ယခုနှစ်ထုတ် OnePlus 6 ရဲ့ မော်ဒယ်ခွဲတစ်ခုကို ကုမ္ပဏီက ဖန်တီးနေပါတယ်။ T Series များရဲ့ ထုံးစံအတိုင်း သူ့ကို နိုဝင်ဘာလမှာ ကြေညာနိုင်ပါတယ်။ အဲဒီအတွက် သူ့ကို မြင်ရဖို့ သုံးလလောက် လိုပါသေးတယ်။ အခုတော့ EEC (Eurasian Economic Commission) မှာ သူ့ကို မှတ်ပုံတင်ထားပါတယ်။ EEC ကနေ သူ့ရဲ့ သတင်းအချက်အလက်များ ထွက်ပေါ်လာပါတယ်။
သူ့ရဲ့ မော်ဒယ်အမည်မှာ S6013 ဖြစ်ပြီး ဒီရက်ပိုင်းအတွင်းမှာ မှတ်ပုံတင်ထားတာဖြစ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ အစိတ်အပိုင်းများရဲ့ သတင်းကိုတော့ ဖော်ပြထားခြင်း မရှိပါဘူး။ ဒါပေမယ့် OnePlus Device များဟာ Oppo R Series များနဲ့ ဆင်တူတဲ့အတွက် သူ့မှာ မကြာခင်က ကြေညာထားတဲ့ Oppo R17 Pro မှ ဟာ့ဒ်ဝဲများ၊ လုပ်ဆောင်ချက်များနဲ့ ဒီဇိုင်းကို သုံးထားနိုင်ပါတယ်။
သူ့ရဲ့ အနောက်ဘက်မှာ ကင်မရာ နှစ်လုံး တပ်ဆင်ထားနိုင်ပါတယ်။ Oppo SuperVOOC ကို အခြေပြုထားတဲ့ Dash Charge က ပိုမိုတိုးတက်လာမှာပါ။ Notch လည်း ပါလာမှာပါ။ ဒါပေမယ့် မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာတော့ မပါလောက်ပါဘူး။ ဒါဟာ OnePlus 6T ရဲ့ ဈေးနှုန်းကို လျှော့ချချင်တဲ့ အတွက် ဖြစ်ပါတယ်။ လက်ရှိမှာတော့ သူ့ရဲ့ သတင်းအချက်အလက်များကို ဒီလောက်သာ သိရပါသေးတယ်။
Ref : gsmarena
unicode
OnePlus 6T ကို မှတ်ပုံတင်လိုက်ပြီ