ပြင်ပ ကမ္ဘာကို ရောက်လာတော့မယ့် သိပ္ပံဇာတ်ကား ဆန်ဆန် နည်းပညာများ

နည်းပညာ အသစ်တွေကတော့ အရှိန်အဟုန် ပြင်းပြင်းနဲ့ ထိုးဖောက်လာနေပါတယ်။ မဖြစ်နိုင်ဘူးလို့ ထင်ရတဲ့ နည်းပညာတွေက အချိန်တိုအတွင်းမှာ ဖြစ်လာတာတွေလည်း ရှိနေပါတယ်။ ချပ်ဝတ်တန်ဆာ ကွန်ပြူတာ များဟာ ရေပန်းစားလာနေပါပြီ။ ဒီလိုပဲ နည်းပညာနယ်ပယ်ထဲကို အရှိန်အဟုန်ပြင်းပြင်းနဲ့ ဝင်ရောက်လာမယ့် အသစ်အဆန်းများလည်း ရှိနေပါတယ်။ Oculus Rift ရဲ့ Virtual Reality နည်းပညာကလည်း လူတွေအတွက် များစွာ အကျိုးပြုလာနိုင်ပါတယ်။ ဒီဆောင်းပါးမှာ မကြာခင်မှာ ဖြစ်လာတော့မယ့် သိပ္ပံရုပ်ရှင်ဇာတ်လမ်းဆန်ဆန် နည်းပညာများကို ဖော်ပြလိုက်ပါတယ်။

၁။ Jet Pack International H202

Jet Pack လို့ခေါ်တဲ့ ကျောမှာ ဝတ်ဆင်ရပြီး မိုးပျံနိုင်တဲ့ ကိရိယာဟာ မကြာခင်မှာ အမှန်တကယ် ဖြစ်လာတော့မှာပါ။ H202 နဲ့ H202-Z Jetpacks များဟာ ဟိုက်ဒရိုဂျင် ပီရိုဆိုဒ် စွမ်းအင်သုံး Jetpack များဖြစ်ပြီး အမြင့်ပေ ၂၅၀ ကနေ တစ်နာရီလျှင် ၇၇ မိုင်နှုန်းဖြင့် ပျံသန်းနိုင်ပါတယ်။ အများဆုံး အနေဖြင့် ၃၃၀၀ ပေ အထိ ပျံသန်းနိုင်ကြပါတယ်။ အဲဒီ Jet Pack များကို လက်ရှိမှာ ရောင်းချပေးခြင်း မရှိသေးပေမယ့် ဒေါ်လာ ၁ သိန်းလောက်တန်ကြေးရှိပါတယ်။

၂။ Aerofex Aero – X

Star War Fan များအတွက်တော့ Aerofex Aero – X ဟာ ရုပ်ရှင်ထဲက မြန်နှုန်းမြင့် မော်တော်ဆိုင်ကယ်လို ဖြစ်ပါတယ်။ Aero – X ကို ၁၅ နှစ်ကျော်ကြာ သုတေသနပြုလုပ်၍ တီထွင်ခဲ့တာ ဖြစ်ပါတယ်။ မြင်းကောင်ရေ ၂၄၀ အားရှိတဲ့ အင်ဂျင်ဖြင့် မောင်းနှင်တာ ဖြစ်ပြီး အမြင့် ၁၂ ပေမှာ တစ်နာရီလှျှင် ၄၅ မိုင်နှုန်းဖြင့် မောင်းနှင်နိုင်ပါတယ်။ သူက ၃၁၀ ပေါင် အလေးချိန်ကိုလည်း သယ်ဆောင်နိုင်ပါတယ်။ Deposit ဒေါ်လာ ၅၀၀၀ ပေးသွင်း၍ ကြိုတင်မှာယူနိုင်ပြီး ရောင်းချချိန်မှာ ဒေါ်လာ ၈၅၀၀၀ တန်ကြေးရှိမှာပါ။

၃။ ထိတွေ့ အာရုံခံနိုင်တဲ့ လက်အတု

ဥရောပမှ အင်ဂျင်နီယာများနဲ့ သိပ္ပံပညာရှင်များက ထိတွေ့အာရုံခံနိုင်တဲ့ လက်အတုကို တီထွင်ထားပါတယ်။ လက်အတုက လက်အစစ်ရဲ့ Nerves ကြောများနဲ့ ဆက်သွယ်၍ အလုပ်လုပ်နိုင်ပါတယ်။ အဲဒီအတွက် လက်အတုကို လက်အစစ်လို ထိန်းချုပ်နိုင်ပါတယ်။ လက်အတုက ဖိအားကိုလည်း အာရုံခံနိုင်ပါတယ်။

၄။ TALOS “ Iron Man Suit “

TALOS ရဲ့ အရှည်ကတော့ Tactical Assault Light Operator Suit ဖြစ်ပြီး လာမယ့် ၄ နှစ်အတွင်းမှာ တီထွင်နိုင်မယ့် စွမ်းရည်မြင့် တိုက်ခိုက်ရေး ဝတ်စုံဖြစ်ဖို့ အမေရိကန် စစ်တပ်က မျှော်လင့်ထားပါတယ်။ TALOS က အထူး စစ်ဆင်ရေးများအတွက် တိုက်ပွဲဒဏ်နဲ့ မီးလောင်မှုကိုလည်း ခံနိုင်ရည်ရှိပါတယ်။ TALOS ဟာ လက်ရှိမှာ နမူနာ ပုံစံသာ ရှိသေးပေမယ့် စွမ်းရည်ပြည့်ဝနေပါတယ်။ အမေရိကန် စစ်တပ်မှ ပြောရေးဆိုခွင့်ရှိသူက ယခုနှစ် ဇွန်လမှာ တီထွင်မှု အောင်မြင်မယ်လို့ ပြောပါတယ်။

၅။ Titan Arm

Titan Arm ကို ပင်ဆယ်လ်ဗေးနီးယား တက္ကသိုလ်မှ ပညာရှင်များက တီထွင်ထားတာ ဖြစ်ပါတယ်။ သူက လူ့ကိုယ်ခန္တာ အပေါ်ပိုင်းမှာ ဝတ်ဆင်ရတဲ့ စက်ရုပ်ဝတ်စုံဖြစ်ပြီး နိုင်နင်းတဲ့ အလေးချိန်ထက် ပေါင် ၄၀ ပိုမို မနိုင်ပါတယ်။ သူ့ကို လက်ထိခိုက်ထားသူများနဲ့ လေဖြတ်ထားသူများအတွက် ဖန်တီးထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ကာယလုပ်သားများအတွက်လည်း အသုံးဝင်ပါတယ်။ ကုန်ကျစားရိတ် သက်သာစေဖို့ Titan Arm ကို 3D Printing နည်းပညာဖြင့် ထုတ်လုပ်ထားပါတယ်။ စတာလင်ပေါင် ၁၂၀၀ လောက်အထိ လျှော့ချဖို့ ရည်ရွယ်ထားပါတယ်။

၆။ Super Maglev Train

တရုတ် သုတေသန ပညာရှင်များက ရထားသယ်ယူပို့ဆောင်ရေး ကဏ္ဍကို အဆင့်တစ်ဆင့် မြှင့်တင်လိုက်ပါတယ်။ သူ့ရဲ့ ရထားသယ်ယူပို့ဆောင်ရေး စနစ်ကို Maglev လို့ အမည်ပေးထားပါတယ်။ တရုတ်နဲ့ ဂျပန်မှာ Maglev Train များကို အသုံးပြုနေကြပြီး တစ်နာရီလျှင် ၂၆၀ မိုင်နှုန်းဖြင့် မောင်းနှင်နိုင်ပါတယ်။ နောက်မျိုးဆက် Maglev နည်းပညာကို Super Maglev လို့ ခေါ်ပြီး ဒီထက် လျှင်မြန်မှာ ဖြစ်ပါတယ်။ Super Mglev ဟာ Maglev နည်းပညာအပေါ်မှာပဲ အခြေပြု ဖန်တီးထားတာ ဖြစ်ပါတယ်။ လေခုခံမှု မရှိအောင် ရထားကို Tube အထဲမှာ မောင်းနှင်စေမှာ ဖြစ်ပါတယ်။ တစ်နာရီလျှင် ၁၈၀၀ မိုင်နှုန်းဖြင့် မောင်းနှင်နိုင်မှာပါ။

၇။ 3D Printed Food

3D Printing နည်းပညာဟာ တစ်ဟုန်ထိုး ရေပန်းစားလာနေပါတယ်။ ဒီနည်းပညာက Gadgets များအပြင် အစားအစာများကိုလည်း ထုတ်လုပ်ပေးနိုင်ပါတယ်။ ဂျာမနီ ကုမ္ပဏီ Biozoon က စားလိုက်တဲ့အခါမှာ ပါးစပ်ထဲမှာ ပျော်ဝင်သွားနိုင်တဲ့ ပေါင်ဒါအမှုန့်များကို 3D Printing နည်းပညာဖြင့် ထုတ်လုပ်နေပါတယ်။ ဒီအစားအစာများကို ကိုယ်ခန္တာ မသန်စွမ်းသူများနဲ့ ဝေဒနာရှင်များအတွက် ရည်ရွယ်ထားပါတယ်။

၈။ မြန်နှုန်းမြင့် ကြိုးမဲ့ အားသွင်းစနစ်

လက်ရှိ ကြိုးမဲ့ အားသွင်းစနစ်များမှာ အားသွင်းပေးတဲ့ Pad များကို မှီခိုနေရပါတယ်။ Korea Advanced Institute of Science and Technology မှ ပညာရှင်များက အဝေးကြီးကနေ ကြိုးမဲ့ အားသွင်းပေးနိုင်တဲ့ နည်းပညာကို တီထွင်လိုက်ပါတယ်။ သူတို့ရဲ့ နည်းပညာက ၁၅ ပေ အကွာအဝေးအတွင်းမှာတောင် အားသွင်းပေးနိုင်ပါတယ်။ သူတို့ရဲ့ နည်းပညာကို Dipole Coil Resonant System (DCRS) လို့ အမည်ပေးထားပြီး စမတ်ဖုန်း အလုံး ၄၀ ကို အားဖြည့်ပေးနိုင်ပါတယ်။

၉။ StoreDot ရဲ့ အလွန်လျှင်မြန်စွာ အားသွင်းနိုင်တဲ့ ဘက်ထရီ

Nanotechnology Company တစ်ခု ဖြစ်တဲ့ StoreDot က မကြာသေးခင်က နောက်မျိုးဆက် ဘက်ထရီ တစ်ခုကို မိတ်ဆက်လိုက်ပါတယ်။ StoreDot က ဘက်ထရီ အားသွင်းတဲ့ စွမ်းရည်ကို တိုးမြှင့်ပေးဖို့အတွက် Bio-Organic “ Nanodots “ များကို အသုံးပြုထားပါတယ်။ သူ့ရဲ့ ဘက်ထရီကို စက္ကန့် ၃၀ အတွင်းမှာ အားအပြည့်ဖြည့်ပေးနိုင်ပါတယ်။

ref : hongkiat

unicode

ပြင်ပ ကမ္ဘာကို ရောက်လာတော့မယ့် သိပ္ပံဇာတ်ကား ဆန်ဆန် နည်းပညာများ

%d bloggers like this: