537 Shares 461 Views

Full Screen Phone မ်ားမွာလို Navigation Gestures မ်ား သံုးႏုိင္မယ့္ Android App

Sep 13, 2018
537 461

[Zawgyi]

iPhone X နဲ႔ ေနာက္ပိုင္းထြက္ Android Phone မ်ားမွာ Physical Navigation Buttons မ်ား မပါေတာ့ဘဲ Gestures မ်ားကိုသာ Navigation အတြက္ အသံုးျပဳၾကပါတယ္။

သင့္ ဖုန္းမွာလည္း ဒီလို Gestures မ်ားျဖင့္ Navigate လုပ္ျခင္း၊ အလုပ္မ်ားလုပ္ျခင္းမ်ား ျပဳလုပ္ခ်င္ရင္ေတာ့ Navigation Gestures အမည္ရ အသစ္ထြက္ Android App ကို အသံုးျပဳႏိုင္ပါတယ္။ သူက သင့္ဖုန္းမွာ နဂိုပါတဲ့ Software Navigation Bar ကိုလည္း ေဖ်ာက္ထားႏုိင္ပါတယ္။ ဒီလိုလုပ္ဖို႔ သင့္ဖုန္းကို Root လုပ္ထားစရာ မလိုပါဘူး။ သူ႔ကို အင္စေတာလုပ္ၿပီးရင္ စကရင္ရဲ႕ ေအာက္ေျခမွာ ေဆးလံုး ပံုသ႑ာန္ ဘားတန္း ေပၚလာမွာပါ။

ဘားတန္းကို တစ္ခ်က္ထိျခင္း၊ ႏွစ္ခ်က္ထိျခင္း၊ ဖိထားျခင္း၊ ဘယ္ သို႔မဟုတ္ ညာဘက္သို႔ ပြတ္ဆြဲျခင္းျဖင့္ Home , Back , Recent Apps စတာေတြကို ဖြင့္ႏုိင္ပါတယ္။ သူ႔ကို အခမဲ့ အသံုးျပဳရင္ေတာ့ အထက္ေဖာ္ျပပါ အေျခခံ အလုပ္မ်ားသာ လုပ္ႏုိင္ပါတယ္။ အခေပး ၀ယ္ယူရင္ေတာ့ အျခား အလုပ္မ်ားစြာကိုပါ ျပဳလုပ္ႏုိင္ပါတယ္။ အဲဒီ အလုပ္မ်ားထဲမွာ App မ်ားဖြင့္ျခင္း၊ Notification Bar ကို ဆြဲခ်ျခင္း၊ Quick Settings ကုိ ဖြင့္ျခင္း၊ ပါ၀ါ မီႏူးကို ဖြင့္ျခင္း ၊ သီခ်င္းမ်ား ေက်ာ္ျခင္း၊ စကရင္ေရွာ့ ရိုက္ျခင္း စတဲ့ အလုပ္မ်ားစြာကို လုပ္ႏုိင္ပါတယ္။

သူ႔ကို ပထမဆံုး အႀကိမ္ဖြင့္ၿပီးရင္ Permissions အခ်ိဳ႕ကို Accept လုပ္ေပးဖို႔ ေျပာမွာပါ။ ညႊန္ၾကားခ်က္အတိုင္း လုပ္ေပးပါ။ သူ႔ရဲ႕ Home Screen မွာ Enable Gesture Pill ကို Enable လုပ္ရင္ စကရင္ရဲ႕ ေအာက္ေျခမွာ ေဆးလံုး ပံုသ႑ာန္ ဘားတန္းေလး ေပၚလာမွာပါ။ သင့္ဖုန္းမွာ Software Navigation Bar ရွိရင္ Hide လုပ္ပါ။

ညာဘက္အေပၚေထာင့္မွ ခလုတ္ကို ႏွိပ္ၿပီး Settings ထဲသြားပါ။

Gestures ထဲသြားၿပီး အလုပ္မ်ားကို သတ္မွတ္ပါ။ Taps က႑ေအာက္မွာ ဘားတန္းကို တစ္ခ်က္၊ ႏွစ္ခ်က္ ႏွိပ္ျခင္း၊ ဖိထားျခင္းမ်ား ျပဳလုပ္ရင္ လုပ္ရမယ့္ အလုပ္ကို သတ္မွတ္ပါ။

Swipe က႑ေအာက္မွာလည္း ထိုနည္းလည္းေကာင္း သတ္မွတ္ပါ။

အခမဲ့ ဗားရွင္းမွာေတာ့ Home, Back , Recent Apps , Assistant စတာေတြကိုသာ ေရြးခ်ယ္ႏုိင္ပါတယ္။ အခေပးဗားရွင္းမွာေတာ့ အလုပ္မ်ားစြာ ပါပါတယ္။

Settings ထဲကေန Apperance ထဲသြားရင္ ဘားတန္းရဲ႕ သြင္ျပင္၊ အေရာင္နဲ႔ အရြယ္အစားမ်ားကို ေျပာင္းလဲ သတ္မွတ္ႏုိင္ပါတယ္။

Settings ထဲကေန Behavior ထဲသြားပါ။ Show NavBar in Selected Apps ထဲမွာ App မ်ားကို ေရြးခ်ယ္ႏုိင္ပါတယ္။ အဲဒီ App မ်ားကို ဖြင့္ထားရင္ ဘားတန္းကိုပါ ျပသေပးမွာ ျဖစ္ပါတယ္။ မ်က္စိေနာက္လို႔ ဘားတန္းကို မေပၚေစခ်င္တဲ့ App မ်ားကို Hide Pill in Selected Apps မွာ ေရြးေပးပါ။ Vibration Duration မွာ ဘားတန္းကို ႏွိပ္ရင္ တုန္ခါတဲ့ အခ်ိန္ကို ေျပာင္းလဲႏုိင္ပါတယ္။

Navigation Gestures ဟာ Gestures မ်ားျဖင့္ ဖုန္းမွာ အလုပ္မ်ား လုပ္ႏိုင္တဲ့အတြက္ ထူးျခား ဆန္းသစ္ပါတယ္။ iPhone X စတိုင္ ဖမ္းခ်င္ရင္ေတာ့ သူ႔ကို သံုးၾကည့္ပါ။

သူ႔ရဲ႕ ဖုိင္အရြယ္အစားမွာ 5MB ရွိၿပီး Android 5.0 နဲ႔ သူ႔အထက္မွာ အသံုးျပဳႏုိင္ပါတယ္။

Download

[Unicode]

Full Screen Phone များမှာလို Navigation Gestures များ သုံးနိုင်မယ့် Android App

iPhone X နဲ့ နောက်ပိုင်းထွက် Android Phone များမှာ Physical Navigation Buttons များ မပါတော့ဘဲ Gestures များကိုသာ Navigation အတွက် အသုံးပြုကြပါတယ်။ သင့် ဖုန်းမှာလည်း ဒီလို Gestures များဖြင့် Navigate လုပ်ခြင်း၊ အလုပ်များလုပ်ခြင်းများ ပြုလုပ်ချင်ရင်တော့ Navigation Gestures အမည်ရ အသစ်ထွက် Android App ကို အသုံးပြုနိုင်ပါတယ်။ သူက သင့်ဖုန်းမှာ နဂိုပါတဲ့ Software Navigation Bar ကိုလည်း ဖျောက်ထားနိုင်ပါတယ်။ ဒီလိုလုပ်ဖို့ သင့်ဖုန်းကို Root လုပ်ထားစရာ မလိုပါဘူး။ သူ့ကို အင်စတောလုပ်ပြီးရင် စကရင်ရဲ့ အောက်ခြေမှာ ဆေးလုံး ပုံသဏ္ဍာန် ဘားတန်း ပေါ်လာမှာပါ။ ဘားတန်းကို တစ်ချက်ထိခြင်း၊ နှစ်ချက်ထိခြင်း၊ ဖိထားခြင်း၊ ဘယ် သို့မဟုတ် ညာဘက်သို့ ပွတ်ဆွဲခြင်းဖြင့် Home , Back , Recent Apps စတာတွေကို ဖွင့်နိုင်ပါတယ်။ သူ့ကို အခမဲ့ အသုံးပြုရင်တော့ အထက်ဖော်ပြပါ အခြေခံ အလုပ်များသာ လုပ်နိုင်ပါတယ်။ အခပေး ဝယ်ယူရင်တော့ အခြား အလုပ်များစွာကိုပါ ပြုလုပ်နိုင်ပါတယ်။ အဲဒီ အလုပ်များထဲမှာ App များဖွင့်ခြင်း၊ Notification Bar ကို ဆွဲချခြင်း၊ Quick Settings ကို ဖွင့်ခြင်း၊ ပါဝါ မီနူးကို ဖွင့်ခြင်း ၊ သီချင်းများ ကျော်ခြင်း၊ စကရင်ရှော့ ရိုက်ခြင်း စတဲ့ အလုပ်များစွာကို လုပ်နိုင်ပါတယ်။

သူ့ကို ပထမဆုံး အကြိမ်ဖွင့်ပြီးရင် Permissions အချို့ကို Accept လုပ်ပေးဖို့ ပြောမှာပါ။ ညွှန်ကြားချက်အတိုင်း လုပ်ပေးပါ။ သူ့ရဲ့ Home Screen မှာ Enable Gesture Pill ကို Enable လုပ်ရင် စကရင်ရဲ့ အောက်ခြေမှာ ဆေးလုံး ပုံသဏ္ဍာန် ဘားတန်းလေး ပေါ်လာမှာပါ။ သင့်ဖုန်းမှာ Software Navigation Bar ရှိရင် Hide လုပ်ပါ။

ညာဘက်အပေါ်ထောင့်မှ ခလုတ်ကို နှိပ်ပြီး Settings ထဲသွားပါ။

Gestures ထဲသွားပြီး အလုပ်များကို သတ်မှတ်ပါ။ Taps ကဏ္ဍအောက်မှာ ဘားတန်းကို တစ်ချက်၊ နှစ်ချက် နှိပ်ခြင်း၊ ဖိထားခြင်းများ ပြုလုပ်ရင် လုပ်ရမယ့် အလုပ်ကို သတ်မှတ်ပါ။

Swipe ကဏ္ဍအောက်မှာလည်း ထိုနည်းလည်းကောင်း သတ်မှတ်ပါ။

အခမဲ့ ဗားရှင်းမှာတော့ Home, Back , Recent Apps , Assistant စတာတွေကိုသာ ရွေးချယ်နိုင်ပါတယ်။ အခပေးဗားရှင်းမှာတော့ အလုပ်များစွာ ပါပါတယ်။

Settings ထဲကနေ Apperance ထဲသွားရင် ဘားတန်းရဲ့ သွင်ပြင်၊ အရောင်နဲ့ အရွယ်အစားများကို ပြောင်းလဲ သတ်မှတ်နိုင်ပါတယ်။

Settings ထဲကနေ Behavior ထဲသွားပါ။ Show NavBar in Selected Apps ထဲမှာ App များကို ရွေးချယ်နိုင်ပါတယ်။ အဲဒီ App များကို ဖွင့်ထားရင် ဘားတန်းကိုပါ ပြသပေးမှာ ဖြစ်ပါတယ်။ မျက်စိနောက်လို့ ဘားတန်းကို မပေါ်စေချင်တဲ့ App များကို Hide Pill in Selected Apps မှာ ရွေးပေးပါ။ Vibration Duration မှာ ဘားတန်းကို နှိပ်ရင် တုန်ခါတဲ့ အချိန်ကို ပြောင်းလဲနိုင်ပါတယ်။

Navigation Gestures ဟာ Gestures များဖြင့် ဖုန်းမှာ အလုပ်များ လုပ်နိုင်တဲ့အတွက် ထူးခြား ဆန်းသစ်ပါတယ်။ iPhone X စတိုင် ဖမ်းချင်ရင်တော့ သူ့ကို သုံးကြည့်ပါ။

သူ့ရဲ့ ဖိုင်အရွယ်အစားမှာ 5MB ရှိပြီး Android 5.0 နဲ့ သူ့အထက်မှာ အသုံးပြုနိုင်ပါတယ်။

Download

You may be interested

အျပင္ဘက္ကို ေခါက္ခ်ိဳးႏုိင္တဲ့ Foldable iPhone ကို ၂၀၂၀ ခုႏွစ္မွာ ေၾကညာမည္
Android, Apple, HUBS
0 shares0 views

အျပင္ဘက္ကို ေခါက္ခ်ိဳးႏုိင္တဲ့ Foldable iPhone ကို ၂၀၂၀ ခုႏွစ္မွာ ေၾကညာမည္

Ko Thuya - Jan 17, 2019

ဆမ္ေဆာင္းက ဒီလ ၂၀ ရက္ေန႔မွာ ေခါက္ခ်ိဳး စမတ္ဖုန္းကို ေၾကညာေတာ့မွာ ျဖစ္ပါတယ္။ Huawei နဲ႔ LG တို႔ကလည္း သူတို႔ရဲ႕ ေခါက္ခ်ိဳး စမတ္ဖုန္းမ်ားကို ျပသၾကေတာ့မွာ ျဖစ္ပါတယ္။ Apple ကလည္း ဒီၿပိဳင္ပြဲမွာ ပါ၀င္ယွဥ္ၿပိဳင္မွာပါ။ ကုမၸဏီက ၿပိဳင္ဖက္မ်ားနဲ႔…

ဖုန္းထိန္းခ်ဳပ္ အလိုအေလ်ာက္ ၾကိဳးခ်ည္ဖိနပ္ကို Nike ထုတ္ျပီ
Gadgets, NEWS
0 shares0 views

ဖုန္းထိန္းခ်ဳပ္ အလိုအေလ်ာက္ ၾကိဳးခ်ည္ဖိနပ္ကို Nike ထုတ္ျပီ

Nigma - Jan 17, 2019

(Zawgyi) Nike ဟာ ယေန႔မွာ Adapt BB ဆိုတဲ့ နည္းပညာျမင့္ ဘတ္စကတ္ေဘာဖိနပ္တမ်ိဳးကို မိတ္ဆက္လိုက္ပါတယ္။ Adapt BB ဖိနပ္ဟာ အလိုအေလ်ာက္ၾကိဳးခ်ည္ႏိုင္ျပီး၊ ေျခေထာက္အရြယ္အစားနဲ႔  အံကိုက္ ျဖစ္ေနေအာင္ အလိုအေလ်ာက္ ၾကိဳးအတင္းအေလ်ာ့ လုပ္ေပးႏိုင္ပါတယ္။ ဒါတင္ မကေသးပါဘူး။ အရင္က…

LG က MWC 2019 မွာ ေခါက္ခ်ိဳးု စမတ္ဖုန္းကို ျပသမည္
Android, HUBS, LG
93 shares9 views

LG က MWC 2019 မွာ ေခါက္ခ်ိဳးု စမတ္ဖုန္းကို ျပသမည္

Ko Thuya - Jan 17, 2019

လာမယ့္လမွာ ဘာစီလိုနာတြင္ MWC 2019 ကို က်င္းပေတာ့မွာ ျဖစ္ပါတယ္။ Xiaomi နဲ႔ Sony တို႔က အဲဒီပြဲမွာ ပါ၀င္ ျပသဖို႔ ဖိတ္စာမ်ား ေ၀ငွထားၿပီးပါၿပီ။ LG ကလည္း အဲဒီပြဲမွာ ေခါက္ခ်ိဳး စမတ္ဖုန္းကို ျပသမယ္လို႔ ေတာင္ကိုရီးယားကေန…

Leave a Comment

Most from this category