0 Shares 81 Views

Apple HomePod မွာ ဖုန္းေျပာႏိုင္တဲ့ စြမ္းရည္ ပါလာ

Sep 13, 2018
0 81

[Zawgyi]

Apple က iPhone Event မွာ HomePod ရဲ႕စြမ္းရည္ အသစ္မ်ားကို ေၾကညာလိုက္ပါတယ္။ Siri Voice Assistant မွာ လုပ္ေဆာင္ခ်က္ အသစ္မ်ား ပါလာပါတယ္။ အဲဒီအထဲက တစ္ခုမွာ သီခ်င္းစာသားကို ေျပာျပၿပီး အဲဒီ သီခ်င္းကို ဖြင့္ခိုင္းတဲ့ စြမ္းရည္ ျဖစ္ပါတယ္။ ဒီလို ခုိင္းလိုက္ရင္ Siri က iTunes ရဲ႕ သီခ်င္း စာသားကို ေဒတာေဘ့စ္ကေန လိုက္ရွာၿပီး အဲဒီ သီခ်င္းကို ဖြင့္ေပးမွာ ျဖစ္ပါတယ္။

ေနာက္တစ္ခုကေတာ့ လူအမ်ားေမွ်ာ္လင့္ေနၾကတဲ့ စြမ္းရည္ ျဖစ္ပါတယ္။ အရင္ကေတာ့ HomePod မွာ Timer တစ္ခုသာ သတ္မွတ္ႏုိင္ပါတယ္။ အခုေတာ့ Timers မ်ားစြာ သတ္မွတ္ႏိုင္ပါတယ္။ ဒါ့အျပင္ HomePod ကေန ဖုန္းလက္ခံျခင္း၊ ဖုန္းေခၚဆိုျခင္းမ်ားကို ျပဳလုပ္ႏုိင္လာပါၿပီ။ Siri ကို ဖုန္းေခၚဖို႔ ခုိင္းႏုိင္သလို သင့္ အိုင္ဖုန္းထံ ဖုန္း၀င္လာရင္ HomePod ကေန ဖုန္းေျပာဖို႔ ေရြးခ်ယ္ႏုိင္ပါတယ္။ Missed Calls မ်ားကို စစ္ေဆးဖို႔အတြက္ “Hey Siri, who just called?” ဆိုၿပီး Siri ကို ေမးျမန္းႏုိင္ပါတယ္။ HomePod ကေန ေျပာတဲ့ ဖုန္းမ်ားကို အိုင္ဖုန္းထံသို႔ လႊဲေျပာင္းႏုိင္ပါတယ္။

Find My iPhone ကိုလည္း HomePod ကေန အသံုးျပဳႏုိင္ပါတယ္။ သင့္ အိုင္ဖုန္းကို ရွာဖို႔ ေျပာလိုက္တာနဲ႔ အိုင္ဖုန္းကေန Ring သံထြက္လာမွာ ျဖစ္ပါတယ္။ iOS 12 မွာ ပါလာတဲ့ Siri Shortcuts အသစ္မ်ားကိုလည္း HomePod ကေန အသံုးျပဳႏုိင္ပါတယ္။ အိုင္ဖုန္း၊အိုင္ပတ္မ်ားမွာ သိမ္းထားတဲ့ Shortcuts မ်ားကို HomePod ကေန အသံုးျပဳႏုိင္ပါတယ္။ Apple က HomePod မွာ အဲဒီ လုပ္ေဆာင္ခ်က္မ်ားကို အသံုးျပဳႏုိင္မယ့္ အခ်ိန္ကို မေျပာေသးပါဘူး။ စက္တင္ဘာလ ၁၇ ရက္မွာ iOS 12 နဲ႔ အတူ ျဖန္႔ခ်ီမယ္လို႔ ထင္ရပါတယ္။

Ref : gsmarena

[Unicode]

Apple HomePod မှာ ဖုန်းပြောနိုင်တဲ့ စွမ်းရည် ပါလာ

Apple က iPhone Event မှာ HomePod ရဲ့စွမ်းရည် အသစ်များကို ကြေညာလိုက်ပါတယ်။ Siri Voice Assistant မှာ လုပ်ဆောင်ချက် အသစ်များ ပါလာပါတယ်။ အဲဒီအထဲက တစ်ခုမှာ သီချင်းစာသားကို ပြောပြပြီး အဲဒီ သီချင်းကို ဖွင့်ခိုင်းတဲ့ စွမ်းရည် ဖြစ်ပါတယ်။ ဒီလို ခိုင်းလိုက်ရင် Siri က iTunes ရဲ့ သီချင်း စာသားကို ဒေတာဘေ့စ်ကနေ လိုက်ရှာပြီး အဲဒီ သီချင်းကို ဖွင့်ပေးမှာ ဖြစ်ပါတယ်။

နောက်တစ်ခုကတော့ လူအများမျှော်လင့်နေကြတဲ့ စွမ်းရည် ဖြစ်ပါတယ်။ အရင်ကတော့ HomePod မှာ Timer တစ်ခုသာ သတ်မှတ်နိုင်ပါတယ်။ အခုတော့ Timers များစွာ သတ်မှတ်နိုင်ပါတယ်။ ဒါ့အပြင် HomePod ကနေ ဖုန်းလက်ခံခြင်း၊ ဖုန်းခေါ်ဆိုခြင်းများကို ပြုလုပ်နိုင်လာပါပြီ။ Siri ကို ဖုန်းခေါ်ဖို့ ခိုင်းနိုင်သလို သင့် အိုင်ဖုန်းထံ ဖုန်းဝင်လာရင် HomePod ကနေ ဖုန်းပြောဖို့ ရွေးချယ်နိုင်ပါတယ်။ Missed Calls များကို စစ်ဆေးဖို့အတွက် “Hey Siri, who just called?” ဆိုပြီး Siri ကို မေးမြန်းနိုင်ပါတယ်။ HomePod ကနေ ပြောတဲ့ ဖုန်းများကို အိုင်ဖုန်းထံသို့ လွှဲပြောင်းနိုင်ပါတယ်။

Find My iPhone ကိုလည်း HomePod ကနေ အသုံးပြုနိုင်ပါတယ်။ သင့် အိုင်ဖုန်းကို ရှာဖို့ ပြောလိုက်တာနဲ့ အိုင်ဖုန်းကနေ Ring သံထွက်လာမှာ ဖြစ်ပါတယ်။ iOS 12 မှာ ပါလာတဲ့ Siri Shortcuts အသစ်များကိုလည်း HomePod ကနေ အသုံးပြုနိုင်ပါတယ်။ အိုင်ဖုန်း၊အိုင်ပတ်များမှာ သိမ်းထားတဲ့ Shortcuts များကို HomePod ကနေ အသုံးပြုနိုင်ပါတယ်။ Apple က HomePod မှာ အဲဒီ လုပ်ဆောင်ချက်များကို အသုံးပြုနိုင်မယ့် အချိန်ကို မပြောသေးပါဘူး။ စက်တင်ဘာလ ၁၇ ရက်မှာ iOS 12 နဲ့ အတူ ဖြန့်ချီမယ်လို့ ထင်ရပါတယ်။

Ref : gsmarena

You may be interested

Redmi Y3 ရဲ႕ ဗီဒီယို ထြက္လာ
Android, HUBS, Mobiles & Tablets
0 shares0 views

Redmi Y3 ရဲ႕ ဗီဒီယို ထြက္လာ

Ko Thuya - Apr 21, 2019

Redmi India က Y3 ရဲ႕ Teaser Video တစ္ခုကို မွ်ေ၀လိုက္ပါတယ္။ ဖုန္းရဲ႕ အေနာက္ဘက္ဟာ အကြက္အေျပာက္ ဒီဇိုင္း ျဖစ္တာကို ျမင္ရပါတယ္။ အေနာက္ကင္မရာ ၂ လံုးနဲ႔ လက္ေဗြရာ အာရံုခံ ကိရိယာ ပါပါတယ္။ မ်က္ႏွာျပင္မွာ…

EMUI 9.1 ရမယ့္ Huawei ရဲ႕ Device ၄၉ လံုး
Android, Huawei, HUBS
0 shares0 views

EMUI 9.1 ရမယ့္ Huawei ရဲ႕ Device ၄၉ လံုး

Ko Thuya - Apr 21, 2019

Huawei ရဲ႕ EMUI 9.1 မွာ Icon Design နဲ႔ Gesture Control မ်ားကို အဆင့္ျမွင့္ထားပါတယ္။ ဖိုင္စနစ္ အသစ္လည္း ပါလာပါတယ္။ အခုေတာ့ ဟြာေ၀းက EMUI 9.1 ရမယ့္ Huawei နဲ႔ Honor…

F-16 ထက္ ပိုျမန္တဲ့ ေဒၚလာ ၂.၅ သန္းတန္ အီလက္ထရစ္ကား
Automobiles, NEWS, Tech Update
0 shares70 views

F-16 ထက္ ပိုျမန္တဲ့ ေဒၚလာ ၂.၅ သန္းတန္ အီလက္ထရစ္ကား

Ko Thuya - Apr 21, 2019

ျမင္းေကာင္ေရ ၁၉၀၀ အားရွိတဲ့ ေဒၚလာ ၂.၅ သန္းတန္ အီလက္ထရစ္ကားကို နယူးေယာက္ရဲ႕ လမ္းမမ်ားမွာ ျမင္ရေတာ့မွာပါ။ The Pininfarina Battista လို႔ အမည္ေပးထားတဲ့ ကားဟာ တစ္နာရီလွ်င္ ၂၁၇ မိုင္ ( ၃၅၀ ကီလိုမီတာ) အထိ…

Leave a Comment

Most from this category