iPhone XS ရဲ့ ဓါတ်ပုံများ ထွက်ပေါ်လာ

အိုင်ဖုန်း အသစ်သုံးလုံးကို မြင်ရဖို့ သိပ်မလိုတော့ပါဘူး။ စက်တင်ဘာလ ၁၂ ရက်နေ့မှာ သူတို့ကို ကြေညာတော့မှာ ဖြစ်ပါတယ်။ သူတို့ရဲ့ အမည်များကို သတ်မှတ်ဖို့ အတွက် Apple က ခေါင်းစားနေတဲ့ သတင်းများ ယခင်က ထွက်ပေါ်ခဲ့ဖူးပါတယ်။

အခုတော့ သူတို့ရဲ့ အမည်များကို ကုမ္ပဏီက အတည်ပြုလိုက်ပြီလို့ သတင်းထွက်လာပါတယ်။ iPhone X ရဲ့ မျိုးဆက်ကို iPhone XS လို့ အမည်ပေးထားပြီး ၅.၈ လက်မ မျက်နှာပြင် တပ်ဆင်ထားမှာ ဖြစ်ပါတယ်။ အရွယ်ကြီး ၆.၅ လက်မ မော်ဒယ်ကို iPhone XS Plus လို့ အမည်သတ်မှတ်ထားမှာ ဖြစ်ပါတယ်။ အဲဒီ အိုင်ဖုန်း နှစ်လုံးရဲ့ ဓါတ်ပုံများ ထွက်ပေါ်လာပါတယ်။

အဲဒီ ဖုန်း နှစ်လုံးဟာ Dual Rear Cameras , Stainless Steel Frames , Glass Back , AMOLED Screen များ အပါအဝင် Specifications များက တူညီကြပါတယ်။ ဒါ့အပြင် A12 Chipset , 4GB RAM , 64/256/512GB Storage များ ထည့်သွင်းထားကြမှာ ဖြစ်ပါတယ်။ iPhone X မှာ မရရှိခဲ့တဲ့ ရွှေရောင်ကိုလည်း ထုတ်လုပ်ပေးထားမှာ ဖြစ်ပါတယ်။ နောက်မော်ဒယ်တစ်ခုက တန်ဖိုးနည်း ဖြစ်ပြီး ၆.၁ လက်မ LCD Display ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ အလူမီနီယမ် ကိုယ်ထည် ပါလာမှာပါ။ အနောက်ကင်မရာ ၁ လုံး နဲ့ 3GB RAM ထည့်သွင်းထားမယ်လို့ သတင်းထွက်နေပါတယ်။

Ref : gsmarena

iPhone XS ရဲ့ ဓါတ်ပုံများ ထွက်ပေါ်လာ

%d bloggers like this: