ဘာလင်မှာ ကျင်းပနေတဲ့ IFA ပွဲမှာ အေဆာက Swift 7 Model အသစ်ကို ကြေညာလိုက်ပါတယ်။ သူ့ရဲ့ အထူဟာ ၁၀ မီလီမီတာ (ဝ.၃၉ လက်မ)အောက်သာ ရှိပြီး Edge-to-edge Display ထည့်သွင်းထားပါတယ်။ မျက်နှာပြင်ရဲ့ Screen-to-body Ratio မှာ ၉၂ ရာခိုင်နှုန်း ဖြစ်ပါတယ်။ အလေးချိန်မှာ ၂.၂ ပေါင်အောက်သာ ရှိပါတယ်။ 8th Generation Intel Core i7 Processor မောင်းနှင်ထားပါတယ်။ သူဟာ ကမ္ဘာ့ အပါးလွှာဆုံး လက်ပ်တော့လို့ အေဆာက ပြောပါတယ်။
မျက်နှာပြင် အရွယ်အစားကတော့ ယခုနှစ် အစောပိုင်းမှာ ပြသခဲ့တဲ့ Swift 7 နဲ့ တူညီပြီး ၁၄ လက်မ ဖြစ်ပါတယ်။ ဒါပေမယ့် မျက်နှာပြင် ဘေးဘောင်ကို ၄.၂၇ မီလီမီတာ အထိ လျှော့ချထားပါတယ်။ မျက်နှာပြင် ဘေးဘောင်ဟာ မူလမော်ဒယ်ထက် ၁၅ ရာခိုင်နှုန်း ပါးလွှာလာပါတယ်။ လက်ပ်တော့ကို ပေါ့ပါးစေဖို့အတွက် အေဆာက မဂ္ဂနီစီယမ် ကိုယ်ထည်ကို သုံးထားပါတယ်။
သူ့မှာ Webcam ပါမလားဆိုတာ မသိရသေးပါဘူး။ ဒါမှမဟုတ် မျက်နှာပြင်ရဲ့ အောက်မှ ဘောင်မှာ ထည့်သွင်းထားနိုင်ပါတယ်။ ဒါမှမဟုတ် Huawei MateBook X Pro မှာလို ကီးဘုတ်မှာ ထည့်သွင်းထားနိုင်ပါတယ်။
အေဆာက အခြား Specifications များကိုတော့ မပြောသေးပါဘူး။ ဒါ့အပြင် ဈေးနှုန်းနဲ့ ရောင်းချမယ့် အချိန်ကိုလည်း မသိရသေးပါဘူး။ အေဆာက ယခုနှစ် အစောပိုင်းမှာ Swift 7 ကို ကြေညာစဉ်က ၁၄ လက်မထဲမှာ ကမ္ဘာမှာ အပါးလွှာဆုံး လက်ပ်တော့လို့ ပြောခဲ့ပါတယ်။
Ref ; theverge
unicode
Acer က ကမ္ဘာ့ အပါးလွှာဆုံး Laptop ကို ပြသ
You must log in to post a comment.