တရုတ် လူမှုကွန်ရက် ဝီဘိုမှာ OnePlus 6T ရဲ့ ဘူးခွံ ဓါတ်ပုံများ ထွက်ပေါ်လာပါတယ်။ သူဟာ မကြာခင်က ကြေညာခဲ့တဲ့ Oppo R17 Pro နဲ့ တူညီပြီး တြိဂံပုံ Notch နဲ့ မျက်နှာပြင်အောက် လက်ဗွေရာ အာရုံခံ ကိရိယာ ထည့်သွင်းထားပါတယ်။ T Model များဟာ များသောအားဖြင့် သာမာန် မော်ဒယ်များထက် အဆင့်မြှင့်ထားမှု အနည်းငယ်သာ ရှိတတ်ပါတယ်။
T Series များရဲ့ ထုံးစံအတိုင်း သူ့ကို နိုဝင်ဘာလမှာ ကြေညာနိုင်ပါတယ်။ အဲဒီအတွက် သူ့ကို မြင်ရဖို့ နှစ်လလောက် လိုပါသေးတယ်။ မကြာခင်ကလည်း EEC (Eurasian Economic Commission) မှာ သူ့ကို မှတ်ပုံတင်ထားပါတယ်။ EEC ကနေ သူ့ရဲ့ သတင်းအချက်အလက်များ ထွက်ပေါ်ခဲ့ဖူးပါတယ်။
သူ့ရဲ့ မော်ဒယ်အမည်မှာ S6013 ဖြစ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ အစိတ်အပိုင်းများရဲ့ သတင်းကိုတော့ ဖော်ပြထားခြင်း မရှိပါဘူး။ ဒါပေမယ့် OnePlus Device များဟာ Oppo R Series များနဲ့ ဆင်တူတဲ့အတွက် သူ့မှာ မကြာခင်က ကြေညာထားတဲ့ Oppo R17 Pro မှ ဟာ့ဒ်ဝဲများ၊ လုပ်ဆောင်ချက်များနဲ့ ဒီဇိုင်းကို သုံးထားနိုင်ပါတယ်။
သူ့ရဲ့ အနောက်ဘက်မှာ ကင်မရာ နှစ်လုံး တပ်ဆင်ထားနိုင်ပါတယ်။ Oppo SuperVOOC ကို အခြေပြုထားတဲ့ Dash Charge က ပိုမိုတိုးတက်လာမှာပါ။ Notch လည်း ပါလာမှာပါ။ ဒါဟာ OnePlus 6T ရဲ့ ဈေးနှုန်းကို လျှော့ချချင်တဲ့ အတွက် ဖြစ်ပါတယ်။ လက်ရှိမှာတော့ သူ့ရဲ့ သတင်းအချက်အလက်များကို ဒီလောက်သာ သိရပါသေးတယ်။
unicode
OnePlus 6T ရဲ့ ဘူးခွံဓါတ်ပုံထွက်ပေါ်လာ