Apple Event မှာ မိတ်ဆက်နိုင်တဲ့ ထုတ်ကုန်များ

စက်တင်ဘာလ ၁၂ ရက်နေ့မှာ Apple က အိုင်ဖုန်း အသစ်များကို ကြေညာတော့မှာ ဖြစ်ပါတယ်။ အိုင်ဖုန်း အသစ်များ အပြင် Apple Watch , AirPods , AirPower Charging Pad အသစ်များကိုပါ ကြေညာနိုင်ပါတယ်။ ပေါက်ကြားထွက်ပေါ်နေတဲ့ သူတို့ရဲ့ သတင်းအချက်အလက်များကို မျှဝေလိုက်ပါတယ်။

iPhone

ထုံးစံအတိုင်းပဲ ဒီပွဲရဲ့ ဇာတ်လိုက်ကျော်က အိုင်ဖုန်းပါ။ အိုင်ဖုန်း မော်ဒယ်သုံးခုကို ကြေညာမှာပါ။ အရွယ်အကြီးမားဆုံး ၆.၅ လက်မ မော်ဒယ်ကို iPhone Xs Max လို့ ခေါ်မယ်လို့ သိရပါတယ်။ အရင်ကတော့ သူ့ကို iPhone Xs Plus လို့ သိခဲ့ကြပါတယ်။

သူတို့ရဲ့ ဈေးနှုန်းများလည်း ပေါက်ကြားထွက်ပေါ်လာပါတယ်။ ဈေးအသက်သာဆုံး ၆.၁ လက်မ LCD iPhone ကို အမေရိကန်မှာ ၆၉၉ ဒေါ်လာ သတ်မှတ်ထားမယ်လို့ သိရပါတယ်။ iPhone Xs ကို ဒေါ်လာ ၇၉၉ နဲ့ iPhone Xs Max ကို ၉၉၉ ဒေါ်လာ သတ်မှတ်ထားမှာပါ။ ၅.၈ လက်မ iPhone XS ဟာ ယခင်နှစ်ထုတ် iPhone X ရဲ့ မျိုးဆက် ဖြစ်ပါတယ်။

LCD iPhone ဟာ ယခင်နှစ်ထုတ် iPhone 8 ၊ iPhone Xs ဟာ iPhone 8 Plus ၊ iPhone Xs Max ဟာ iPhone X နဲ့ ဈေးနှုန်းများ တူညီနေပါတယ်။ စွမ်းရည်မြင့် OLED ဖုန်း နှစ်လုံးဟာ Dual Rear Cameras , Stainless Steel Frames , Glass Back , AMOLED Screen များ အပါအဝင် Specifications များက တူညီကြပါတယ်။ ဒါ့အပြင် A12 Chipset , 4GB RAM , 64/256/512GB Storage များ ထည့်သွင်းထားကြမှာ ဖြစ်ပါတယ်။ iPhone X မှာ မရရှိခဲ့တဲ့ ရွှေရောင်ကိုလည်း ထုတ်လုပ်ပေးထားမှာ ဖြစ်ပါတယ်။

နောက်မော်ဒယ်တစ်ခုက တန်ဖိုးနည်း ဖြစ်ပြီး ၆.၁ လက်မ Bezel-less LCD Display ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ Face ID လည်းထည့်သွင်းထားမှာပါ။ အလူမီနီယမ် ကိုယ်ထည် ပါလာမှာပါ။ အနောက်ကင်မရာ ၁ လုံး နဲ့ 3GB RAM ထည့်သွင်းထားမယ်လို့ သတင်းထွက်နေပါတယ်။

Apple Watch Series 4

Apple Watch Series 4 မော်ဒယ်လ်တွေမှာတော့ ဒီဇိုင်းသစ်လည်းဖြစ်သွားတဲ့အပြင် Display ကလည်း ၁၅% လောက်ပိုကြီးလာလိမ့်မယ်လို့ Apple အရေး ကျွမ်းကျင်တဲ့ Ming-Chi Kuo က ခန့်မှန်းထားပါတယ်။

Display ပိုကြီးလာတဲ့ဒီဇိုင်းအသစ်နဲ့အတူ ဒီ ၄ ဆက်မြောက် Apple Watch တွေမှာ ဘက်ထရီသက်တမ်းလည်း ပိုကြာကြာခံမယ်လို့သိရပါတယ်။ ဘက်ထရီပမာဏလည်းပိုများလာပြီး ကျန်းမာရေးကိုစောင့်ကြည့်ပေးမယ့် Health Monitoring စွမ်းရည်တွေလည်းပိုကောင်းလာပါပြီ။ Display ရဲ့ဘောင်တွေပါးလာတာကြောင့် Display ဆိုဒ်ပိုကြီးသွားတာလည်း ဖြစ်နိုင်သလို Actual Display ဆိုဒ်ကို ကြီးထားတာလည်းဖြစ်နိုင်ပါတယ်။

၂၀၁၅ Apple Watch ပထမဆုံးမျိုးဆက်တွေကို မိတ်ဆက်ကတည်းက မပြောင်းလဲခဲ့တဲ့ ဒီဇိုင်းက ဒီနှစ် ၂၀၁၈ Apple Watch တွေမှာတော့ ပြောင်းလဲလာလိမ့်မယ်ထင်ပါတယ်။ ခုနကပြောခဲ့တဲ့ Health Monitoring စွမ်းရည်တွေကတော့ ဘယ်လိုတွေမြင့်လာမလဲဆိုတာ အသေးစိတ်မသိရသေးပါဘူး။ သတင်းတွေထွက်ဖူးတာကတော့ Apple အနေနဲ့ ပြင်းထန်တဲ့နှလုံးရောဂါအခြေအနေကို ကာကွယ်နိုင်ဖို့အတွက် နှလုံးခုန်နှုန်းကိုစောင့်ကြည့်သိရှိနိုင်တဲ့ Sensor တစ်ခု သုံးမယ်လို့လည်းသိရပါတယ်။

Apple ကတော့ သွေးရဲ့ဂလူးကို့စ် Level တွေကိုသိရှိနိုင်ဖို့အတွက် နည်းလမ်းတစ်ခုလည်းရှာဖွေနေဆဲပေမယ့် ဒီနည်းပညာကနည်းနည်းအလှမ်းဝေးနေသေးတာကြောင့် ၂၀၁၈ Apple Watch Update တွေမှာ သုံးလာနိုင်ဦးမယ့်ပုံမပေါ်ပါဘူး။

AirPower, AirPods & Accessories

ဒီနှစ် iPhone Event ဟာ AirPower Charging Pad ကို ကြေညာတဲ့ တစ်နှစ်ပြည့် အချိန်ဖြစ်ပါတယ်။ သူဟာ ကိရိယာသုံးခုကို တစ်ပြိုင်နက် ကြိုးမဲ့အားသွင်းပေးပါတယ်။ အဲဒီအတွက် iPhone , Apple Watch , AirPod သုံးခုစလုံးအတွက် အဆင်ပြေပါတယ်။ ကြေညာပြီးနောက်ပိုင်းမှာ သူ့ရဲ့ ဈေးနှုန်းနဲ့ ရောင်းချမယ့် အချိန်များကို မပြောသေးတာ အခုထက်ထိ ဖြစ်ပါတယ်။ ဒီပွဲမှာတော့ သူ့ရဲ့ သတင်းအချက်အလက်များကို သိနိုင်ပါတယ်။

AirPods Model အသစ်ကိုလည်း ကြေညာမယ်လို့ သတင်းထွက်နေပါတယ်။ သူ့မှာ Wireless Chip ၊ လက်သုံးစရာ မလိုဘဲ Siri ကို Activate လုပ်နိုင်ခြင်းနဲ့ ကြိုးမဲ့ အားသွင်းပေးနိုင်မယ့် Case တို့ ပါလာနိုင်ပါတယ်။

Apple က သူ့ရဲ့ ယခင် အိုင်ဖုန်း အားလုံးမှာ ထည့်သွင်းထားတဲ့ 5W USB Charger ကို ပိုမို စွမ်းရည်မြင့်တဲ့ 19W USB-C နဲ့ အစားထိုးမယ်လို့ သတင်းထွက်နေပါတယ်။ အဲဒီအတွက် အိုင်ဖုန်း အသစ်များဟာ အားသွင်းရာမှာ ပိုမို မြန်လာမှာပါ။

iOS 12 , macOS Mojave နဲ့ အခြား Software Updates များ

ဒီပွဲမှာ ဟာ့ဒ်ဝဲများကို အဓိက ကြေညာမှာ ဖြစ်ပေမယ့် iOS 12, watchOS 5 , tvOS နဲ့ macOS Mojave များကို ဖြန့်ချီမယ့် အချိန်ကို ကြေညာနိုင်ပါတယ်။ iOS 12 မှာ လုပ်ဆောင်ချက် အသစ်များ မပါဘဲ စွမ်းဆောင်ရည် ကောင်းအောင်သာ အဓိက ပြုလုပ်ထားမယ်လို့ သတင်းထွက်နေပါတယ်။ အထူးသဖြင့် အိုင်ဖုန်းနဲ့ အိုင်ပတ် အဟောင်းများမှာပါ။ ဒါပေမယ့် ဖုန်းသုံးတဲ့ အချိန်ကို တွက်ချက်ပေးတဲ့ Screen Time ၊ ပိုကောင်းတဲ့ Notifications စနစ်အသစ်များ၊ Memoji အမည်ရ Emoji များကို ကိုယ်တိုင် ပြုလုပ်နိုင်တဲ့ လုပ်ဆောင်ချက်များ ပါလာမှာပါ။

unicode

Apple Event မှာ မိတ်ဆက်နိုင်တဲ့ ထုတ်ကုန်များ

%d bloggers like this: