0 Shares 254 Views

iPhone မှာပါဝင်တဲ့ Siri ကို အသံနဲ့တင်စေခိုင်းနိုင်တဲ့အရာများ

Jan 10, 2016
0 254

iPhone နဲ့ iPad တွေမှာ ပါဝင်တဲ့ Siri ဆိုတာ အသံနဲ့ တင်စေခိုင်းနိုင်တဲ့ Apple ရဲ့ နာမည်ကျော် ဥာဏ်ရည်တု (AI) စနစ်တစ်ခုဖြစ်ပါတယ်။ iPhone ကိုင်သူတော်တော်များများဟာ Siri ကို ဟိုရှာဒီရှာခိုင်းဖို့ လောက်သာ အသုံးပြုတတ်ကြပေမယ့် တကယ်တမ်းတော့ Siri ဟာ ဒီထက်ပိုအသုံးဝင်ပါတယ်။

Siri ကို အသုံးချပြီး ဘယ်နေ့ ဘယ်အချိန်မှာ ငါ့ကိုသတိပေးဆိုပြီး reminder ထားတာမျိုး၊ မှတ်စုလိုက်မှတ်ခိုင်း တာမျိုး၊ နဲ့ သတိပေး၊နှိုးစက် alarm ပေးတာမျိုးတွေလုပ်နိုင်သလို၊ ကိုယ့်ဖုန်းရဲ့ system ကို ၀င်ပြင်တာမျိုးတွေ ပါလုပ်နိုင်ပါတယ်။

Siri ကို iOS 9 အောက်က iPhone တွေမှာ home ခလုတ်ကို ဖိနှိပ်ထားပြီး သုံးနိုင်ကာ၊ iOS 9 မှာတော့ ဖုန်းကို မကိုင်ထားရင်တောင် “Hey Siri” လို့ လှမ်းခေါ်ပြီး သုံးနိုင်ပါတယ်။

ယခုဆောင်းပါးမှာတော့၊ Siri ကို အသုံးချကာ သင်လုပ်ဆောင်နိုင်တဲ့အရာလေးတွေကို ဖော်ပြထားပါတယ်။ ဒါကိုဖတ်ကြည့်ပြီးရင် Siri ဟာ တော်တော်အသုံးဝင်ပြီး စွယ်စုံအသုံးချနိုင်တာကို သင်သိရမှာပါ။

၁။ သင်သိချင်သမျှရှာဖွေနိုင်တယ်

ဘောလုံးပွဲဘယ်လိုပြီးသွားလဲ၊ ရုပ်ရှင်ဘယ်အချိန်ပြမှာလဲစတာတွေကို သိချင်ရင် Siri ကို အသံနဲ့ စေခိုင်းကာ ရှာဖွေခိုင်းနိုင်ပါတယ်။ ဥပမာ ” Hey Siri, What movies are playing near me? ” ဆိုရင် သင့်အနီးနား တစ်ဝိုက်က ရုပ်ရှင်ရုံတွေမှာ တင်နေတဲ့ဇာတ်ကားတွေကို ဖော်ပြသွားမှာပါ။

movies_showtimes_siri_howto_updated

၂။ Reminder သတိပေးချက်ထားမယ်

ကျွန်တော်တို့ ဟာ အလုပ်တွေရှုပ်နေတဲ့အခါမျိုးမှာ ချိန်းထားတာတွေ၊ သွားစရာရှိတာတွေကို မေ့တတ်ပါတယ်။ ဒီအတွက် Siri ကို ခိုင်းနိုင်ပါတယ်။ Siri ကို ခေါ်ဆိုကာ “Hey Siri remind me to go to the gym at 3 PM” လို့ လွယ်လွယ်ပြောပြီး ၃ နာရီမှာ အားကစားခန်းမသွားဖို့ သူ့ ကိုသတိပေးခိုင်းနိုင်ပါတယ်။

ximg_5625bbf6ab645.jpg.pagespeed.gp+jp+jw+pj+js+rj+rp+rw+ri+cp+md.ic.uqem0Smlrn

၃။ Alarm ပေးမယ်

လွယ်လွယ်ကူကူပဲ ‘ Set an alarm for 8 AM” လို့ ပြောလိုက်တာနဲ့ မနက်ရှစ်နာရီထိုးရင် သင့်ကို နှိုးပေးပါမယ်။ တကယ်လို့  မနက်ခြောက်နာရီထချင်တယ်ဆိုရင်လည်း ဖုန်းထဲကနေ alarm သွားပေးနေစရာ မလိုဘဲ Siri ကို ခေါ်ကာ “Hey Siri, wake me up at 6 AM” ဆိုရင် မနက်ခြောက်နာရီထိုးတာနဲ့ သင့်ကို နှိုးပေးမှာပါ။

ximg_5625bc1811a3d.png.pagespeed.gp+jp+jw+pj+js+rj+rp+rw+ri+cp+md.ic.MwpYejRagO

၎။ ဖုန်းခေါ်မယ်

ဒါကတော်တော်အသုံးဝင်ပါတယ်။ လူတွေအများကြီးမှတ်ထားတဲ့ ကိုယ့် contact ထဲမှာ ခေါ်ချင်တဲ့လူကို ရှာနေစရာမလိုဘဲ ကိုယ်ခေါ်ချင်တဲ့လူနာမည်ကို ပြောဆိုကာ ခေါ်ဆိုနိုင်ပါတယ်။ ဥပမာ ( Call mom ) ( Call David)

ximg_5625bc2e7aa34.png.pagespeed.gp+jp+jw+pj+js+rj+rp+rw+ri+cp+md.ic.96fgy14HVg

၅။ App တွေဖွင့်မယ်

Siri ကို Hey Siri ဆိုပြီး လှမ်းခေါ်ကာ ကိုယ့်ဖွင့်ချင်တဲ့ app နာမည်ကို ပြောကာ ဖွင့်ခိုင်းနိုင်ပါတယ်။ ( ဥပမာ – Open Facebook )

 

၆။ အချိန်ရေခိုင်းမယ်

ဒါကလည်း ရိုးရိုးရှင်းရှင်းနဲ့ တော်တော်အသုံးဝင်ပါတယ်။ ဟင်းချက်တာမျိုး၊ လေ့ကျင့်ခန်းလုပ်တာမျိုးမှာ ကိုယ်လုပ်နေတာဘယ်နှစ်မိနစ်ရှိသွားပြီဆိုတာ ကြည့်စရာမလိုဘဲ Siri ကို အချိန်မှတ်ထားခိုင်းနိုင်ပါတယ်။

ximg_5625bc4e5c444.png.pagespeed.gp+jp+jw+pj+js+rj+rp+rw+ri+cp+md.ic.8XGqGomHxb

၇။ တစ်ကမ္ဘာလုံးက စံတော်ချိန်တွေကြည့်နိုင်တယ်

ကိုယ်အချိန်သိချင်တဲ့မြို့ နဲ့ နိုင်ငံနာမည်ကိုပြောကာ၊ စံတော်ချိန်ဘယ်လောက်ရှိပြီလဲဆိုတာ Siri ကို မေးနိုင်ပါတယ်။

ximg_5626f0a7108af.jpg.pagespeed.gp+jp+jw+pj+js+rj+rp+rw+ri+cp+md.ic.b87TrJzZM2

၈။ ကိုယ်မသိတဲ့၊မေ့နေတဲ့သီချင်းနာမည်ကိုတောင် သူ့ မေးနိုင်တယ်

ဒီလို လုပ်ဆောင်နိုင်တဲ့ app တွေရှိတယ်ဆိုပေမယ့်၊ လွယ်လွယ်ကူကူနဲ့ Home key လေးနှိပ်ပြီး Siri ကို သီချင်း နားထောင်ခိုင်းကာ၊ ဘာသီချင်းလဲဆိုတာမေးနိုင်တာကတော့ တော်တော်မိုက်ပါတယ်။

ximg_5625ce3eb0413.jpg.pagespeed.gp+jp+jw+pj+js+rj+rp+rw+ri+cp+md.ic.-gHW54kAoE

၉။ ကိုယ့်အကြိုက်အဆိုတော်သီချင်းကို နားထောင်မယ်

ကိုယ့်မှာထည့်ထားတဲ့ သီချင်းတွေထဲက ကိုယ့်အကြိုက်အဆိုတော်ရဲ့သီချင်းတွေကို အဆိုတော်နာမည်၊ ဒါမှမဟုတ် သီချင်းနာမည်ပြောပြီး ဖုန်းကို လက်နဲ့ ထိစရာမလိုဘဲ Siri ကို လှမ်းပြောကာဖွင့်ခိုင်းနိုင်ပါတယ်။ တကယ်လို့ ကိုယ့်ဖုန်းထဲမှာ ကိုယ်ပြောလိုက်တဲ့သီချင်းမရှိဘူးဆိုရင်တောင် Siri က Apple Music ရေဒီယိုကနေ ဖွင့်ပေးဦးမှာပါ။

ximg_5626efe7edb03.png.pagespeed.gp+jp+jw+pj+js+rj+rp+rw+ri+cp+md.ic.BXSEeRSVmA

၁၀။ အီးလ်မေး ရှာဖတ်ခိုင်းမယ်

တစ်ယောက်ယောက်ကပို့ လိုက်တဲ့ အီးမေးလ်တစ်စောင်ကိုလိုက်မရှာချင်ဘူးလား။ လွယ်ပါတယ်။ Siri ကို ရှာခိုင်းလိုက်ပါ။ ပေးပို့ သူနာမည်၊ ပေးပို့ တဲ့ရက်စွဲ၊ အကြောင်းအရာ စသဖြင့် ကိုယ်ရှာချင်တာကို ဦးတည်ရှာခိုင်းနိုင်ပါတယ်။

ximg_5626e4f2c06f9.jpg.pagespeed.gp+jp+jw+pj+js+rj+rp+rw+ri+cp+md.ic.stlKPwbcE_

၁၁။ ဖုန်း Setting ပြင်မယ်

ဒါက တကယ့်ကိုအသုံးဝင်ပါတယ်။ တစ်ခါတစ်လေ ဖုန်းထဲဝင်ပြီး setting ချိန်ရတာက နည်းနည်းလက်ဝင်ပါတယ်။ “ Hey Siri, Turn on Wi-Fi” လို့ ပြောလိုက်တာနဲ့ Wi-Fi- ဖွင့်ပေးပြီး ” Turn off Wi-Fi” ဆိုတာနဲ့ wi-fi ပိတ်ပေးသွားမှာပါ။

ximg_5625bc816b30d.png.pagespeed.gp+jp+jw+pj+js+rj+rp+rw+ri+cp+md.ic.I4XUAGEEsM

ဒါဟာ Siri တကယ်လုပ်ဆောင်နိုင်တာတွေထဲက အနည်းအကျဉ်းသာ ရှိပါသေးတယ်။ Siri ကို အသံနဲ့ တင်ခိုင်းစေပြီး သင့်အတွက် အသုံးဝင်တာတွေ စေခိုင်းနိုင်ပုံကို  ဆက်လက်ဖော်ပြသွားပါမယ်။

Ref: howtogeek

 

You may be interested

iPhone X ကို ကြိုတင်မှာယူမှု သန်း ၅၀ ကျော် ရှိနိုင်
Apple, HUBS, Mobiles & Tablets
0 shares0 views

iPhone X ကို ကြိုတင်မှာယူမှု သန်း ၅၀ ကျော် ရှိနိုင်

Ko Thuya - Sep 26, 2017

သုတေသနအဖွဲ့အစည်း KGI ရဲ့ ခွဲခြမ်းစိတ်ဖြာသူ Ming-Chi Kuo က Apple iPhone X ရဲ့ ကြိုတင်အမှာစာဟာ သန်း ၄၀ ကနေ ၅၀ ကျော်ရှိမယ်လို့ ခန့်မှန်းလိုက်ပါတယ်။ သူက “ ၂၀၁၄ ခုနှစ်ထုတ် iPhone…

Wear24 smartwatch ကို လွန်ခဲ့တဲ့လေးလလောက်က ရောင်းချခဲ့ပြီး ဘက်ထရီပြဿနာကြောင့် Android Police မှ မဝယ်ယူကြဖို့ တားမြစ်
smartwatch
0 shares7 views

Wear24 smartwatch ကို လွန်ခဲ့တဲ့လေးလလောက်က ရောင်းချခဲ့ပြီး ဘက်ထရီပြဿနာကြောင့် Android Police မှ မဝယ်ယူကြဖို့ တားမြစ်

Zar Ni Nyein Tun - Sep 26, 2017

Verizon Wireless ရဲ့ 4G LTE-connect ဖြစ်တဲ့ Wear24 ကို မေလက $ 300 နဲ့ စတင်ေ၇ာင်းချခဲ့တာဖြစ်ပါတယ်။ဒီ smartwatch ဟာ Google ရဲ့ Android Wear 2 software နဲ့ 1.4-inch…

Vivo မှ Selfie အသားပေး နောက်ဆုံးပေါ် V7+အား မြန်မာဈေးကွက်သို့ ယူဆောင်လာ
Tech Update, Vivo
103 shares144 views

Vivo မှ Selfie အသားပေး နောက်ဆုံးပေါ် V7+အား မြန်မာဈေးကွက်သို့ ယူဆောင်လာ

Zar Ni Nyein Tun - Sep 26, 2017

 သက်တမ်းအရ နုပေမယ့် ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်းတံဆိပ် အတွင်းသို့ ဝင်ရောက်လာသော Vivo က သူ့ရဲ့နောက်ဆုံးပေါ် flagship V7+ ကို မြန်မာပြည်ဈေးကွက်မှာ မနေ့က မိတ်ဆက်လိုက်တာဖြစ်ပါတယ်။။ V7+ က စမတ်ဖုန်းလောကမှာ ပထမဆုံးဖြစ်တဲ့ FullViewTM မျက်နှာပြင်နဲ့ အတူ 24MPရှိ…

Leave a Comment

Most from this category