0 Shares 239 Views

HTC Vive VR နဲ့ သရဲဂိမ်းဆော့ပြီး သွေးပျက်သွားတဲ့အမျိုးသမီး

Apr 25, 2016
0 239

တကယ်လို့ သင့်အနေနဲ့ VR ကို Video ကြည့်ရုံလောက်ပဲ ကြည့်မယ်ဆိုရင်တော့ ကိစ္စမရှိပေမယ့် ကြောက်မက်ဖွယ်ဂိမ်းတွေကစားရင်တော့ အသည်းတုန် အူတုန်ဖြစ်စေနိုင်တယ်ဆိုတာကို HTC Vivo VR ကိုတပ်ပြီး ဂိမ်းကစားခဲ့တဲ့ အမျိုးသမီးရဲ့ ဗီဒီယိုကို ကြည့်ပြီးသိနိုင်ပါတယ်။ ဒီဗီဒီယိုကို နော်ဝေဂိမ်းမာ စုံတွဲဖြစ်တဲ့ Karl နဲ့ Renate တို့က YouTube မှာတင်ခဲ့တာဖြစ်ပြီး ကြောက်မက်ဖွယ်ကောင်းတဲ့ ဇွန်ဘီးဂိမ်းတစ်မျိုးဖြစ်တဲ့ The Brookhaven Experiment ကိုကစားခဲ့ကြတာဖြစ်ပါတယ်။

ဒါဟာ VR ဂိမ်းတွေကို ကစားမယ့်ပုံစံကို ရှင်းလင်းစွာပြသခဲ့တာဖြစ်ပြီး လက်နက်အနေနဲ့ Pistol တစ်လက်ထဲနဲ့ ပစ်ခတ်ခဲ့ရတာဖြစ်ပါတယ်။ လက်ကိုင်ရီမု နှစ်ခုကို လက်နက်အနေနဲ့ ကောင်းစွာ ထိန်းချုပ်ခဲ့တာဖြစ်ပြီး ဂိမ်းကစားတဲ့ တစ်ပွဲလုံးမှာ ဇွန်ဘီးတွေရဲ့ တစ်ကြိမ်သာတိုက်ခိုက်တာကို ခံခဲ့ရတာဖြစ်ပေမယ့် တစ်ပွဲလုံး အထိတ်တလန့်နဲ့ အော်ဟစ်နေခဲ့တာဖြစ်ပါတယ်။

သင့်အနေနဲ့ ဒီဗီဒီယိုကိုကြည့်ကြည့်ပြီး ဘယ်လောက်ထိတ်လန့်ဖို့ ကောင်းတယ်ဆိုတာကို တွေ့ရှိနိုင်ပါတယ်။ VR တွေခေတ်စားမှုအားကောင်းလာတာနဲ့ အမျှ ဂိမ်းတွေ၊ ဂိမ်းထုတ်လုပ်တဲ့လူတွေကလည်း VR Headset တွေဘက်ကို ခြေဦးလှည့်လာတာကို တွေ့ရမှာဖြစ်ပြီး Sony က ဂိမ်းကုမ္ပဏီတွေထဲမှာ အဦးဆုံးအနေနဲ့ PlayStation VR Headset ကိုတီထွင်ထုတ်လုပ်လာခဲ့ပါတယ်။ Samsung, HTC နဲ့ Facebook တို့ကလည်း ကိုယ်ပိုင် VR တွေထုတ်လုပ်ပြီး ဈေးကွက်ချဲ့ထွင်လာတာကိုတွေ့ရမှာဖြစ်ပါတယ်။

Ref: Independent

You may be interested

ဝန်ထမ်းတွေရဲ့ ကိုယ်ထဲကို Micro Chips တွေ ထည့်သွင်းခဲ့လို့ ဝေဖန်ခံနေရတဲ့ နည်းပညာကုမ္ပဏီ
Chipset, Knowledge, Mobiles & Tablets
360 shares568 views

ဝန်ထမ်းတွေရဲ့ ကိုယ်ထဲကို Micro Chips တွေ ထည့်သွင်းခဲ့လို့ ဝေဖန်ခံနေရတဲ့ နည်းပညာကုမ္ပဏီ

zayarsan - Jul 25, 2017

ဝန်ထမ်းဦးရေ အယောက် ၅၀ သာ ရှိပေမယ့် အမေရိကန်ကုမ္ပဏီလောကမှာတော့ ၀န်ထမ်းတွေရဲ့ ခန္ဓာကိုယ်ထဲကို MicroChips တွေ ကနဦး ထည့်သွင်းခဲ့တဲ့ ကုမ္ပဏီ ဖြစ်လာပြီး အခုအချိန်မှာတော့ အဲဒီ ကိစ္စရပ်အတွက် ဝေဖန်မှုပေါင်းများစွာ နဲ့ ရင်ဆိုင်နေရပြီး လူ့အခွင့်အရေး အဖွဲ့အစည်းများစွာကလည်း တရားစွဲဖို့အထိ…

Code ရေးနည်း သင်ပေးမယ့် အခမဲ့ ဂိမ်း (၉) ခု
FEATURES, Games, Softwares & Application
517 shares328 views

Code ရေးနည်း သင်ပေးမယ့် အခမဲ့ ဂိမ်း (၉) ခု

Ko Thuya - Jul 25, 2017

ဒီနေ့ခေတ်မှာ သင် ၀ါသနာ ပါတဲ့ ပညာရပ်များကို အွန်လိုင်းကနေ သင်ကြားနိုင်ပါပြီ။ Programming ကို လေ့လာချင်သူများအတွက်လည်း အွန်လိုင်းမှာ သင်တန်းများ၊ ၀က်ဆိုက်များစွာ ရှိနေပါပြီ။ ကုဒ်ရေးနည်း သင်ပေးတဲ့ အခမဲ့ ဂိမ်းများတောင် ပေါ်နေပါပြီ။ ဂိမ်းတစ်ခုထဲကနေ ကွန်ပြူတာ ဘာသာစကားများကို ပြည့်စုံအောင်…

ASUS က ZenFone 4 ရဲ့ ဓါတ်ပုံအရည်အသွေး ကို ၀င့်ဝင့်ကြွားကြွား ထုတ်ဖော်ပြခဲ့
ASUS, Gadgets, HUBS
274 shares197 views

ASUS က ZenFone 4 ရဲ့ ဓါတ်ပုံအရည်အသွေး ကို ၀င့်ဝင့်ကြွားကြွား ထုတ်ဖော်ပြခဲ့

zayarsan - Jul 25, 2017

ရုရှနိုင်ငံမှာ ZenFone 4 Max ကို စတင်လွှင့်ထုတ်ခဲ့ပြီးနောက် ASUS ဟာ သူရဲ့ ဗားရှင်း ZenFone 4 ရဲ့ ကင်မရာ အရည်အသွေးကို ၀င့်ဝင့်ကြွားကြွားပဲ ထုတ်ဖော်ပြသခဲ့တယ် လို့ ဆိုပါတယ်။ ထုတ်ဖော်ပြခဲ့တဲ့ ဓါတ်ပုံတွေအရ ZenFone 4…

Leave a Comment

Most from this category