Samsung ၏နောက်ဆုံးပေါ် Galaxy Watch စမတ်နာရီ၊ Tab S4 နှင့် Tab A 2018 မော်ဒယ်သစ်တို့အား မြန်မာနိုင်ငံတွင်စတင်မိတ်ဆက်

[Zawgyi]

အကောင်းမွန်ဆုံး ချိတ်ဆက်မှု၊ ပိုမိုမြင့်မားသော စွမ်းဆောင်ရည်နှင့် လှပဆန်းသစ်သည့်ဒီဇိုင်းများဖြင့် ဖန်တီးထုတ်လုပ်ထားသော စမတ်နာရီသစ် နှင့် နောက်ဆုံးပေါ် တက်ဘလက်အသစ်များကို သုံးစွဲသူများ၏ လူနေမှုဘဝနှင့် လိုက်ဖက်ညီစွာအသုံးပြုနိုင်မည်။

ရန်ကုန်၊ မြန်မာ – စက်တင်ဘာလ ၁၁ ရက်၊ ၂၀၁၈ ခုနှစ်– Samsung ၏ နောက်ဆုံးပေါ်ထုတ်ကုန်သစ်များဖြစ်သည့် Galaxy Watch စမတ်နာရီသစ်၊ Tab S4 နှင့် ၁၀.၅ လက်မအရွယ်အစားရှိ ၂၀၁၈ မော်ဒယ်သစ် Tab A အား မြန်မာနိုင်ငံရှိ သုံးစွဲသူများအတွက် မိတ်ဆက်လိုက်ပြီဖြစ်ကြောင်း Samsung Myanmar မှ ယနေ့သတင်းထုတ်ပြန်ကြေညာလိုက်သည်။

Galaxy Watch စမတ်နာရီသစ်သည် Samsung ၏ Galaxy ဂေဟစနစ်နှင့်အညီ ထုတ်လုပ်ထားပြီး ကြာရှည်ခံသော ဘက်ထရီသက်တမ်း၊ LTE ကွန်ယက်ချိတ်ဆက်မှု၊ ကျန်းမာရေးဆိုင်ရာ လုပ်ဆောင်ချက်များ နှင့် ရိုးရှင်းသော ်နာရီဒီဇိုင်းအပါအဝင် မိမိစိတ်တိုင်းကျ ရွေးချယ်ပြောင်းလဲနိုင်သည့် ဒီဇိုင်းများကိုလည်း ထည့်သွင်းထားသည်။ အသစ်ထွက်ရှိလာသော တက်ဘလက်အသစ်များတွင်လည်း အရည်အသွေးမြင့် ဖျော်ဖြေရေးဆိုင်ရာ လုပ်ဆောင်ချက်များ၊ အသုံးပြုရာလွယ်ကူ၍ ပိုမိုကောင်းမွန်သော စွမ်းဆောင်ရည်များကို ထည့်သွင်းပေးထားသောကြောင့် သုံးစွဲသူများအနေဖြင့် လုပ်ငန်းဆောင်တာများကို ပိုမိုလျင်မြန်စွာ လုပ်ဆောင်နိုင်မည်ဖြစ်သည်။

“Samsung အနေနဲ့ ထုတ်ကုန်တွေကို အမြဲတီထွင်ဆန်းသစ်ဖန်တီးနေရုံတင်မဟုတ်ဘဲ သုံးစွဲသူတွေရဲ့လိုအပ်ချက်အလိုက် ရွေးချယ်မှုတွေပံ့ပိုးပေးနိုင်ဖို့ အစဉ်အမြဲ လုပ်ဆောင်လာတာ နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်ပါတယ်။အခုအသစ်ထွက်ရှိလာတဲ့ စမတ်နာရီ နဲ့ တက်ဘလက်တွေမှာလည်း Galaxy ထုတ်ကုန်တွေရဲ့ အစဉ်အမြဲ ဂုဏ်ယူရတဲ့ အားသာချက်တွေကို ဆက်လက်ထည့်သွင်းပြီး ထုတ်လုပ်ထားပါတယ်။”ဟု Samsung Myanmar ၏ Head of IT and Mobile Group ကိုဇာနည်ဝင်းထက်မှပြောကြားခဲ့သည်။

 “အသစ်ထွက်ရှိလာတဲ့ Galaxy Watch စမတ်နာရီ နဲ့ တက်ဘလက်တွေကို သုံးစွဲသူတွေရဲ့ နေ့စဉ်ဘဝလိုအပ်ချက်တွေကို ပံ့ပိုးပေးနိုင်ဖို့အတွက် ဒီဇိုင်းပြုလုပ်ဖန်တီးခဲ့တာဖြစ်ပါတယ်။ ဥပမာ တစ်နေ့တာလုံး ကြာရှည်ခံံတဲ့ ဘက်ထရီ၊ သုံးစွဲသူတွေရဲ့ သတ်မှတ်ထားတဲ့ ကျန်းမာရေးဆိုင်ရာ ပန်းတိုင်တွေကိုရယူလျှောက်လှမ်းနိုင်ဖို့အတွက် ပိုမိုကောင်းမွန်လာတဲ့ ကျန်းမာရေးဆိုင်ရာမှတ်သားမှုစနစ် နဲ့ တခြား Galaxy ထုတ်ကုန်တွေနဲ့ချိတ်ဆက်ပေးနိုင်မှု အစရှိတာတွေကို ထုတ်ကုန်သစ်တွေမှာ ထည့်သွင်းပေးထားတဲ့အတွက် အဆင်ပြေလွယ်ကူစွာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။”ဟု ကိုဇာနည်ဝင်းထက်မှ ဖြည့်စွက်ပြောကြားခဲ့သည်။

တက်ဘလက်သစ်များမိတ်ဆက်မှုနှင့်အတူ Samsung Myanmar သည် Telenor မြန်မာနှင့်ပူးပေါင်း၍ အသစ်ထွက်ရှိလာသော မော်ဒယ်သစ် တက်ဘလက် ၂ မျိုးလုံးအတွက် ဒေတာအသုံးပြုမှုအား ထည့်သွင်းပေးထားသည်။ အဆိုပါတက်ဘလက်ဝယ်ယူသုံးစွဲသူများအနေဖြင့် ဖုန်းငွေဖြည့်ကဒ် ၃,၀၀၀ ကျပ်ငွေဖြည့်သွင်းပါက ဒေတာလက်ဆောင် 500 MB (သို့မဟုတ်) ၅,၀၀၀ ကျပ်ဖြည့်သွင်းပါက ဒေတာလက်ဆောင် 1GB (သို့မဟုတ်) ၁၀,၀၀၀ ကျပ်ဖြည့်သွင်းပါက ဒေတာလက်ဆောင် 2GB အား အထူးလက်ဆောင်အဖြစ်ရရှိမည်ဖြစ်သည်။ အဆိုပါ ဒေတာလက်ဆောင်များအား တစ်လလျှင်တစ်ကြိမ် ၁၂ လ ဆက်တိုက် ဖုန်းငွေဖြည့်မှုပမာဏအပေါ် မူတည်၍ ရရှိခံစားနိုင်မည်ဖြစ်သည်။

2018 မော်ဒယ်သစ် Galaxy Watch စမတ်နာရီ

 

ယခုအသစ်ထွက်ရှိလာသောGalaxy Watch စမတ်နာရီတွင်နာရီ၈၀ကျော်ကြာ ခံနိုုင်ရည်စွမ်းအားရှိသောဘက်ထရီအားထည့်သွင်းပေးထားသောကြောင့် အသုံုးပြုသူများသည်နေ့စဉ်အားသွင်းစရာမလိုကပဲပဲအချိန်ကြာရှည်စွာအသုံုးပြုနိုုင်မည်ဖြစ်သည်။Galaxy Watch စမတ်နာရီ၏ဘက်ထရီကြာရှည်ခံလာသည်နှင့်အမျှသုံုးစွဲသူများအနေဖြင့် မိမိတိုု့၏စမတ်ဖုုန်းကိုုအစဉ်အမြဲဂရုုစိုုက်ကြည့်ရှုနေစရာမလိုုပဲမက်ဆေ့ချ်များအားပိုု့ခြင်း၊ဖတ်ခြင်း၊ဖုန်းခေါ်ဆိုခြင်း၊သီချင်းနားထောင်ခြင်းအစရှိသည်တို့အားGalaxy Watch မှတစ်ဆင့်လွယ်ကူစွာလုုပ်ဆောင်နိုုင်မည်ဖြစ်သည်။

သုံုးစွဲသူများ၏ကျန်းမာရေးကိုုအလေးထား၍ဒီဇိုုင်းပြုလုုပ်ထားသောGalaxy Watch တွင်စိတ်ဖိစီးမှုတိုုင်းတာသောကိရိယာပါဝင်ပြီးအသုံုးပြုနေသူတွင်စိတ်ဖိစီးမှုများနေပါကအလိုုအလျောက်သတိပေးသည့်စနစ်ပါဝင်ကာစိတ်ဖိစီးမှုအားလျော့ချနိုုင်ရန်အသက်ရှူလေ့ကျင့်နည်းများကိုမျှဝေပေးမည်ဖြစ်သည်။ထို့အပြင်သုံုးစွဲသူ၏အိပ်စက်ခြင်းအလေ့အထများကိုတိုုင်းတာထိန်းညှိပေးနိုုင်ရန်အိပ်စက်မှုကိုတိုုင်းတာသည့်အဆင့်မြင့်မော်နီတာများပါဝင်သည်။

အသစ်ထွက်ရှိလာသည့် Galaxy Watch တွင် ရွေးချယ်စရာ အရွယ်အစားပိုမိုပါဝင်လာပြီး 46mm နှင့် 42mm တိုု့အား အနက်ရောင် သို့မဟုတ် rose gold ပန်းရောင် အစရှိသည်ဖြင့် ရရှိနိုင်မည်ဖြစ်သည်။ သုံးစွဲသူများအနေဖြင့် မိမိတိုု့၏ Galaxy Watch အား နာရီမျက်နှာပြင် ဒီဇိုုင်း နှင့် လက်ပတ် တိုု့အား မိမိတိုု့နှစ်ကြိုက်သည့် ပုံုစံ ဒီဇိုုင်းများကိုု ပိုုမိုုရွေးချယ်လာနိုုင်မည်ဖြစ်သည်။ Galaxy Watch 2018 တွင် Samsung စမတ်နာရီများ၏ အထင်ကရသင်္ကေတဖြစ်သော အဝိုုင်းပုံု ဘေးဘောင် ပါဝင်သည့်အပြင် Always On Display လည်းပါဝင်လာသည်။

ထို့အပြင် Galaxy Watch ၏ ခံနိုုင်ရည်စွမ်းအားသည် အကြမ်းခံနိုုင်မှု (Corning® Gorilla® Glass DX+) အသိအမှတ်ပြုခံရပြီး ရေ နှင့် ဖုန်ဒဏ်ခံနိုုင်မှုစွမ်းအားကို 5 ATM အဆင့်သတ်မှတ်ထားသည်။

Galaxy Watch အား မြန်မာနိုုင်ငံတွင် စက်တင်ဘာမှ ၂၂ ရက်နေ့မှ စတင်ရရှိနိုုင်မည်ဖြစ်ပြီး 42mm အား ၃၉၉,၀၀၀ ကျပ် နှင့် 46mm အား ၄၂၉,၀၀၀ ကျပ်ဖြင့် ဝယ်ယူရရှိနိုုင်မည်ဖြစ်မည်။

Galaxy Tab S4

 

Galaxy Tab S4 သည် Samsung DeX နှင့် ချိတ်ဆက်၍ အသုံးပြုနိုင်သော ပထမဆုံး တက်ဘလက်သစ်ဖြစ်သည်။ စာအုပ်ကဲ့သို့ထောင်၍အသုံးပြုနိုင်သော ကီးဘုတ်ပါဝင်သည့် တက်ဘလက် ကာဗာ (သီးသန့်ဝယ်ယူနိုင်သည်) နှင့် ချိတ်ဆက်ထားစဉ် သို့မဟုတ် Quick Panel မှတစ်ဆင့် ဖွင့်လိုက်သည့်အချိန်တွင် Samsung Dex နှင့် ချိတ်ဆက်ခြင်းဖြင့် သုံးစွဲသူများအနေဖြင့် Android အသုံးပြုမှုစနစ် မှ ကွန်ပြူတာ တစ်လုံးကဲ့သို့ အသုံးပြုမှုပုံစံပြောင်းလဲ၍ သုံးစွဲမှုအတွေ့အကြုံအသစ်အား ရရှိနိုင်မည်ဖြစ်သည်။

မျက်နှာပြင် အသုံးပြုမှု ထပ်မံတိုး၍ အသုံးပြုလိုပါက သက်ဆိုင်ရာ ချိတ်ဆက်အသုံးပြုနိုင်သည့် HDMI မှ USB-C multi-port adapter အား အသုံးပြု၍ Samsung Dex အား မော်နီတာတစ်ခုနှင့်ချိတ်ဆက်၍ မျက်နှာပြင်တစ်ခုအဖြစ်ထပ်တိုး၍ အသုံးပြုနိုင်မည့် ရွေးချယ်မှုအားပြုလုပ်နိုင်သည်။ ချိတ်ဆက်ထားချိန်တွင် Galaxy Tab S4 အား track pad သို့မဟုတ် sketch pad ကဲ့သို့ အသုံးပြုနိုင်မည်ဖြစ်သည်။

သုံးစွဲသူများ ၁၆ နာရီကြာဆက်တိုက်ဗီဒီယိုကြည့်ရှုနိုင်မည့် 7,300 mAh ရှိသော ဘက်ထရီအား Galaxy Tab S4 တွင်ထည့်သွင်းပေးထားသည်။ Samsung ၏  S Pen အား Galaxy Tab S4 နှင့်အတူ ထည့်သွင်းပေးထားသောကြောင့် လုပ်ငန်းဆောင်တာများအား ပိုမိုမြန်ဆန်စွာပြီးမြောက်အောင်စွမ်းဆောင်နိုင်မည်ဖြစ်သည်။

Galaxy Tab S4 ကို Super AMOLED နည်းပညာနှင့်အတူ ကြီးမားသော ၁၀.၅ လက်မအရွယ်အစားရှိမျက်နှာပြင်တွင် ပိုမိုကျဉ်းမြောင်းသောဘေးဘောင်များနှင့်ဖန်တီးထားသည်။ ထို့အပြင် အပြင်လောကနှင့် ထပ်တူကျပြီး ကြည်လင်ပြတ်သားသော ပုံရိပ်အရည်အသွေးများရရှိနိုင်စေရန် ၁၅:၁၀ အချိုးအစားရှိ မျက်နှာပြင်အရွယ်အစားနှင့်အတူ 2560×1600၊ 287 PPI ပါဝင်သော ရုပ်ပုံအရည်အသွေးကို ထည့်သွင်းပေးထားသည်။ ရွေ့လျားလျက်ရှိသော အသံစနစ်မှတစ်ဆင့် အကောင်းမွန်ဆုံးသော ဖျော်ဖြေရေးဆိုင်ရာ အတွေ့အကြုံကောင်းအား ပေးစွမ်းနိုင်သည့် စပီကာ လေးလုံးအား အရည်အသွေးကောင်းမွန်သော AKG နှင့် Dolby Atmos® အသံနည်းပညာနှင့်အတူ ထည့်သွင်းပေးထားသည်။

Galaxy Tab S4 တွင် သုံးစွဲသူများ၏လူနေမှုဘဝတွင် ချိတ်ဆက်ထားသော ထုတ်ကုန်များနှင့် အတူတွဲဖက်အသုံးပြုနိုင်ရန် ဆန်းသစ်၍ တိုးတက်လာသော စွမ်းဆောင်ရည်များဖြင့် ဒီဇိုင်းပြုလုပ်ဖန်တီးထားသည်။ Galaxy Tab S4 တွင်ပါဝင်သော SmartThings app ကြောင့် သုံးစွဲသူများအနေဖြင့် တက်ဘလက်မှတစ်ဆင့် အဆင့်မြင့်အိမ်သုံးထုတ်ကုန်များအား လွယ်ကူစွာ စောင့်ကြည့်ထိန်းချုပ်နိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် Galaxy Tab S4 အား စက်တင်ဘာလ ၇ ရက်နေ့၊ ၂၀၁၈ ခုနှစ်မှစတင်၍ အနက်ရောင် နှင့် မီးခိုးရောင်အစရှိသဖြင့် ၂ ရောင်ရွေးချယ်ဝယ်ယူနိုင်မည်ဖြစ်ပြီး ဈေးနှုန်း ၁,၁၄၀,၀၀၀ ကျပ်သတ်မှတ်ထားသည်။

Galaxy Tab A 10.5”

Galaxy Tab A 10.5” ဖြင့် သုံုးစွဲသူများသည် ၎င်းတိုု့၏ မိသားစု၊ သူငယ်ချင်း ချစ်သူခင်သူ များဖြင့် ဂိမ်းကစားခြင်း၊ သီချင်းနားထောင်ခြင်းတိုု့အပြင် အင်တာနက်တွင် အချက်အလက်များအား ရှာဖွေ ခြင်းတိုု့အား 10.5 မျက်နှာပြင်ရှိပြီး 16:10 ရှိသည့် screen-to-body အချိုးအစားတွင် ကြည့်ရှုခံစားနိုုင်ပြီဖြစ်သည်။ Dolby Atmos® အထောက်အပံ့ပါဝင်သည့် စပီကာ ၄ လုံုးအား တက်ဘလက် ၏ ထောင့်လေးနေရာတွင် ထည့်သွင်းပေးထားသောကြောင့် သုံုးစွဲသူများ၏ မိုဘိုင်းအသုံးပြုမှုအတွေ့အကြုံသည် ပိုမိုကောင်းမွန်လာမည် ဖြစ်သည်။

Samsung Galaxy Tab A 10.5’’ တွင် ကလေးငယ်များအတွက်ရည်ရွယ်သည့် Kids Mode ပါဝင်သည့်အတွက် မိဘများအနေဖြင့် မိမိတိုု့ကလေးငယ်များ ကြည့်ရှုသည့် အချက်အလက်များ ကို စိစစ်နိုုင်မည်ဖြစ်သည်။ အဆိုုပါ Kids Mode သည် တက်ဘလက်အသုံုးပြုမှုအား ရိုုးရှင်းစေပြီး ကလေးငယ်များအတွက် လွယ်ကူလုံုခြုံပြီး ပျော်ရွှင်စရာကောင်းသော အတွေ့အကြုံများ ကိုု ပေးစွမ်းနိုုင်ရန် ဒီဇိုုင်းပြုလုုပ်ထားသည်။

သုံးစွဲသူများအနေဖြင့် မိသားစု နှင့် အိမ်မှုကိစ္စများအား စီမံခန့်ခွဲရာတွင် အရည်အသွေးမြင့်ချိတ်ဆက်မှုဆိုင်ရာလုပ်ဆောင်ချက်များမှတစ်ဆင့် Samsung Galaxy Tab A 10.5” ကိုအသုံးပြု၍ ပိုမိုအဆင်ပြေပြေဆောင်ရွက်နိုင်မည်ဖြစ်သည်။ Samsung ၏ Always On နေ့စဉ်မှတ်တမ်းမှတစ်ဆင့် ပြီးပြည့်စုံသော သတင်းအချက်အလက်များအား နေ့စဉ် လွယ်ကူစွာကြည့်ရှုနိုင်သော home hub တွင် နာရီ၊ ပြက္ခဒိန်၊ ရာသီဥတုအခြေအနေများ နှင့် ဒီဂျစ်တယ်ဓာတ်ပုံများနှင့်အတူ ဖော်ပြပေးနိုင်သည်။

မြန်မာနိုင်ငံရှိသုံးစွဲသူများအနေဖြင့် Galaxy Tab A 10.5” အား အနက်ရောင် နှင့် မီးခိုးရောင်အစရှိသည်ဖြင့် အရောင်နှစ်မျိုးရွေးချယ်နိုင်မည်ဖြစ်ပြီး စက်တင်ဘာလ ၂၂ ရက်၊ ၂၀၁၈ ခုနှစ်မှစတင်၍ ဈေးနှုန်း ၆၀၅,၀၀၀ ကျပ်ဖြင့်ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။

%d bloggers like this: