Snapdragon 845 ထက် ပိုကောင်းမယ့် 7nm Kirin 980 ကို Huawei ကြေညာ

ဟွာဝေးက IFA ပွဲမှာ Kirin 980 အမည်ရ System-on-a-chip ကို ကြေညာလိုက်ပါတယ်။ သူဟာ ကမ္ဘာ့ ပထမဆုံး 7nm Mobile Processor ဖြစ်ပါတယ်။ 1.4Gbps အမြန်နှုန်းကို ထောက်ပံ့တဲ့ Cat.21 စမတ်ဖုန်း မိုဒမ်ပါတဲ့ ပထမဆုံး ပရော်ဆက်ဆာ ဖြစ်ပါတယ်။ Kirin 980 မှာ Core ၈ ခုပါပါတယ်။ စွမ်းရည်မြင့် Cortex-A76 Core ၂ ခု၊ စွမ်းအင်စားသုံးမှု သက်သာတဲ့ Cortex-A76 Core ၂ ခုတို့ပါဝင်ပါတယ်။ နောက်ထပ် Core ၄ ခုက စွမ်းရည်နိမ့် Cortex-A55 များ ဖြစ်ပါတယ်။ ဟွာဝေးက Core များဟာ သင့်တော်တဲ့ အလုပ်များကို လုပ်စေဖို့အတွက် Flex-Scheduling နည်းပညာကို ဖန်တီးထားပါတယ်။

Clock Speed များကို မဖော်ပြထားပေမယ့် ဟွာဝေးက ယခင်မျိုးဆက်များထက် ပိုမြန်မယ်လို့ ပြောပါတယ်။ SoC မှာ မေလမှာ ကြေညာခဲ့တဲ့ Mali-G76 GPU ကို သုံးထားပါတယ်။ သူဟာ Kirin 970 မှာပါတဲ့ ယခင် မျိုးဆက် Mali-G72 ထက် စွမ်းရည် ပိုမို မြင့်မားလာပြီး စွမ်းအင် စားသုံးမှု နည်းပါးလာပါတယ်။ Kirin 980 ဟာ P20 , P20 Pro များမှာ ပါတဲ့ Kirin 970 ထက် စွမ်းရည် ၃၇ ရာခိုင်နှုန်း ပိုမို မြင့်မားလာပါတယ်။

Kirin 980 မှာ ထရန်စစ်စတာပေါင်း ၆.၉ ဘီလီယမ် ပါပါတယ်။ ဒါပေမယ့် သူဟာ လက်မ အရွယ်လောက်တောင် မရှိပါဘူး။ ဟွာဝေးက Kirin 980 ကို Qualcomm Snapdragon 845 နဲ့ ယှဉ်ပြိုင်ဖို့ ရည်ရွယ်ထားပါတယ်။ ဟွာဝေးက Kirin 980 ဟာ Snapdragon 845 ထက် Bandwidth အပိုင်းမှာ ၂၀ ရာခိုင်နှုန်းပို ကောင်းပြီး Latency အပိုင်းမှာ ၂၂ ရာခိုင်နှုန်း ပိုနည်းတယ်လို့ ပြောပါတယ်။ ဂိမ်းကစားတဲ့ အခါမှာ စွမ်းအင်စားသုံးမှုဟာ ၃၂ ရာခိုင်နှုန်း ပိုနည်းပါတယ်။

unicode

Snapdragon 845 ထက် ပိုကောင်းမယ့် 7nm Kirin 980 ကို Huawei ကြေညာ

%d bloggers like this: