IFA 2018 မှ အလန်းစား Gadgets များ

ဥရောပရဲ့ အကြီးမားဆုံး နည်းပညာ ပြပွဲကို ဘာလင်မှာ ကျင်းပနေပါတယ်။ ကမ္ဘာအဝန်းမှ ကုမ္ပဏီများစွာက ထူးခြား ဆန်းပြားတဲ့ Gadgets များကို အပြိုင်အဆိုင်ပြသနေကြပါတယ်။ ပြပွဲကို စက်တင်ဘာလ ၅ ရက်နေ့ မတိုင်ခင် အထိ ကျင်းပမှာ ဖြစ်ပါတယ်။ လက်ရှိမှာ ပြသထားတဲ့ အလန်းဆုံး Gadgets များကို ဖော်ပြပေးလိုက်ပါတယ်။

၁။ TCL ရဲ့ BlackBerry Key2 LE

BlackBerry KEY2 LE ဟာ KEY2 ရဲ့ စွမ်းရည်နိမ့် ဗားရှင်း ဖြစ်ပြီး စီးပွားရေး လုပ်ငန်းသုံးဖို့ ရည်ရွယ်ထားပါတယ်။ သူ့မှာ Snapdragon 636 Chipset , 4GB RAM များ ထည့်သွင်းထားပါတယ်။ 32 or 64GB Internal Storage များ ရွေးချယ်နိုင်ပါတယ်။ သူ့မှာ ၄.၅ လက်မ 1080x1620p Display ထည့်သွင်းထားပြီး မျက်နှာပြင် အချိုးမှာ 3:2 ဖြစ်ပါတယ်။ မျက်နှာပြင်ကို Corning Gorilla Glass ဖြင့် ကာကွယ်ထားပါတယ်။

အနောက်ဘက်မှာ 13MP Main Camera နဲ့ 5MP Secondary Camera ကို တပ်ဆင်ထားပါတယ်။ အရှေ့ဘက်မှာ 8MP Camera ထည့်သွင်းထားပါတယ်။ 3000mAh Battery ပါလာပြီး ၂၂ နာရီ အသုံးခံတယ်လို့ ကုမ္ပဏီက ပြောပါတယ်။

သူ့မှာ Android 8.1 ထည့်သွင်းထားပြီး App Lock , Dual Apps စတဲ့ အသုံးဝင်တဲ့ လုပ်ဆောင်ချက်များ ပါလာပါတယ်။ KEY2 ကို အလူမီနီယမ် ဖရိမ်ဖြင့် တည်ဆောက်ထားပေမယ့် KEY2 LE ကိုတော့ ပလတ်စတစ်ဖြင့်သာ ဖန်တီးထားပါတယ်။ Spacebar Key ရဲ့ အောက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာကို မြှပ်နှံထားပါတယ်။

KEY2 LE ကို ရောင်းချမယ့် အချိန်ကို မသိရသေးပါဘူး။ 32GB Model ကို ၃၉၉ ဒေါ်လာနဲ့ 64GB Model ကို ၄၄၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။

၂။ Sony ရဲ့ ရေစိုခံတဲ့ စပီကာ

ဆိုနီက စပီကာ အသစ်တစ်ခုကို IFA 2018 ပွဲမှာ ပြသလိုက်ပါတယ်။ သူ့ရဲ့ အမည်မှာ Sony SRS-XB501G ဖြစ်ပြီး အကြမ်းခံတဲ့ စပီကာကို အလိုရှိသူများအတွက် သင့်တော်ပါတယ်။ သူဟာ ရေစိုခံပါတယ်။ ဖုန်များ မဝင်အောင်လည်း ကာကွယ်ပေးပါတယ်။ သူ့မှာ Google Assistant ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက်ပါလာတာ ဖြစ်ပါတယ်။ သူ့ကို အသံအမိန့်များဖြင့် အလုပ်များ ခိုင်းစေနိုင်ပါတယ်။ အင်တာနက်မှာ ရှာဖွေမှုများ ပြုလုပ်ခြင်း၊ မေးခွန်းများ မေးခြင်း၊ ရာသီဥတု သတင်းအချက်အလက်များ မေးခြင်းများ အပါအဝင် အလုပ်များစွာကို ခိုင်းစေနိုင်ပါတယ်။ ဒေါ်လာ ၃၀၀ ဖြင့် အောက်တိုဘာလမှာ ရောင်းချမှာပါ။

၃။ ဒေါ်လာ ၃၇၇၀ တန် Bang & Olufsen ရဲ့ Rolling Speaker

ဒိန်းမတ်ရဲ့ နာမည်ကျော် Bang & Olufsen က စပီကာ အသစ်တစ်ခုကို ပြသလိုက်ပါတယ်။ သူ့ရဲ့ ပုံသဏ္ဍာန်က ထူးခြားပြီး ဘီးလုံးနဲ့ တူပါတယ်။ Beosound Edge လို့ အမည်ပေးထားပြီး သူ့ကို စားပွဲပေါ် တင်ထားနိုင်သလို နံရံမှာ ချိတ်ထားနိုင်ပါတယ်။ သူ့ရဲ့ ထူးခြားချက်က လူတစ်ဦး သူ့အနားကပ်လာရင် မီးသီး ဖွင့်ပေးပြီး သူ့ကို ဘယ် သို့မဟုတ် ညာဘက်သို့ လှိမ့်လိုက်ရင် အသံကို ချိန်ညှိနိုင်ပါတယ်။ သူ့မှာ ÄirPlay 2 , Chromecast 2 , Bluetooth များပါပါတယ်။ Alexa , Google Assistant တို့လို Voice Assistant များနဲ့လည်း တွဲဖက် သုံးနိုင်ပါတယ်။

၄။ Sennheiser ရဲ့ ဒေါ်လာ ၃၀၀ တန် စွမ်းရည်မြင့် ကြိုးမဲ့ နားကြပ်

Sennheiser က Momentum True Wireless Earbuds ကို ပြသလိုက်ပါတယ်။ အသံထွက် အရည်အသွေး မြင့်မားပြီး သယ်ဆောင်ရလွယ်ကူပါတယ်။ ရေစက်ရေပေါက်များနဲ့ ချွေးများရဲ့ ဒဏ်ကို ခံနိုင်ပါတယ်။ ဘက်ထရီ သက်တမ်းမှာ ၄ နာရီဝန်းကျင် ဖြစ်ပါတယ်။ Siri နဲ့ Google Assistant တို့လို Voice Assistant များပါတဲ့အတွက် အသံအမိန့်များဖြင့်သူ့ကို ခိုင်းစေနိုင်ပါတယ်။ ဥပမာအားဖြင့် သီချင်းများ ဖွင့်ခြင်း၊ သီချင်း ကျော်ခြင်းများကို ပြုလုပ်နိုင်ပါတယ်။ Case ထဲမှာ ထည့်ထားခြင်းဖြင့် အားသွင်းနိုင်ပါတယ်။ ၂၉၉ ဒေါ်လာ သတ်မှတ်ထားပြီး နိုဝင်ဘာလလယ်မှာ ရောင်းမှာပါ။

၅။ နှလုံးခုန်နှုန်း တိုင်းတာပေးတဲ့ Falster 2

Skagen က Falster 2 Smartwatch ကို ပြသလိုက်ပါတယ်။ သူဟာ ယခင်နှစ်ထုတ် Falster Smartwatch ရဲ့ မျိုးဆက်သစ်ဖြစ်ပါတယ်။ Falster 2 ဟာ ယခင်မျိုးဆက်ရဲ့ ဒီဇိုင်းနဲ့ အလွန် တူညီပါတယ်။ ဒါပေမယ့် စွမ်းရည် အသစ်များ ပါလာပါတယ်။ မော်ဒယ် အသစ်မှာ GPS Tracking , Heart Rate Tracker နဲ့ ရေကူးရင် ဝတ်ဆင်ထားနိုင်တဲ့ စွမ်းရည်များ ပါလာပါတယ်။ Watch Face အသစ်များနဲ့ ပရိုဂရမ် ရေးဆွဲထားနိုင်တဲ့ ခလုတ်များ ပါလာပါတယ်။ ၂၇၅ ဒေါ်လာ သတ်မှတ်ထားပြီး ရောင်းချမယ့် အချိန်ကို မသိရသေးပါဘူး။ နှင်းဆီရွှေ၊ ငွေ၊ အညိုနဲ့ အနက်ရောင်များ ထုတ်လုပ်ပေးထားပါတယ်။

၆။ ဒေါ်လာ ၁၆၀ တန် Polaroid OneStep+

Polaroid က IFA 2018 ပွဲမှာ OneStep+ Camera ကို ပြသလိုက်ပါတယ်။ သူဟာ ယခင်မျိုးဆက်ထက် Selfie Photo များ ရိုက်ကူးရာမှာ ပိုမို အဆင်ပြေလာပါတယ်။ သူ့ကို စမတ်ဖုန်းမှ Polaroid Originals App နဲ့ ချိတ်ဆက်လိုက်မယ်ဆိုရင် Shooting Modes များစွာကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ နောက်ခံမှုန်ဝါးတဲ့ ဓါတ်ပုံများ ရိုက်ကူးနိုင်ပြီး Double Exposures , Long Exposures များကို App ကနေ ဖန်တီးနိုင်ပါတယ်။ ၃၂ ပေ အကွာအဝေးကနေ ဓါတ်ပုံရိုက်ကူးနိုင်တဲ့ Remote Trigger လုပ်ဆောင်ချက်လည်း ပါပါတယ်။

၇။ Screen ၂ ခု ပါတဲ့ Lenovo Yoga Book C930

Lenovo က ဒီဇိုင်းဆန်းသစ်တဲ့ Yoga Book C930 ကို ပြသလိုက်ပါတယ်။ သူ့မှာ မျက်နှာပြင် နှစ်ခု ပါပါတယ်။ ကီးဘုတ် နေရာမှာ E Ink Screen နဲ့ အစားထိုးထားပါတယ်။ E Ink Display ကို ကီးဘုတ်လိုလည်း သုံးနိုင်ပြီး စာရိုက်တဲ့ အခါမှာ တုန်ခါတဲ့ Haptic Feedback ကို ခံစားရစေပါတယ်။

သူ့မှာ Windows 10 နဲ့ 7th Gen Intel Processors များ ထည့်သွင်းထားပါတယ်။ မျက်နှာပြင်နှစ်ခုကို ဆက်ထားတဲ့ အဆက်ကို ၃၆၀ ဒီဂရီ ခေါက်ချိုးနိုင်တဲ့အတွက် လက်ပ်တော့လိုရော တက်ဘလက်လိုပါ သုံးနိုင်ပါတယ်။ သူနဲ့ တွဲဖက် သုံးဖို့ ဒစ်ဂျစ်တယ် ဘောပင်ကို ထည့်ပေးထားပါတယ်။ ဘောပင်ဖြင့် E Ink Display မှာ စာရေးခြင်း၊ ပုံဆွဲခြင်းများ ပြုလုပ်နိုင်ပါတယ်။

သူ့ရဲ့ အခြေခံ မော်ဒယ်ရဲ့ ဈေးနှုန်းမှာ ၉၉၉.၉၉ ဒေါ်လာဖြစ်ပြီး အောက်တိုဘာလမှာ ရောင်းချမှာ ဖြစ်ပါတယ်။ တန်ဖိုးကြီး မော်ဒယ်ရဲ့ ဈေးနှုန်းကိုတော့ မသိရသေးပါဘူး။ သူ့မှာ ပိုမို မြန်တဲ့ ပရော်ဆက်ဆာနဲ့ LTE ဆက်သွယ်မှုများ အပို ပါလာမှာ ဖြစ်ပါတယ်။

လီနိုဗိုက ယခင်နှစ်ထုတ် Yoga Book ထက် များစွာ အဆင့်မြှင့်ထားပါတယ်။ မော်ဒယ် အသစ်များမှာ ပိုမို ကောင်းတဲ့ ပရော်ဆက်ဆာ၊ ပိုများတဲ့ USB-C Port ၊ လက်ဗွေရာ အာရုံခံ ကိရိယာ၊ E Ink Display များ ပါလာပါတယ်။

unicode

IFA 2018 မှ အလန်းစား Gadgets များ

%d bloggers like this: