0 Shares 25 Views

App Store မှာရရှိမယ့် Watch OS ရဲ့  အက်ပလီကေးရှင်းတိုင်းဟာ Native App များ ဖြစ်ရ မယ်လို့ Apple ပြော

Apr 26, 2016
0 25

သောကြာင်္နေ့ကပဲ Apple က Developer တွေအတွက် တရားဝင် ကြေညာခဲ့တာကတော့ ဇွန်လ ၁ ရက်နေ့က စပြီး App Store ကနေ ထုတ်လုပ်မယ့် Watch OS ရဲ့  အက်ပလီကေးရှင်းတိုင်းဟာ Native Apps တွေသာ ဖြစ်ရတော့မယ် ဆိုတာပါပဲ။

“၂၀၁၆ ခုနှစ် ဇွန်လ က စတင်ပြီး App Store ကနေ ထုတ်လုပ်မယ့် Watch OS ရဲ့  အက်ပလီကေးရှင်းတိုင်းဟာ Watch OS 2 ရဲ့  ဆော့ဖ်ဝဲတည်ဆောက်ရေး ကိရိယာ တွေနဲ့ တည်ဆောက်ထားတဲ့ Native Apps တွေသာ ဖြစ်ရမယ်” လို့ ကယ်လီဖိုးနီးယား အခြေစိုက် နည်းပညာ ထိပ်သီး ကုမ္မဏီ Apple က ကြေညာခဲ့တာပါ။

Native Apps ဆိုတာကတော့ တိကျသေချာတဲ့ ယန္တရား(Platform) တစ်ခု သို့ ကိရိယာ တစ်ခု အတွက် ရည်ရွယ်ရေးသား ဖန်တီးထားတဲ့ အက်ပလီကေးရှင်းကို ဆိုလိုပါတယ်။ Native Apps တွေဟာ ထို ယန္တရား(Platform) တစ်ခု သို့ ကိရိယာ တစ်ခု ပေါ်မှာ ထည့်သွင်းတပ်ဆင်ထားတဲ့ အခြား လုပ်ဆောင်ချက် နဲ့ ဆော့ဖ်ဝဲ တွေကို အသုံးချပြီး ကောင်းကျိုးရယူနိုင်စွမ်းရှိပါတယ်။ များသောအားဖြင့်တော့ Native App တွေဟာ အင်တာနက် ချိတ်ဆက်မှု မလိုအပ်ပဲ သက်ဆိုင်ရာ အက်ပလီကေးရှင်းရဲ့  ဒေတာတွေကို မိုဘိုင်းလ် ကိရိယာ တွေအတွင်းမှာ သိမ်းဆည်းနိုင်စွမ်းရှိပါတယ်။

အခုလို Watch OS 2 ရဲ့ တည်ဆောက်မှု ကိရိယာ တွေကို အသုံးပြုပြီး Native App များ ထုတ်လုပ်ခြင်းရဲ့ ရည်ရွယ်ချက်ကတော့ Third-Pary App တွေကြောင့် ဖြစ်ပေါ်လာတဲ့ လုပ်ဆောင်ချက် နှေးကွေးမှု ပြဿနာတွေကို ဖြေရှင်းဖို့ဖြစ်တယ်လို့ သိရပါတယ်။

Watch OS 2 ကိုတော့ Apple ကုမ္မဏီက ပြီးခဲ့တဲ့ နှစ် ဇွန်လမှာ စတင်ကြေညာခဲ့ပြီး စက်တင်ဘာလမှာ အသုံးပြုခွင့်ပေးခဲ့တာဖြစ်ပါတယ်။ထို Watch OS 2 ကိုတော့ Apple ကိုယ်တိုင်က “Apple Watch တွေအတွက် ပထမဆုံး အဓိက ဆော့ဖ်ဝဲ အဆင့်မြှင့်မှု” လို့ တင်စားထားပြီး Watch OS 2 ကို မှာတော့ Photo ၊ Photo Album နဲ့ Time-Lapse စတဲ့ လုပ်ဆောင်ချက်အသစ်တွေကို အသုံးပြုနိုင်တယ်လို့ သိရပါတယ်။

You may be interested

Apple က iOS 11 ကို ဖြန့်ချီပြီ
Apple, HUBS, NEWS
0 shares0 views

Apple က iOS 11 ကို ဖြန့်ချီပြီ

Ko Thuya - Sep 20, 2017

Apple က ဇွန်လမှာ ကျင်းပခဲ့တဲ့ World Wide Developer Conference မှာ iOS 11 ကို မိတ်ဆက်ခဲ့ပါတယ်။ အခုတော့ Apple က iOS 11, watchOS 4 နဲ့ tvOS 11…

Gionee က Metal Body, 13MP Rear Camera, 16MP Selfie Camera များပါတဲ့ တန်ဖိုးနည်း X1s ကို ရောင်းချ
Gionee, HUBS, Mobiles & Tablets
66 shares15 views

Gionee က Metal Body, 13MP Rear Camera, 16MP Selfie Camera များပါတဲ့ တန်ဖိုးနည်း X1s ကို ရောင်းချ

Ko Thuya - Sep 20, 2017

Gionee က အိန္ဒိယမှာ စွမ်းဆောင်ရည်သင့် တန်ဖိုးနည်း စမတ်ဖုန်း အသစ်တစ်လုံးကို မိတ်ဆက်လိုက်ပါတယ်။ သူ့ရဲ့အမည်ကတော့ Gionee X1s ဖြစ်ပြီး အိန္ဒိယ ရူပီး ၁၂၉၉၉ သတ်မှတ်ထားပါတယ်။ ဒေါ်လာအားဖြင့် ၂၀၀ ၀န်းကျင် မြန်မာငွေအားဖြင့် ၂၅၀ ၀၀၀ ၀န်းကျင်…

iPhone X vs Samsung Galaxy Note 8 တို့ကို နှိုင်းယှဉ်သုံးသပ်ခြင်း
Apple, FEATURES, HUBS
822 shares521 views

iPhone X vs Samsung Galaxy Note 8 တို့ကို နှိုင်းယှဉ်သုံးသပ်ခြင်း

Ko Thuya - Sep 19, 2017

Apple က ၂၀၀၇ ခုနှစ်မှာ ပထမဆုံး iPhone ကို ထုတ်လုပ်ရောင်းချခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာတော့ ၁၀ နှစ်ပြည့် အထူးထုတ် iPhone X ကို မကြာခင်က မိတ်ဆက်ခဲ့ပါတယ်။ အထူးထုတ် iPhone X ဟာ အများမျှော်လင့်ထားသလို…

Leave a Comment

Most from this category