LG က ကမ္ဘာ့ ပထမဆုံး 8K OLED TV ကို ပြသ

LG က ဘာလင်မှာ ကျင်းပနေတဲ့ IFA 2018 မှာ သူ့ရဲ့ ပထမဆုံး 8K OLED TV ကို ပြသလိုက်ပါတယ်။ သူဟာ ကမ္ဘာ့ ပထမဆုံး 8K OLED TV လည်း ဖြစ်ပါတယ်။ တီဗီမှာ ၈၈ လက်မ 7680×4320 Display ထည့်သွင်းထားပါတယ်။ သူ့ရဲ့ အခြား သတင်းအချက်အလက်များကိုတော့ LG က မပြောသေးပါဘူး။

ဈေးနှုန်းနဲ့ ရောင်းချမယ့် အချိန်ကိုလည်း မသိရသေးပါဘူး။ ဒါပေမယ့် သူ့ရဲ့ ဈေးက သေးမှာ မဟုတ်ပါဘူး။ LG က ၇၇ လက်မ 4K OLED TV ကို စတာလင်ပေါင် ၂၀ ၀၀၀ ( ဒေါ်လာ ၂၅ ၀၀၀ ဝန်းကျင်) ဖြင့် လွန်ခဲ့တဲ့ လေးနှစ်အကြာက ရောင်းချခဲ့ပါတယ်။ မြန်မာငွေအားဖြင့် သိန်း ၄၀၀ နီးပါး ရှိပါတယ်။ အဲဒီအတွက် ယခု 8K OLED TV ဟာ မြန်မာငွေ သိန်းထောင်ဂဏန်း ရှိနိုင်ပါတယ်။ LG က အဲဒီ တီဗီမှာ နည်းပညာ အသစ်များ ထည့်သွင်းထားမလားဆိုတာကိုလည်း မပြောသေးပါဘူး။

LG က ဇန်နဝါရီလမှာ တီဗီ အသစ်များကို ပြသခဲ့ပါတယ်။ စွမ်းဆောင်ရည်မြင့် LG W8 မော်ဒယ်နှစ်လုံးဖြစ်ပြီး အရွယ်အစားသာ ကွာခြားပါတယ်။ ၆၅ နဲ့ ၇၇ လက်မ အရွယ်များဖြစ်ပြီး 4K Resolution များဖြစ်ပါတယ်။ Dolby Vision နဲ့ တီဗီနယ်ပယ်မှ အကောင်းဆုံး HDR စံနှုန်းကို ထောက်ပံ့ပါတယ်။ HDR10 Content များကိုလည်း ပြသပေးနိုင်ပြီး Dolby Atmos , 4.2 Channel Surround Platform များပါပါတယ်။

တီဗီများဟာ Android TV များ မဟုတ်ကြဘဲ Google ရဲ့ ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက် ထည့်သွင်းထားတဲ့ webOS မောင်းနှင်ထားပါတယ်။ LG webOS မှာ Google Assistant ထည့်သွင်းထားတဲ့ ပထမဆုံး Devices များဖြစ်ကြပါတယ်။

Ref : techradar

unicode

LG က ကမ္ဘာ့ ပထမဆုံး 8K OLED TV ကို ပြသ

%d bloggers like this: