Huawei က Android 9.0 Pie ကို စမ်းသပ်နေတဲ့ ဖုန်းများကို ကြေညာ

ဟွာဝေးက ယခုလ အစောပိုင်းမှာ Android 9.0 Pie ကို စမ်းသပ်နေတဲ့ Huawei / Honor Smartphones များကို ကြေညာခဲ့ပါတယ်။ အခုတော့ အဲဒီ စာရင်းမှာ စမတ်ဖုန်း အသစ်ငါးလုံး ပါလာပါတယ်။ စမတ်ဖုန်း အားလုံးဟာ စွမ်းရည်မြင့် အမျိုးအစားများ ဖြစ်ပါတယ်။ သူတို့ကတော့ Mate 10, Mate 10 Porsche Design, Mate RS Porsche Design, P20 Pro နဲ့ Honor Play တို့ ဖြစ်ပါတယ်။ အဲဒီအတွက် စမ်းသပ်နေတဲ့ စမတ်ဖုန်း စုစုပေါင်းမှာ ၉ လုံး ဖြစ်သွားပါတယ်။

ဟွာဝေးက လက်ရှိအဆင့်မှာ ဆော့ဖ်ဝဲဟာ မတည်ငြိမ်သေးဘဲ Third-Party Apps များမှာ ပြဿနာ အချို့ ရှိနိုင်တယ်လို့ ပြောပါတယ်။ ဘက်ထရီစားတဲ့ ပြဿနာလည်း ဖြစ်နေပါတယ်။ ဖုန်းကို Root လုပ်လို့ မရသေးဘူးလို့လည်း သိရပါတယ်။

Update အတွက် 6GB Internal Storage လိုအပ်ပါတယ်။ ဟွာဝေးရဲ့ စမ်းသပ်တဲ့ စီမံကိန်းအတွက် Beta User ပေါင်း ၂၀၀၀ ကို ရှာဖွေနေပါတယ်။ အဲဒီအထဲက ၂၀၀ ဟာ စက်တင်ဘာလ အစောပိုင်းမှာ OS Update ကို ရရှိမှာ ဖြစ်ပါတယ်။ ကျန်တဲ့ လူများဟာ စက်တင်ဘာလနောက်ပိုင်းမှာ ရရှိကြမှာ ဖြစ်ပါတယ်။

Huawei P20 ဟာ Pro Version မတိုင်ခင် စက်တင်ဘာလမှာ Android 9.0 Pie ကို ရရှိမှာက ထူးခြားပါတယ်။

Ref : gsmarena

unicode

Huawei က Android 9.0 Pie ကို စမ်းသပ်နေတဲ့ ဖုန်းများကို ကြေညာ

%d bloggers like this: