Acer က IFA 2018 မှာ နောက်ဆုံးထုတ် ဂိမ်းလက်ပ်တော့ကို ပြသလိုက်ပါတယ်။ သူ့ရဲ့ အမည်မှာ Predator Triton 900 ဖြစ်ပြီး ခေါက်ချိုး လှည့်ပတ် သုံးနိုင်တဲ့ မျက်နှာပြင် ပါပါတယ်။ 4K UHD Touchscreen ဖြစ်ပြီး Nvidia G-Sync နည်းပညာ ပါပါတယ်။ သူ့ကို သာမာန် လက်ပ်တော့တစ်လုံးလို သုံးနိုင်သလို တက်ဘလက်တစ်လုံးလိုပါ သုံးနိုင်ပါတယ်။ သင် နှစ်သက်တဲ့ အနေအထားအတိုင်း မျက်နှာပြင်ကို လှည့်ပတ် သုံးနိုင်ပါတယ်။
Predator Triton 900 မှာ 4th Generation Acer Aeroblade 3D Fans များ ထည့်သွင်းထားပါတယ်။ စွမ်းရည်ပြည့် Mechanical Keyboard ပါပါတယ်။ စွယ်စုံသုံးနိုင်တဲ့ Trackpad တစ်ခု ထည့်ပေးထားပြီး သူ့အောက်မှာ Number Pad တစ်ခုကို ဖွက်ထားပါတယ်။ လိုအပ်တဲ့ အချိန်မှာ အသုံးပြုနိုင်အောင် ဖြစ်ပါတယ်။
Predator Triton 900 ရဲ့ အခြား Specifications များကိုတော့ အေဆာက မပြောသေးပါဘူး။ သူ့မှာ ထည့်သွင်းထားတဲ့ Processor , GPU များကိုလည်း မသိရသးပါဘူး။ ဈေးနှုန်းနဲ့ ရောင်းချမယ့် အချိန်ကို အေဆာက မပြောသေးပါဘူး။ Acer ရဲ့ Predator Series များရဲ့ ထုံးစံအတိုင်း စွမ်းရည် အလွန် မြင့်မားမှာ ဖြစ်ပြီး ဈေးကလည်း လန်ထွက်နေမှာပါ။
Ref : theverge
unicode
Acer က 2-in-1 Gaming Laptop ကို ပြသ
You must log in to post a comment.