်ခြင်းမရှိသေးပါဘူး။ အခုပွဲမှာလည်း AirPower အကြောင်း ဘာမှ မပြောခဲ့တာကြောင့် ထွက်ကောထွက်လာဦးမှာလားဆိုတာ စဉ်းစားစရာပါ။ ဒ့ါအပြင် ဘောင်မဲ့ Display နဲ့ ထွက်မယ်လို့ သတင်းထွက်ခဲ့တဲ့ iPad Pro မော်ဒယ်အသစ်အကြောင်းလည်း မသိခဲ့ရပါဘူး။

Ref: Venture Beat

You may be interested

အျပင္ဘက္ကို ေခါက္ခ်ိဳးႏုိင္တဲ့ Foldable iPhone ကို ၂၀၂၀ ခုႏွစ္မွာ ေၾကညာမည္
Android, Apple, HUBS
0 shares0 views

အျပင္ဘက္ကို ေခါက္ခ်ိဳးႏုိင္တဲ့ Foldable iPhone ကို ၂၀၂၀ ခုႏွစ္မွာ ေၾကညာမည္

Ko Thuya - Jan 17, 2019

ဆမ္ေဆာင္းက ဒီလ ၂၀ ရက္ေန႔မွာ ေခါက္ခ်ိဳး စမတ္ဖုန္းကို ေၾကညာေတာ့မွာ ျဖစ္ပါတယ္။ Huawei နဲ႔ LG တို႔ကလည္း သူတို႔ရဲ႕ ေခါက္ခ်ိဳး စမတ္ဖုန္းမ်ားကို ျပသၾကေတာ့မွာ ျဖစ္ပါတယ္။ Apple ကလည္း ဒီၿပိဳင္ပြဲမွာ ပါ၀င္ယွဥ္ၿပိဳင္မွာပါ။ ကုမၸဏီက ၿပိဳင္ဖက္မ်ားနဲ႔…

ဖုန္းထိန္းခ်ဳပ္ အလိုအေလ်ာက္ ၾကိဳးခ်ည္ဖိနပ္ကို Nike ထုတ္ျပီ
Gadgets, NEWS
0 shares0 views

ဖုန္းထိန္းခ်ဳပ္ အလိုအေလ်ာက္ ၾကိဳးခ်ည္ဖိနပ္ကို Nike ထုတ္ျပီ

Nigma - Jan 17, 2019

(Zawgyi) Nike ဟာ ယေန႔မွာ Adapt BB ဆိုတဲ့ နည္းပညာျမင့္ ဘတ္စကတ္ေဘာဖိနပ္တမ်ိဳးကို မိတ္ဆက္လိုက္ပါတယ္။ Adapt BB ဖိနပ္ဟာ အလိုအေလ်ာက္ၾကိဳးခ်ည္ႏိုင္ျပီး၊ ေျခေထာက္အရြယ္အစားနဲ႔  အံကိုက္ ျဖစ္ေနေအာင္ အလိုအေလ်ာက္ ၾကိဳးအတင္းအေလ်ာ့ လုပ္ေပးႏိုင္ပါတယ္။ ဒါတင္ မကေသးပါဘူး။ အရင္က…

LG က MWC 2019 မွာ ေခါက္ခ်ိဳးု စမတ္ဖုန္းကို ျပသမည္
Android, HUBS, LG
93 shares9 views

LG က MWC 2019 မွာ ေခါက္ခ်ိဳးု စမတ္ဖုန္းကို ျပသမည္

Ko Thuya - Jan 17, 2019

လာမယ့္လမွာ ဘာစီလိုနာတြင္ MWC 2019 ကို က်င္းပေတာ့မွာ ျဖစ္ပါတယ္။ Xiaomi နဲ႔ Sony တို႔က အဲဒီပြဲမွာ ပါ၀င္ ျပသဖို႔ ဖိတ္စာမ်ား ေ၀ငွထားၿပီးပါၿပီ။ LG ကလည္း အဲဒီပြဲမွာ ေခါက္ခ်ိဳး စမတ္ဖုန္းကို ျပသမယ္လို႔ ေတာင္ကိုရီးယားကေန…

Leave a Comment

Most from this category