၅ မိနစ်အတွင်းမှာ Xiaomi Pocophone F1 အလုံးရေ ၆၈ ၀၀၀ ရောင်းချရ

India မှာ Poco F1 အမည်ဖြင့် ရောင်းချပေးခဲ့တဲ့ Xiaomi Pocophone F1 ဟာ စွမ်းရည်မြင့်မားတဲ့ ရှားရှားပါးပါး တန်ဖိုးနည်း ဖုန်းပါ။ သူ့ကို အိန္ဒိယမှာ Flipkart ကနေ ပထမအသုတ်အနေနဲ့ ရောင်းချပေးခဲ့ပါတယ်။ ရောင်းအားကတော့ အံ့မခန်း ကောင်းမွန်ခဲ့ပါတယ်။ ၅ မိနစ်အတွင်းမှာ Xiaomi Pocophone F1 အလုံးရေ ၆၈ ၀၀၀ ရောင်းချရခဲ့ပါတယ်။ ၅ မိနစ်အတွင်းမှာ စားသုံးသူ ၂ ဘီလီယမ်ကျော် အလုအယက် ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။

သူ့မှာ စွမ်းရည်မြင့် Snapdragon 845 Chipset ထည့်သွင်းထားပါတယ်။ သူဟာ Snapdragon 845 ပါတဲ့ ဈေးအပေါဆုံး ဖုန်း ဖြစ်ပါတယ်။ သူ့မှာ ၆.၁၈ လက်မ LCD Full HD+ Display တပ်ဆင်ထားပြီး မျက်နှာပြင် အချိုးမှာ 18.7:9 ဖြစ်ပါတယ်။ အရှေ့ဘက်မှာ Physical Buttons များ မပါပါဘူး။ Face Unlock အတွက် အနီအောက်ရောင်ခြည် Sensor ကို Notch မှာ ထည့်သွင်းထားပါတယ်။ မျက်နှာပြင်ကို Gorilla Glass ဖြင့် ကာကွယ်ထားပါတယ်။ Snapdragon 845 မှာ 2.8GHz Octa-Core CPU ပါပါတယ်။ 6GB or 8GB RAM များ ရွေးချယ်နိုင်ပါတယ်။ 64GB , 128GB , 256GB Storage များ ထုတ်လုပ်ပေးထားပါတယ်။

အနောက်ဘက်မှာ 12+5MP Dual Camera များ ပါပါတယ်။ Selfie Camera အတွက် 20MP ကို ထည့်ပေးထားပါတယ်။ Android Oreo အခြေပြု MIUI 9.6 ထည့်ထားပါတယ်။ ဒါပေမယ့် OS မှာ Poco Theme ကို သုံးထားပါတယ်။ Android Pie အခြေပြု MIUI 10 ကို ရရှိမှာပါ။ Quick Charge 3.0 ပါတဲ့ 4000mAh Battery ထည့်သွင်းထားပါတယ်။ ဖုန်းကို အပူ မလွန်ကဲစေမယ့် LiquidCool နည်းပညာ ပါပါတယ်။ အနက်၊ အပြာနဲ့ အနီရောင်များ ထုတ်လုပ်ထားပါတယ်။

Ref : gsmarena

unicode

၅ မိနစ်အတွင်းမှာ Xiaomi Pocophone F1 အလုံးရေ ၆၈ ၀၀၀ ရောင်းချရ

%d bloggers like this: