အင်တာနက် အသုံးပြုသူများအတွက် ဖိုင်များကို မျှဝေနိုင်တဲ့ နည်းလမ်းများစွာ ရှိပါတယ်။ အီးမေးများ၊ Cloud Storage များကနေ မျှဝေနိုင်သလို Peer-to-Peer (P2P) နည်းလမ်းနဲ့လည်း မျှဝေနိုင်ပါတယ်။ P2P နည်းလမ်းက ဖိုင်များကို Cloud များကနေ မျှဝေတာမဟုတ်ဘဲ တစ်ကမ္ဘာလုံးက အင်တာနက် အသုံးပြုသူများကြားမှာ ဖိုင်တွေကို တိုက်ရိုက် မျှဝေကြတာ ဖြစ်ပါတယ်။ အဲဒီအတွက် Cloud Storage များလို Download Speed ကို ကန့်သတ်ခြင်းမရှိဘဲ သင့်ရဲ့ အင်တာနက် အမြန်နှုန်းကောင်းရင် ကောင်းသလို ဒေါင်းလုပ်လုပ်ရာမှာ မြန်ဆန်မှာပါ။ နောက်ပြီး P2P မှာ Resume မရတဲ့ ပြဿနာ မရှိတဲ့အတွက် ဖိုင်အရွယ်အစားကြီးမားတဲ့ ရုပ်ရှင်လို ဖိုင်များကို ဒေါင်းလုပ်ပြုလုပ်ရင် အဆင်ပြေပါတယ်။ P2P ကို အသုံးပြုရင် Bittorrent Network ကနေ ဖိုင်တွေကို မျှဝေတာဖြစ်ပြီး Torrent Downloader App များကို အသုံးပြုပြီး ဖိုင်များကို ဒေါင်းလုပ်လုပ်ရတာပါ။ Torrent များကို ဒေါင်းလုပ်လုပ်ပေးရုံသာမက တိုက်ရိုက် ကြည့်ရှုနိုင်မှာက BitX Torrent Video Player ဖြစ်ပါတယ်။ အဲဒီအတွက် Torrent များကို ဒေါင်းလုပ်လုပ်တဲ့ အချိန်ကို စောင့်စရာ မလိုတော့ပါဘူး။ သူ့မှာ ပါတဲ့ Video Player ကလည်း အစွမ်းထက်ပါတယ်။ Subtitle များကို ထည့်သွင်းနိုင်ပါတယ်။
သူ့ကို ပထမဆုံး အကြိမ်ဖွင့်ရင် အသုံးပြုနည်းကို ပြသပေးမှာပါ။ ညာဘက်ကနေ ဘယ်ဘက်သို့ ပွတ်ဆွဲပြီး ကြည့်ရှုနိုင်ပါတယ်။ နံပါတ် ၄ ခုမြောက် စကရင်မှာ ရုပ်ရှင်များ ကြည့်ပြီးတဲ့ အခါမှာ ဖိုင်ကိုသိမ်းထားမလား မေးမှာပါ။ နှစ်သက်ရာကို ရွေးပါ။
သူ့ရဲ့ Home Screen မှာ Plus Button ကို နှိပ်ပါ။
ကြည့်ချင်တဲ့ ရုပ်ရှင်ကို ရှာဖို့ Find torrent file online ကို နှိပ်ပါ။ ( သင့်ဖုန်းမှာ တောရန့်ဖိုင်ကို ဒေါင်းလုပ်လုပ်ထားပြီးသားဆိုရင် Local file ကို နှိပ်ပြီး ရွေးပေးနိုင်ပါတယ်။ )
ဒါဆိုရင် ဘရောက်စာကို ဖွင့်ပေးမှာပါ။ တောရန့် ဝက်ဆိုက်များစွာ ရှိပေမယ့် အခု နာမည်ကြီးနေတဲ့ 1337x.to ကို သွားပါ။ ဥပမာအားဖြင့် Search Box မှာ Red Sparrow လို့ ရိုက်ရှာပါ။ ဒါဆိုရင် အဲဒီ ရုပ်ရှင်များကို ပြသပေးပြီး 720p or 1080p ထဲမှ သင်နှစ်သက်ရာကို ရွေးပါ။ ဖိုင်အရွယ်အစားကို ဘေးမှာ ပြသထားပါတယ်။ သူ့ရဲ့ အောက်မှာ အစိမ်းရောင်ဖြင့် ပြသထားတဲ့ ဂဏန်း ပမာဏ များလေလေ တောရန့်ကို လျှင်မြန်စွာနဲ့ ကြည့်ရှုနိုင်လေလေ ဖြစ်ပါတယ်။
နောက် အဆင့်မှာ Magnet Download ကို နှိပ်ပါ။ ( Torrent Download ကို နှိပ်ပြီး တောရန့်ဖိုင်ကို ဒေါင်းလုပ်လုပ်နိုင်ပါတယ်။ )
ပြီးရင် BitX ကို ရွေးပါ။
ဒါဆိုရင် ရုပ်ရှင်ကို ပြသပေးဖို့ ပြင်ဆင်မှာပါ။ အချိန်ခဏစောင့်ပေးပါ။
Play Button ပေါ်လာရင် နှိပ်ပြီး ကြည့်နိုင်ပါပြီ။
Video Player မှ မီနူးကို နှိပ်ပါ။ Add subtitle file ကို နှိပ်ပြီး Subtitle ဖိုင်ကို ရွေးပေးနိုင်ပါတယ်။ (Subtitle File ကိုတော့ ကြိုတင် ဒေါင်းလုပ်လုပ်ထားပါ။ )Video Player ဟာ စွမ်းရည်မြင့်ပါတယ်။ သူ့ရဲ့ ဘယ်ဘက်အခြမ်းကို အပေါ်၊ အောက် ပွတ်ဆွဲပြီး Brightness ကို ချိန်ညှိနိုင်ပါတယ်။ ညာဘက်အခြမ်းကတော့ အသံ အတိုး၊ အကျယ်အတွက် ချိန်ညှိနိုင်ပါတယ်။
အွန်လိုင်းကနေ ရုပ်ရှင်များ တိုက်ရိုက်ကြည့်ရှုဖို့အတွက် သင့် အင်တာနက်လိုင်းဟာ အတန်အသင့် ကောင်းဖို့ လိုအပ်ပါတယ်။ မိုဘိုင်း ဒေတာ အသုံးပြုရင်တော့ ဖုန်းဘေလ်များစွာ ကုန်ကျမှာပါ။ ဝိုင်ဖိုင်နဲ့မှသာ ကြည့်ရှုဖို့ အဆင်ပြေပါတယ်။
သူ့ရဲ့ ဖိုင်အရွယ်အစားမှာ 34MB ရှိပြီး Android Version 4.0.3 နဲ့ သူ့အထက်မှာ အသုံးပြုနိုင်ပါတယ်။
unicode
အင်တာနက်မှ ရုပ်ရှင်နဲ့ တီဗီစီးရီးများကို တိုက်ရိုက် ပြသပေးမယ့် BitX Torrent Video Player
You must log in to post a comment.