Honor Play ကို ကမ္ဘာအဝန်းမှာ ရောင်းပြီ

ဟွာဝေးက အိန္ဒိယမှာ Honor Play ကို ကြေညာခဲ့ပြီးပါပြီ။ သူဟာ ဂိမ်း စမတ်ဖုန်း တစ်လုံး ဖြစ်ပါတယ်။ အခုတော့ သူ့ကို ကမ္ဘာအဝန်းမှာ ရောင်းချပေးလိုက်ပါပြီ။ ဥရောပနဲ့ မြောက်အမေရိက အပါအဝင် နိုင်ငံများစွာမှာ ရောင်းချမှာပါ။ ဟွာဝေးက PUBG နဲ့ ပူးပေါင်းထားပြီး ဖုန်းဟာ ဂိမ်းမှာ သုံးတဲ့ သေနတ် အမျိုးအစား အပေါ် မူတည်ပြီး မတူညီတဲ့ တုန်ခါမှုများကို ပံ့ပိုးပေးပါတယ်။

Player Edition Red နဲ့ Player Edition Black အရောင်များ ထုတ်လုပ်ပေးထားပါတယ်။ 4/64GB ကို ယူရို ၃၂၉ သတ်မှတ်ထားပါတယ်။ သူ့ရဲ့ Specs များကို ပြန်လည် ဖော်ပြလိုက်ပါတယ်။ Kirin 970 Chipset ထည့်ပေးထားတာက အရမ်းတန်နေတာပါ။ စွမ်းဆောင်ရည်မြှင့်တင်ဖို့ GPU Turbo ကိုလည်း ထည့်ပေးထားပါတယ်။ ၆.၃ လက်မ 1080x2280p Display တပ်ဆင်ထားပြီး မျက်နှာပြင် အချိုးမှာ 19:9 ဖြစ်ပါတယ်။ 3D Game Sound များနဲ့ 7.1 Channel Virtualization ကို ထောက်ပံ့တဲ့ Huawei Histen အသံနည်းပညာ ထည့်သွင်းထားပါတယ်။

အရွယ်ကြီးမားတဲ့ 3750mAh Battery ထည့်သွင်းထားပါတယ်။ သူဟာ Android 8.1 Oreo အခြေပြု EMUI 8.2 ကို ထည့်သွင်းထားတဲ့ ပထမဆုံး Honor Phone ဖြစ်ပါတယ်။ 16MP+2MP Dual Rear Camera တပ်ဆင်ထားပြီး ရှုခင်းပေါင်း ၅၀၀ ကျော်ကို အာရုံခံနိုင်ပါတယ်။ ကင်မရာမှာ Kirin က ထောက်ပံ့တဲ့ ဉာဏ်ရည်တု နည်းပညာ ပါပါတယ်။ အရှေ့ဘက်မှာ 16MP Camera ပါပြီး အိုင်ဖုန်းမှာလို 3D Portrait Lighting ကို ထောက်ပံ့ပါတယ်။

Honor Play ကို ကမ္ဘာအဝန်းမှာ ရောင်းပြီ

%d bloggers like this: