အရေပြားပေါ်က ခရမ်းလွန်ရောင်ခြည် သက်ရောက်နေမှု ပမာဏကို ထုတ်ဖော်ပေးမယ့် ကိရိယာတစ်မျိုးကို L’Oreal က ထုတ်လုပ်ဖို့ စီစဉ်နေ

Jan 09, 2016
0 8

loreal_twitter

 

အလှကုန်ပစ္စည်းတွေထုတ်လုပ်တဲ့ L’Oreal ဆိုတဲ့အမှတ်တံဆိပ်ဟာ တစ်ကယ်တော့ CES ပွဲတော်နဲ့ ဘာမှ မဆိုင်ပါဘူး။ ဒါပေမယ့်လည်း L’Oreal အမှတ်တံဆိပ် ရဲ့  တစ်ကမ္ဘာလုံးဆိုင်ရာ ဒု-ဥက္ကဋ္ဌ ဖြစ်သူ Guive Balooch က သူတို့အနေနဲ့ ၀တ်ဆင်လို့ရတဲ့ နည်းပညာတစ်ခုကို ထုတ်လုပ်မယ့် အကြောင်း မိတ်ဆက်ပြောကြားသွားပါတယ်။

သူတို့ ထုတ်လုပ်မယ့် ၀တ်ဆင်လို့ရတဲ့ နည်းပညာဟာ ယာယီတက်တူး တစ်ခုနဲ့ ဆင်တူပါတယ်။ အိုင်ယာလန် ကုန်ထုတ်အင်ဂျင်နီယာ လုပ်ငန်းဖြစ်တဲ့ PCH နဲ့ ပူးပေါင်းပြီးထုတ်လုပ်ထားတဲ့ L’Oreal ရဲ့  နည်းပညာ ကိရိယာကို MY UV Patch လို့ခေါ်ပါတယ်။ အချင်း ၁ လက်မ သာ ရှိပြီး ၁၅ မိုက်ခရွန်သာ အထူရှိတဲ့ သင့်အရေပြား ပေါ်မှာ ကပ်ထားလိုက်တာနဲ့ သင့်ဖုန်းနဲ့ ချိတ်ဆက်ပြီး သင်ဟာ တစ်နေ့တာမှာ ခရမ်းလွန်ရောင်ခြည်(UV) ရဲ့ သက်ရောက်မှု ဒဏ်ကို ဘယ်လောက်ခံထားရတယ်ဆိုတာ ပြောပြပေးနိုင်ပါတယ်။

ထို ကိရိယာ ရဲ့ ပုံစံဟာ အသဲပုံ စတစ်ကာလေး တစ်ခုလို ဖြစ်နေပြီး ထိုကိရိယာကို ၀တ်ဆင်ခြင်းအားဖြင့် အရေပြားကင်ဆာ ဖြစ်စေနိုင်မယ့် ခရမ်းလွန်ရောင်ခြည် ရဲ့ ထိခိုက်မှုတွေကို သိရှိ လျှော့ချနိုင်မှာဖြစ်ပါတယ်။ ထို လက်မှာစတစ်ကာလို ကပ်ထားပြီး ၀တ်ဆင်ရမယ့် ကိရိယာဟာ ရေချိုးခန်းကနေ ကမ်းခြေအထိ ၀တ်ဆင်ထားလို့ရအောင် ရေစိုခံနိုင်စွမ်း ရှိပါတယ်။ ဖုန်းနဲ့ချိတ်ဆက်ပြီး အသုံးပြုဖို့အတွက် App တစ်ခုလိုအပ်မှာ ဖြစ်ပြီး ထို App ကို iOS ကိရိယာများနဲ့ Android ကိရိယာ များ အတွက် ရရှိနိုင်တယ်လို့လည်း သိရပါတယ်။

ထို ကိရိယာကို L’Oreal က ၂၀၁၆ ခုနှစ် အကုန်ပိုင်းမှာထုတ်လုပ်သွားမှာဖြစ်ပြီး L’Oreal ရဲ့အမှတ်တံဆိပ်နောက်တစ်ခုဖြစ်တဲ့ La Roche-Posay ကတဆင့် Target နဲ့ Amazon တို့လို အင်တာနက်ဈေးဝယ်စင်တာ တွေရဲ့ အကူအညီနဲ့ နိုင်ငံပေါင်း ၆၀ ကျော်ကို တင်ပို့ရောင်းချသွားမှာပါ။ ဈေးနှုန်းကိုတော့ L’Oreal က ထုတ်ဖော်ပြောကြားခြင်းမရှိသေးပါဘူး။

Ref : Gadgets 360

You may be interested

တန်ဖိုးနည်း Asus ROG Gaming Phone လာမည်
Android, ASUS, HUBS
0 shares0 views

တန်ဖိုးနည်း Asus ROG Gaming Phone လာမည်

Ko Thuya - Aug 22, 2018

Asus ROG Phone မှာ စွမ်းရည်မြင့် Snapdragon 845 Chipset နဲ့ 8GB RAM ထည့်သွင်းထားပါတယ်။ အခုတော့ RAM ပမာဏ လျှော့ထည့်ထားတဲ့ တန်ဖိုးနည်း မော်ဒယ်များကို ထုတ်လုပ်ရောင်းချမယ့် သတင်းထွက်လာပါတယ်။ တရုတ် ဆက်သွယ်ရေး ကော်မရှင်မှ…

S9 ထက် ကြိုတင်မှာယူမှု များနေတဲ့ Samsung Galaxy Note 9
Android, HUBS, Mobiles & Tablets
464 shares63 views

S9 ထက် ကြိုတင်မှာယူမှု များနေတဲ့ Samsung Galaxy Note 9

Ko Thuya - Aug 21, 2018

Samsung က မကြာခင်ကပဲ စွမ်းရည်မြင့် Galaxy Note 9 ကို မိတ်ဆက်ခဲ့ပါတယ်။ သူ့ကို တောင်ကိုရီးယားမှာ ကြိုတင်မှာယူခွင့် ပြုလိုက်ပါပြီ။ အခုတော့ တောင်ကိုရီးယားမှ Carrier တစ်ခုရဲ့ သတင်းအချက်အလက်များ အရ Note 9 ရဲ့ ကြိုတင်မှာယူမှုများဟာ…

DSLR နဲ့ ရိုက်ထားတဲ့ပုံကို Nova 3 ကင်မရာနမူနာပုံအဖြစ် အစားထိုးကြော်ငြာထားတာ လူမိသွားတဲ့ Huawei
Huawei, HUBS, Mobiles & Tablets
1274 shares179 views

DSLR နဲ့ ရိုက်ထားတဲ့ပုံကို Nova 3 ကင်မရာနမူနာပုံအဖြစ် အစားထိုးကြော်ငြာထားတာ လူမိသွားတဲ့ Huawei

Creepy Tyler - Aug 21, 2018

[Zawgyi] စမတ်ဖုန်းကင်မရာတွေ တဖြည်းဖြည်းနဲ့ ပိုကောင်းလာတယ်ဆိုပေမယ့် တကယ့် DSLR ကင်မရာကြီးတွေကိုတော့ ဘယ်လိုမှ မယှဉ်နိုင်သေးဘူးဆိုတာ အားလုံးသိကြမှာပါ။ Huawei လည်း ဒါကို သိပုံပေါ်ပါတယ်။ ဘာလို့လည်းဆိုတော့ မကြာသေးခင်ကမှ မိတ်ဆက်ခဲ့တဲ့ Nova 3 ဖုန်း ကြော်ငြာဗီဒီယိုမှာ Huawei ဟာ…

Leave a Comment

Most from this category