2016 Shares 945 Views

၂၀၁၉ ခုႏွစ္မွာ 5G Phone ေရာင္းမယ့္ Honor

Sep 13, 2018
2016 945

[Zawgyi]

လာမယ့္ႏွစ္မွာ 5G ကြန္ယက္မ်ားကို ပံ့ပိုးေပးဖို႔ ကုမၸဏီမ်ားက ႀကိဳးစားေနၾကပါတယ္။ နာမည္ႀကီး ကုမၸဏီမ်ားကလည္း ၂၀၁၉ ခုႏွစ္မွာ 5G Smartphone မ်ားကို ထုတ္လုပ္ေရာင္းခ်ဖို႔ ျပဳလုပ္ေနၾကပါတယ္။ 5G ဟာ AI နဲ႔ IoT နည္းပညာမ်ားကို ပိုမို တိုးတက္ေစမွာ ျဖစ္ပါတယ္။

အခုေတာ့ ေဟာင္ေကာင္မွာ ျပဳလုပ္တဲ့ INS Conference မွာ Honor ရဲ႕ ဥကၠဌ George Zhao က လာမယ့္ႏွစ္မွာ 5G Smartphone ကို ေရာင္းခ်မယ္လို႔ ေၾကညာလိုက္ပါတယ္။ လာမယ့္ႏွစ္မွာ ေရာင္းခ်မယ့္ Honor ရဲ႕ 5G Smartphone မွာ Balong 5000 Modem ပါတဲ့ Kirin 980 Chipset ထည့္သြင္းထားမွာ ျဖစ္ပါတယ္။ ၂၀၁၈ ႏွစ္ကုန္မွာ မိတ္ဆက္မယ့္ Honor Magic 2 ဟာ 5G Phone ျဖစ္ႏုိင္ပါတယ္။

Honor ဟာ ၂၀၁၉ ခုႏွစ္မွာ 5G Phone မ်ားစြာကို ထုတ္လုပ္ေရာင္းခ်မယ္လို႔ ေျပာပါတယ္။ Honor က ၂၀၂၀ ခုႏွစ္မွာ ထိပ္တန္း စမတ္ဖုန္း ဘရန္း ငါးခုထဲမွာ ပါ၀င္ဖို႔ ေမွ်ာ္လင့္ထားပါတယ္။ ၂၀၂၂ ခုႏွစ္မွာေတာ့ ထိပ္တန္း ၃ ခု စာရင္းထဲမွာ ပါ၀င္ဖို႔ ရည္ရြယ္ထားပါတယ္။

သိပ္မၾကာခင္ကပဲ Oppo က 5G Modems ကို ေအာင္ျမင္စြာ စမ္းသပ္ႏုိင္ခဲ့ပါတယ္။ အဲဒီေနာက္မွာ မိခင္ ကုမၸဏီတူတဲ့ Vivo ကလည္း 5G Smartphone ကို ေအာင္ျမင္စြာ စမ္းသပ္ႏုိင္ၿပီလို႔ ေၾကညာလိုက္ပါတယ္။ Vivo က သူ႔ရဲ႕ စြမ္းရည္ျမင့္ NEX S Smartphone ကို အဆင့္ျမွင့္ျခင္းျဖင့္ 5G Smartphone အျဖစ္ ေအာင္ျမင္စြာ ဖန္တီးႏုိင္ခဲ့တယ္လို႔ ေျပာပါတယ္။ အဲဒီ စမတ္ဖုန္းမွာ ေဖေဖာ္၀ါရီလက မိတ္ဆက္ခဲ့တဲ့ Qualcomm ရဲ႕ X50 Modem ကို ထည့္သြင္းၿပီး အဆင့္ျမွင့္ထားတာ ျဖစ္ပါတယ္။

Vivo က ၂၀၁၉ ခုႏွစ္မွာ 5G Devices မ်ားကို ေရာင္းခ်ဖို႔ ရည္မွန္းထားတယ္လို႔ ေျပာပါတယ္။ Vivo က 5G ကို ပံ့ပိုးေပးဖုိ႔အတြက္ China Mobile နဲ႔ Qualcomm ဟာ အဓိက ပါတနာမ်ား ျဖစ္တယ္လို႔ ေျပာပါတယ္။ အဲဒီအတြက္ Vivo ရဲ႕ 5G Smartphone ကို မိခင္ႏုိင္ငံ တရုတ္မွာ စတင္ ေရာင္းခ်ႏုိင္ပါတယ္။

Ref : gsmarena

[Unicode]

၂၀၁၉ ခုနှစ်မှာ 5G Phone ရောင်းမယ့် Honor

လာမယ့်နှစ်မှာ 5G ကွန်ယက်များကို ပံ့ပိုးပေးဖို့ ကုမ္ပဏီများက ကြိုးစားနေကြပါတယ်။ နာမည်ကြီး ကုမ္ပဏီများကလည်း ၂၀၁၉ ခုနှစ်မှာ 5G Smartphone များကို ထုတ်လုပ်ရောင်းချဖို့ ပြုလုပ်နေကြပါတယ်။ 5G ဟာ AI နဲ့ IoT နည်းပညာများကို ပိုမို တိုးတက်စေမှာ ဖြစ်ပါတယ်။

အခုတော့ ဟောင်ကောင်မှာ ပြုလုပ်တဲ့ INS Conference မှာ Honor ရဲ့ ဥက္ကဌ George Zhao က လာမယ့်နှစ်မှာ 5G Smartphone ကို ရောင်းချမယ်လို့ ကြေညာလိုက်ပါတယ်။ လာမယ့်နှစ်မှာ ရောင်းချမယ့် Honor ရဲ့ 5G Smartphone မှာ Balong 5000 Modem ပါတဲ့ Kirin 980 Chipset ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ ၂၀၁၈ နှစ်ကုန်မှာ မိတ်ဆက်မယ့် Honor Magic 2 ဟာ 5G Phone ဖြစ်နိုင်ပါတယ်။

Honor ဟာ ၂၀၁၉ ခုနှစ်မှာ 5G Phone များစွာကို ထုတ်လုပ်ရောင်းချမယ်လို့ ပြောပါတယ်။ Honor က ၂၀၂၀ ခုနှစ်မှာ ထိပ်တန်း စမတ်ဖုန်း ဘရန်း ငါးခုထဲမှာ ပါဝင်ဖို့ မျှော်လင့်ထားပါတယ်။ ၂၀၂၂ ခုနှစ်မှာတော့ ထိပ်တန်း ၃ ခု စာရင်းထဲမှာ ပါဝင်ဖို့ ရည်ရွယ်ထားပါတယ်။

သိပ်မကြာခင်ကပဲ Oppo က 5G Modems ကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ပါတယ်။ အဲဒီနောက်မှာ မိခင် ကုမ္ပဏီတူတဲ့ Vivo ကလည်း 5G Smartphone ကို အောင်မြင်စွာ စမ်းသပ်နိုင်ပြီလို့ ကြေညာလိုက်ပါတယ်။ Vivo က သူ့ရဲ့ စွမ်းရည်မြင့် NEX S Smartphone ကို အဆင့်မြှင့်ခြင်းဖြင့် 5G Smartphone အဖြစ် အောင်မြင်စွာ ဖန်တီးနိုင်ခဲ့တယ်လို့ ပြောပါတယ်။ အဲဒီ စမတ်ဖုန်းမှာ ဖေဖော်ဝါရီလက မိတ်ဆက်ခဲ့တဲ့ Qualcomm ရဲ့ X50 Modem ကို ထည့်သွင်းပြီး အဆင့်မြှင့်ထားတာ ဖြစ်ပါတယ်။

Vivo က ၂၀၁၉ ခုနှစ်မှာ 5G Devices များကို ရောင်းချဖို့ ရည်မှန်းထားတယ်လို့ ပြောပါတယ်။ Vivo က 5G ကို ပံ့ပိုးပေးဖို့အတွက် China Mobile နဲ့ Qualcomm ဟာ အဓိက ပါတနာများ ဖြစ်တယ်လို့ ပြောပါတယ်။ အဲဒီအတွက် Vivo ရဲ့ 5G Smartphone ကို မိခင်နိုင်ငံ တရုတ်မှာ စတင် ရောင်းချနိုင်ပါတယ်။

Ref : gsmarena

You may be interested

Home Button မပါတဲ့ iPhone ,iPad မ်ားမွာ Screenshot ရိုက္ကူးနည္းမ်ား
Apple, FEATURES, HOW TO
118 shares30 views

Home Button မပါတဲ့ iPhone ,iPad မ်ားမွာ Screenshot ရိုက္ကူးနည္းမ်ား

Ko Thuya - Nov 12, 2018

ဖုန္းေတြမွာ သတင္းအခ်က္အလက္မ်ားကို လွ်င္ျမန္စြာ သိမ္းဖိုု႔ စကရင္ေရွာ့မ်ားဟာ အလြန္ အသံုး၀င္ပါတယ္။ ဒါေပမယ့္ ေနာက္ပိုင္းထုတ္ iOS Device မ်ားမွာ Home Button ကို ဖယ္ရွားလိုက္တဲ့ အတြက္ စကရင္ေရွာ့ ရိုက္နည္းမ်ား ေျပာင္းလဲသြားပါတယ္။ iPhone X နဲ႔…

Xiaomi Black Shark ကို ဥေရာပမွာ ႏို၀င္ဘာလ ၁၆ ရက္ေန႔တြင္ ေရာင္းေတာ့မည္
Android, HUBS, Mobiles & Tablets
206 shares26 views

Xiaomi Black Shark ကို ဥေရာပမွာ ႏို၀င္ဘာလ ၁၆ ရက္ေန႔တြင္ ေရာင္းေတာ့မည္

Ko Thuya - Nov 12, 2018

ေရွာင္မီက ဧၿပီလမွာ Black Shark Gaming Phone ကို ေၾကညာခဲ့ပါတယ္။ အခုေတာ့ သူ႔ကို ဥေရာပမွာ ေရာင္းခ်ေပးေတာ့မွာ ျဖစ္ပါတယ္။ ႏုိ၀င္ဘာလ ၁၆ ရက္ေန႔မွာ ႏိုင္ငံေပါင္း ၂၈ ႏုိင္ငံမွာ ေရာင္းခ်မွာ ျဖစ္ပါတယ္။ ေရွာင္မီရဲ႕ အြန္လိုင္းစတိုးမွာ…

VOOC ပါတဲ့ ဖုန္း အလံုးေရ သန္း ၁၀၀ ေက်ာ္ ေရာင္းခ်ထားေၾကာင္း Oppo ေၾကညာ
Android, HUBS, Mobiles & Tablets
117 shares14 views

VOOC ပါတဲ့ ဖုန္း အလံုးေရ သန္း ၁၀၀ ေက်ာ္ ေရာင္းခ်ထားေၾကာင္း Oppo ေၾကညာ

Ko Thuya - Nov 12, 2018

Oppo က ရွန္ဟိုင္းမွာ “Super VOOC Flash Charge Day” အမည္ရ ပြဲတစ္ခုကိုက်င္းပခဲ့ပါတယ္။ VOOC Fast Charging နည္းပညာ ပါတဲ့ ဖုန္း အလံုးေရ သန္း ၁၀၀ ေက်ာ္ ေရာင္းခ်ရတဲ့ အထိမ္းအမွတ္ အျဖစ္…

Leave a Comment

Most from this category