238 Shares 70 Views

BMW က ေမာင္းသူမဲ့ ေမာ္ေတာ္ဆိုင္ကယ္ကို ဖန္တီး

Sep 13, 2018
238 70

ေမာ္ေတာ္ဆိုင္ကယ္ ေမာင္းသူမ်ားဟာ ကားေမာင္းသူမ်ားထက္ ေသဆံုးမႈႏႈန္းဟာ ၂၈ ႀကိမ္ ပိုမိုျမင့္မားပါတယ္။ သီအုိရီ အရ ေမာ္ေတာ္ဆိုင္ကယ္မ်ားဟာလည္း ကားမ်ားရဲ႕ ေမာင္းသူမဲ့ နည္းပညာမ်ားကို အသံုးခ်ႏိုင္ပါတယ္။ ဒါေပမယ့္ မတူညီတဲ့ စိန္ေခၚမႈမ်ား ရွိၾကပါတယ္။ ေမာ္ေတာ္ဆိုင္ကယ္ဟာ ဘီးႏွစ္ဘီးထဲနဲ႔ ေမာင္းႏွင္ရတာလည္း အပါအ၀င္ ျဖစ္ပါတယ္။ အခုေတာ့ BMW ရဲ႕ ဘီးႏွစ္ဘီးတပ္ ယာဥ္မ်ား ဖန္တီးတဲ့ ဌာန ျဖစ္တဲ့ BMW Motorrad က ေမာင္းသူမဲ့ ေမာ္ေတာ္ဆိုင္ကယ္ရဲ႕ ဗီဒီယိုတစ္ခုကို ျပသလိုက္ပါတယ္။

BMW Motorrad က ႏွစ္ႏွစ္ေက်ာ္ၾကာ ဒီနည္းပညာကို ဖန္တီးထားတာ ျဖစ္တယ္လို႔ ေျပာပါတယ္။ ဗီဒီယိုမွာ ေမာ္ေတာ္ဆိုင္ကယ္ဟာ ေမာင္းသူ မပါဘဲ စမ္းသပ္ ကြင္းမွာ အလိုအေလွ်ာက္ ေမာင္းႏွင္ေနတာကို ျပသထားပါတယ္။ ဆိုင္ကယ္ဟာ လမ္းေကြ႕မ်ားကိုလည္း ေမာင္းႏွင္ႏုိင္တာကို ေတြ႕ရပါတယ္။ ဘရိတ္အုပ္တာကိုလည္း အလိုအေလွ်ာက္ လုပ္ေဆာင္ႏုိင္ပါတယ္။

BMW က လူေတြ ေမာင္းစရာ မလိုဘဲ သက္ေတာင့္သက္သာ ထုိင္စီးႏုိင္မယ့္ အလိုအေလွ်ာက္ ေမာင္းႏွင္တဲ့ ဆိုင္ကယ္ကို ထုတ္လုပ္ေရာင္းခ်မွာ မဟုတ္ပါဘူး။ BMW က ဆိုင္ကယ္ေမာင္းသူကို ကူညီေပးမယ့္ နည္းပညာကို ဖန္တီးမွာ ျဖစ္တယ္လို႔ ေျပာပါတယ္။ ဆိုင္ကယ္ေမာင္းႏွင္ရာမွာ ပိုမို တည္ၿငိမ္လာၿပီး မေတာ္တဆမႈမ်ားကို ေလွ်ာ့ခ်ေပးမွာ ျဖစ္ပါတယ္။ လက္ရွိကားမ်ားမွာ ထည့္သြင္းထားတဲ့ တစ္၀က္တစ္ပ်က္ ေမာင္းသူမဲ့ နည္းပညာမ်ားလို ျဖစ္ပါတယ္။ အေရးေပၚ ဘရိတ္အုပ္ျခင္း၊ ယာဥ္လမ္းေၾကာင္းတစ္ခုထဲမွာသာ ေမာင္းႏွင္ျခင္းလို အလုပ္မ်ားျဖစ္ပါတယ္။

ဒီလို ေမာင္းသူမဲ့ နည္းပညာမ်ားကို ဆိုင္ကယ္မ်ားမွာ ထည့္သြင္းဖို႔ စိန္ေခၚမႈမ်ား ရွိပါတယ္။ ဥပမာအားျဖင့္ ကားမွာ အလိုအေလွ်ာက္ ဘရိတ္အုပ္တာက ျပႆနာ မရွိေပမယ့္ ဆိုင္ကယ္မွာ ဒီလိုလုပ္ရင္ ယာဥ္ေမာင္းဟာ အေရွ႕ကို လြင့္စင္က်သြားႏုိင္ပါတယ္။ BMW က ဒီလုိ စိန္ေခၚမႈမ်ားကို ဆက္လက္ အေျဖရွာရဦးမွာပါ။

Ref : theverge

unicode

BMW က မောင်းသူမဲ့ မော်တော်ဆိုင်ကယ်ကို ဖန်တီး

မော်တော်ဆိုင်ကယ် မောင်းသူများဟာ ကားမောင်းသူများထက် သေဆုံးမှုနှုန်းဟာ ၂၈ ကြိမ် ပိုမိုမြင့်မားပါတယ်။ သီအိုရီ အရ မော်တော်ဆိုင်ကယ်များဟာလည်း ကားများရဲ့ မောင်းသူမဲ့ နည်းပညာများကို အသုံးချနိုင်ပါတယ်။ ဒါပေမယ့် မတူညီတဲ့ စိန်ခေါ်မှုများ ရှိကြပါတယ်။ မော်တော်ဆိုင်ကယ်ဟာ ဘီးနှစ်ဘီးထဲနဲ့ မောင်းနှင်ရတာလည်း အပါအဝင် ဖြစ်ပါတယ်။ အခုတော့ BMW ရဲ့ ဘီးနှစ်ဘီးတပ် ယာဉ်များ ဖန်တီးတဲ့ ဌာန ဖြစ်တဲ့ BMW Motorrad က မောင်းသူမဲ့ မော်တော်ဆိုင်ကယ်ရဲ့ ဗီဒီယိုတစ်ခုကို ပြသလိုက်ပါတယ်။

BMW Motorrad က နှစ်နှစ်ကျော်ကြာ ဒီနည်းပညာကို ဖန်တီးထားတာ ဖြစ်တယ်လို့ ပြောပါတယ်။ ဗီဒီယိုမှာ မော်တော်ဆိုင်ကယ်ဟာ မောင်းသူ မပါဘဲ စမ်းသပ် ကွင်းမှာ အလိုအလျှောက် မောင်းနှင်နေတာကို ပြသထားပါတယ်။ ဆိုင်ကယ်ဟာ လမ်းကွေ့များကိုလည်း မောင်းနှင်နိုင်တာကို တွေ့ရပါတယ်။ ဘရိတ်အုပ်တာကိုလည်း အလိုအလျှောက် လုပ်ဆောင်နိုင်ပါတယ်။

BMW က လူတွေ မောင်းစရာ မလိုဘဲ သက်တောင့်သက်သာ ထိုင်စီးနိုင်မယ့် အလိုအလျှောက် မောင်းနှင်တဲ့ ဆိုင်ကယ်ကို ထုတ်လုပ်ရောင်းချမှာ မဟုတ်ပါဘူး။ BMW က ဆိုင်ကယ်မောင်းသူကို ကူညီပေးမယ့် နည်းပညာကို ဖန်တီးမှာ ဖြစ်တယ်လို့ ပြောပါတယ်။ ဆိုင်ကယ်မောင်းနှင်ရာမှာ ပိုမို တည်ငြိမ်လာပြီး မတော်တဆမှုများကို လျှော့ချပေးမှာ ဖြစ်ပါတယ်။ လက်ရှိကားများမှာ ထည့်သွင်းထားတဲ့ တစ်ဝက်တစ်ပျက် မောင်းသူမဲ့ နည်းပညာများလို ဖြစ်ပါတယ်။ အရေးပေါ် ဘရိတ်အုပ်ခြင်း၊ ယာဉ်လမ်းကြောင်းတစ်ခုထဲမှာသာ မောင်းနှင်ခြင်းလို အလုပ်များဖြစ်ပါတယ်။

ဒီလို မောင်းသူမဲ့ နည်းပညာများကို ဆိုင်ကယ်များမှာ ထည့်သွင်းဖို့ စိန်ခေါ်မှုများ ရှိပါတယ်။ ဥပမာအားဖြင့် ကားမှာ အလိုအလျှောက် ဘရိတ်အုပ်တာက ပြဿနာ မရှိပေမယ့် ဆိုင်ကယ်မှာ ဒီလိုလုပ်ရင် ယာဉ်မောင်းဟာ အရှေ့ကို လွင့်စင်ကျသွားနိုင်ပါတယ်။ BMW က ဒီလို စိန်ခေါ်မှုများကို ဆက်လက် အဖြေရှာရဦးမှာပါ။

Ref : theverge

You may be interested

ကင္မရာ ၃ လံုး ပါတဲ့ Huawei Mate 20 Pro ရဲ႕ ဓါတ္ပုံမ်ား ထြက္ေပၚလာ
Android, Huawei, HUBS
0 shares0 views

ကင္မရာ ၃ လံုး ပါတဲ့ Huawei Mate 20 Pro ရဲ႕ ဓါတ္ပုံမ်ား ထြက္ေပၚလာ

Ko Thuya - Sep 25, 2018

Huawei Mate 20 Pro ရဲ႕ ဓါတ္ပံုမ်ား ေပါက္ၾကားထြက္ေပၚလာပါတယ္။ အျပာ၊ အနက္နဲ႔ မိုးျပာေရာင္မ်ား ျဖစ္ပါတယ္။ စြဲေဆာင္မႈ အေကာင္းဆံုးက Twilight အမည္ရ မုိုးျပာေရာင္ ျဖစ္ပါတယ္။ သူဟာ ၿပီးခဲ့တဲ့ လက IFA ပြဲမွာ ေၾကညာခဲ့တဲ့…

Drop Test မွာ အေျခအေန မေကာင္းခဲ့တဲ့ iPhone XS နဲ႔ XS Max
Apple, HUBS, Mobiles & Tablets
215 shares51 views

Drop Test မွာ အေျခအေန မေကာင္းခဲ့တဲ့ iPhone XS နဲ႔ XS Max

Ko Thuya - Sep 25, 2018

Apple ကေတာ့ iPhone XS နဲ႔ XS Max မွာ သံုးထားတဲ့ ဖန္သားဟာ အလြန္ မာေက်ာၾကံ႕ခိုင္တယ္လို႔ ေၾကညာထားပါတယ္။ အခုေတာ့ အဲဒီ စမတ္ဖုန္းမ်ားရဲ႕ အၾကမ္းခံမႈကို စမ္းသပ္တဲ့ ဗီဒီယိုတစ္ခု ထြက္ေပၚလာပါတယ္။ Drop Test မွာ…

iPhone XS နဲ႔ iPhone XS Max တို႔အတြက္ Tips & Tricks မ်ား (အပိုင္း ၂)
Apple, FEATURES, HOW TO
141 shares52 views

iPhone XS နဲ႔ iPhone XS Max တို႔အတြက္ Tips & Tricks မ်ား (အပိုင္း ၂)

Ko Thuya - Sep 24, 2018

iPhone XS နဲ႔ iPhone XS Max တို႔မွာ ယခင္ႏွစ္ iPhone X ထက္ ေျပာင္းလဲတိုးတက္လာမႈမ်ား ပါ၀င္လာပါတယ္။ ေျပာင္းလဲသြားတဲ့ Tips & Tricks မ်ားလည္း ပါလာပါတယ္။ အိုင္ဖုန္း အေဟာင္း ကိုင္ထားသူမ်ားအတြက္လည္း နည္းလမ္းအခ်ိဳ႕ဟာ…

Leave a Comment

Most from this category