0 Shares 227 Views

ကြိုးမဲ့အဖြစ်ကော၊ အားသွင်းပေါက်မှာပါ ထိုးသုံးနိုင်မယ့် နားကြပ်ကို Apple မူပိုင်ခွင့်တင်

Apr 26, 2016
0 227

နောက်ထွက်မယ့် iPhone 7 မှာ နားကြပ်ပေါက် ပါလာမှာမဟုတ်တော့ဘူးလို့ သတင်းတွေ ထွက်နေတာ တော်တော်ကြာပါပြီ။ Apple ဟာ iPhone အသစ်ကို ဒီထက်ပိုပါးအောင်လုပ်နေတဲ့အတွက်ကြောင့် ၃.၅ မီလီမီတာဂျက်ပင်အပေါက်ကို ဖြုတ်ပစ်တော့မယ်လို့ အတည်မပြုရသေးတဲ့သတင်းတွေအရ သိရပါတယ်။

အခုဆိုရင်တော့ Apple ရဲ့ အမေရိကန်မူပိုင်ခွင့်နဲ့ကုန်ပစ္စည်းမှတ်ပုံတင်ရုံး ကိုတင်သွင်းထားတဲ့ မူပိုင်ခွင့်မှတ်ပုံတင်လျှောက်လွှာတစ်စောင်ကြောင့် ဒီသတင်းတွေဟာ ပိုလို့တောင် ခိုင်မာလာပါပြီ။

Apple ရဲ့ မူပိုင်ခွင့်မှာ ဖော်ပြထားချက်အရ၊ ယခုနားကြပ်အတွင်းမှာ ဒေတာကြိုးမဲ့ထုတ်လွှင့်/ဖမ်းယူနိုင်တဲ့ transceiver ၊ ပရိုဆက်ဆာ၊ ဘက်ထရီနဲ့ မမ်မိုရီတွေ ပါဝင်ကြောင်းသိရပြီး၊ iPhone ပရိတ်သတ်တွေတော့ တကယ့်အမိုက်စားနားကြပ်ကို ရတော့မယ်ထင်ပါတယ်။

16615-13557-160420-Headphone-l

ဒီနားကြပ်ဟာ ကြိုးမဲ့အဖြစ်သုံးနိုင်သလို၊ ဒေတာကော ပါဝါပါ အကူးအပြောင်းလုပ်နိုင်တဲ့ iPhone Lightning အပေါက်မှာလည်း ကြိုးနဲ့ထိုးသုံးနိုင်တဲ့ hybrid နားကြပ်ဖြစ်ပါတယ်။ ကြိုးနဲ့သုံးချိန်မှာ နားကြပ်ထဲက ဘက်ထရီကို တပါတည်းအားသွင်းပေးသွားမှာဖြစ်တာကြောင့်၊ သက်သက်အားသွင်းနေစရာလိုမှာမဟုတ်ပါဘူး။

ဒီ့အပြင် ကြိုးမဲ့၊ကြိုးတပ်စနစ် တစ်ခုကနေတစ်ခုပြောင်းချိန်မှာလည်း နားကြပ်အသံက ရပ်သွားမှာမဟုတ်ဘဲ၊ ဆက်တိုက် အပြောင်းအလဲလုပ်နိုင်တယ်လို့ သိရပါတယ်။ ယခုခေတ်ကြိုးမဲ့နားကြပ်တော်တော်များများလို၊ Bluetooth နဲ့ပဲ ကြိုးမဲ့အလုပ်လုပ်မှာမဟုတ်ဘဲ၊ Bluetooth , Wi-Fi ၊ NFC စတဲ့ အလားတူ protocol တွေနဲ့ အလုပ်လုပ်နိုင်မှာပါ။

မူပိုင်ခွင့်တင်ထားတဲ့ကုန်ပစ္စည်းတွေဟာ အမြဲတမ်းတော့ တကယ့်ကုန်ပစ္စည်းအနေနဲ့ ထွက်လာတာမျိုး မရှိပေမယ့်၊ Apple အင်ဂျင်နီယာတွေအနေနဲ့ ဒီလိုနားကြပ်မျိုးကို အိုင်ဒီယာရပြီးသွားပြီဆိုတာကတော့ ကျိန်းသေနေပါတယ်။ အကယ်၍ နောက် iPhone မှာ 3.5mm ဂျက်ပင်ပေါက်ပါမလာရင်တော့၊ လက်ရှိ EarPods နားကြပ်သုံးသူတွေအနေနဲ့၊ adapter တစ်ခုလောက် ခံသုံးရမယ့်အနေအထားရှိနေပါတယ်။

Ref: Tech Radar, Engadget, Apple Insider

 

 

 

 

 

You may be interested

ရေအောက်ထဲမှာ အသုံးပြုလို့ရတဲ့ Casio ရဲ့ အကြမ်းခံ Action Camera
Camera, NEWS
211 shares26 views

ရေအောက်ထဲမှာ အသုံးပြုလို့ရတဲ့ Casio ရဲ့ အကြမ်းခံ Action Camera

Ko Thuya - Nov 22, 2017

Casio က အကြမ်းခံတဲ့ Action Camera အသစ်တစ်လုံးကို မိတ်ဆက်လိုက်ပါတယ်။ ကင်မရာဟာ ကုမ္ပဏီရဲ့ နာမည်ကျော် G-Shock Brand နဲ့ ပုံသဏ္ဍာန် ဆင်တူပါတယ်။ သူ့ရဲ့ အမည်ကတော့ G’z Eye GZE-1 ဖြစ်ပြီး အဲဒီအမည်ဟာ Casio…

OnePlus 5T နဲ့ ပတ်သက်တဲ့ သိသင့်တဲ့ အချက် လေးချက်
Android, FEATURES, HUBS
258 shares78 views

OnePlus 5T နဲ့ ပတ်သက်တဲ့ သိသင့်တဲ့ အချက် လေးချက်

Ko Thuya - Nov 22, 2017

OnePlus က သူ့ရဲ့ စွမ်းဆောင်ရည်မြင့် 5T စမတ်ဖုန်းကို မိတ်ဆက်ပြီး တစ်ပတ်အကြာမှာပဲ အချို့နိုင်ငံများမှာ ရောင်းချပေးလိုက်ပါပြီ။ သူ့ရဲ့ နာမည်ကျော် OnePlus 5 ကို ရောင်းချအပြီး ငါးလအကြာမှာ 5T ကို ရောင်းချပေးလိုက်တာ ဖြစ်ပါတယ်။ OnePlus ဟာ…

Facebook Messenger မှာ 4K resolution နဲ့ ပုံတွေ ပေးပို့နိုင်ပြီ
NEWS, Softwares & Application
352 shares576 views

Facebook Messenger မှာ 4K resolution နဲ့ ပုံတွေ ပေးပို့နိုင်ပြီ

Nwe Oo - Nov 22, 2017

အရင်က Facebook Messenger မှာ ပုံတွေပို့လိုက်တယ်ဆိုရင် ပုံတွေရဲ့ဖိုင်ဆိုဒ်ပမာဏကို ချုံ့ပြီးမှပို့တာကြောင့် မူလ resolution အတိုင်းမရဘဲ ဝါးသွားတာမျိုးတွေရှိပါတယ်။ အခုတော့ Facebook Messenger မှာ ပို့လိုက်တဲ့ resolution အတိုင်း ရနိုင်ပြီဖြစ်ပါတယ်။ ဘယ်လိုကွာသွားသလဲဆိုတာကို ပုံလေးတွေမှာကြည့်လိုက်ရအောင် အရင်တုန်းက Facebook…

Leave a Comment

Most from this category