740 Shares 76 Views
Sep 13, 2018
740 76
Ref : gsmarena
unicode
iOS Device ရောင်းအား ၂ ဘီလီယမ် ပြည့်တော့မယ့် Apple
Apple ဟာ ကမ္ဘာအဝန်းမှာ စတိုးဆိုင်များစွာ ဖွင့်လှစ်ထားပါတယ်။ အဲဒီ စတိုးဆိုင်များကို တစ်နှစ်လျှင် လူပေါင်း သန်းပေါင်းများစွာ လာရောက်ဝယ်ယူနေကြပါတယ်။ တစ်နှစ်လျှင် လူပေါင်း သန်း ၅၀၀ လောက် လာကြတယ်လို့ iPhone Event မှာ Apple က ပြောပါတယ်။
Apple က iOS Device ရောင်းအား ၂ ဘီလီယမ် ပြည့်တော့မယ်လို့ ကြေညာလိုက်ပါတယ်။ ၂ ဘီလီယမ်မြောက် iOS Device ကို ရောင်းချဖို့ Apple က စိတ်လှုပ်ရှားနေပါတယ်။ ၂ ဘီလီယမ် ပမာဏကို ဂဏန်းဖြင့်ချရေးရင် သုည ၁၂ လုံးရှိပါတယ်။ (2 ,000,000,000,000 ) အဲဒီအထဲက အများစုဟာ အိုင်ဖုန်းများ ဖြစ်ကြပါတယ်။ ပြီးရင်တော့ အိုင်ပတ်နဲ့ Apple Watch များက ရောင်းအား အကောင်းဆုံး ဖြစ်ပါတယ်။ Apple ရဲ့ စမတ်နာရီဟာ ကမ္ဘာမှာ လူကြိုက်အများဆုံးနဲ့ ရောင်းအား အကောင်းဆုံး စမတ်နာရီလည်း ဖြစ်ပါတယ်။ Android Wear Smartwatch များကတော့ စမတ်နာရီ ဈေးကွက်မှာ ရုန်းကန်နေရတုန်းပါပဲ။
Apple က iPhone Event မှာ စမတ်ဖုန်းသစ်တွေဖြစ်တဲ့ iPhone XS၊ XS Max နဲ့အတူ တန်ဘိုးနည်း ဖုန်းလို့ ဆိုနိုင်တဲ့ iPhone XR ကိုပါ မိတ်ဆက်သွားခဲ့ပါတယ်။ စမတ်နာရီ နှစ်သက်သူတွေ အတွက်တော့ ပိုကြီးတဲ့ Display နဲ့ EKG scanner ထည့်သွင်းထားတဲ့ Apple Watch Series 4 ကိုပါမိတ်ဆက် ပေးခဲ့ပါတယ်။ Apple က iPhone မော်ဒယ်အဟောင်းတွေရဲ့ ဈေးတွေကိုလည်း ချပေးလိုက်ပါတယ်။ iPhone 7 ရဲ့ဈေးနှုန်းဟာ 449 ဒေါ်လာသာရှိတော့မှာ ဖြစ်ပါတယ်။
Ref : gsmarena
You may be interested
Instagram ရဲ့ founders များ ရာထူးမှ နှုတ်ထွက်ကြောင်း တရားဝင်ကြေညာ
NEWS, Softwares & Application
0 shares0 views
Instagram ရဲ့ founders များ ရာထူးမှ နှုတ်ထွက်ကြောင်း တရားဝင်ကြေညာ
Creepy Tyler - Sep 25, 2018
နာမည်ကြီးလူမှုကွန်ရက် Instagram ကို စတင်ခဲ့တဲ့ Kevin Systrom နဲ့ Mike Krieger တို့ကတော့ သူတို့အနေနဲ့ ရာထူးနေရာတွေကနေ နှုတ်ထွက်ကြောင်း တရားဝင်ကြေညာသွားခဲ့ပါတယ်။ မိခင်ကုမ္ပဏီဖြစ်တဲ့ Facebook နဲ့ အတူ အလုပ်တွဲလုပ်နေတဲ့ သူတို့နှစ်ယောက်ကတော့ CEO နဲ့ CTO…
ကင်မရာ ၃ လုံး ပါတဲ့ Huawei Mate 20 Pro ရဲ့ ဓါတ်ပုံများ ထွက်ပေါ်လာ
Android, Huawei, HUBS
47 shares14 views
ကင်မရာ ၃ လုံး ပါတဲ့ Huawei Mate 20 Pro ရဲ့ ဓါတ်ပုံများ ထွက်ပေါ်လာ
Ko Thuya - Sep 25, 2018
Huawei Mate 20 Pro ရဲ့ ဓါတ်ပုံများ ပေါက်ကြားထွက်ပေါ်လာပါတယ်။ အပြာ၊ အနက်နဲ့ မိုးပြာရောင်များ ဖြစ်ပါတယ်။ စွဲဆောင်မှု အကောင်းဆုံးက Twilight အမည်ရ မိုးပြာရောင် ဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့ လက IFA ပွဲမှာ ကြေညာခဲ့တဲ့…
Drop Test မှာ အခြေအနေ မကောင်းခဲ့တဲ့ iPhone XS နဲ့ XS Max
Apple, HUBS, Mobiles & Tablets
261 shares73 views
Drop Test မှာ အခြေအနေ မကောင်းခဲ့တဲ့ iPhone XS နဲ့ XS Max
Ko Thuya - Sep 25, 2018
Apple ကတော့ iPhone XS နဲ့ XS Max မှာ သုံးထားတဲ့ ဖန်သားဟာ အလွန် မာကျောကြံ့ခိုင်တယ်လို့ ကြေညာထားပါတယ်။ အခုတော့ အဲဒီ စမတ်ဖုန်းများရဲ့ အကြမ်းခံမှုကို စမ်းသပ်တဲ့ ဗီဒီယိုတစ်ခု ထွက်ပေါ်လာပါတယ်။ Drop Test မှာ…
Leave a Comment
Most from this category