YouTube Dark Theme ကို Android မှာ ဘယ်လို သုံးမလဲ ?

YouTube ရဲ့ Dark Theme ကို ဇူလိုင်လကုန်မှာ အန်းဒရွိုက်သုံးသူ အနည်းငယ်မှာရရှိခဲ့ပါတယ်။ အခုတော့ နောက်ဆုံးထုတ် YouTube Version မှာ အဲဒီ လုပ်ဆောင်ချက် ပါလာပါတယ်။ Android Police က Version 13.35.51 ကို အနည်းဆုံး အဆင့်မြှင့်ထားရမယ်လို့ ပြောပါတယ်။ Google Play Store ကနေ Update လုပ်နိုင်ပါတယ်။ ဒါမှမဟုတ် APK Mirror ဝက်ဘ်ဆိုက်ကနေ နောက်ဆုံးဗားရှင်းကို ဒေါင်းလုပ်လုပ်ပြီး အင်စတောလုပ်ပါ။

Dark Theme ကို Enable လုပ်နည်း

YouTube App ရဲ့ ညာဘက်အပေါ်ထောင့်မှ သင့် ပရိုဖိုင် အိုင်ကွန်ကို နှိပ်ပါ။ Settings > General ထဲသွားပြီး Dark Theme Option ကို Enable လုပ်ပါ။

အဲဒီ Option ကို မတွေ့ရရင် App ကို ပိတ်ပြီး ပြန်ဖွင့်ပါ။ အဲဒီလိုလုပ်လို့မှ မတွေ့ရသေးရင် App Settings > General Screen မှာ တည်နေရာကို United Kingdom ပြောင်းပေးပါ။ ပြီးရင် App ကို ပိတ်ပြီး ပြန်ဖွင့်ပါ။

Dark Theme ဟာ ညအချိန်မှာ ကြည့်တဲ့အခါမှာ မျက်လုံးကို သက်တောင့်သက်သာ ဖြစ်စေပါတယ်။ YouTube Dark Theme ကို iOS နဲ့ Desktop မှာလည်း အသုံးပြုနိုင်ပါတယ်။

Ref : tnw

YouTube Dark Theme ကို Android မှာ ဘယ်လို သုံးမလဲ ?

%d bloggers like this: